တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, March 17, 2010

ကျွန်တော့်လက်တည့်စမ်းမှုများ (၄)



“ ဟေ့ ချမ်းမြေ့ ဘာတွေလုပ်နေလဲ ငါလာမယ်နော် ”

“ အမယ် လှထုံ ပါလား ပေါ်တော်မူကြီး နင်ဘယ်ပျောက်နေတာလဲ ”

“ အေးဟေ့ ငါလဲ ကျောင်းပြီးလို့ အိမ်မှာ ကုပ်နေတာ ဘိုးတော်၊ဘွားတော် တို့ က ပွက်နေလို့ ကျောင်းတုန်းက ဘော်ဒါတွေစုပြီး သူများ အိမ်ရှေ့ခန်းလေးငှားပြီး စာစီစာရိုက်ဆိုင်လေး ဖွင့်ထားတာ ဒါ့ကြောင့် ဘယ်မှ မထွက်နိုင်တာပါဟာ နင့်တော့ သတိရပါတယ် ”

“ ဟ ဒါဆို နင်ခိုင်နေတာပေါ့ လှထုံ ”

“ ပေါက်ကရဟယ် ခု နင့်စီလာတာ ဆိုင်မှာ အလုပ် အဆင်မပြေလို့ဟ ဆိုင်လခတောင် မနည်းရှင်းနေရတာ အိမ်ရှင် က သဘောကောင်းလို့ခဏဆိုင်းပေးလို့ တော်သေးရဲ့ ”

“ ငါလဲ အိမ်က မားသားကြီးကို မုန့်ဖိုးများများ ပေးအောင် ယတြာလုပ်မလို့ဟာ ဖတ်ဖူးတဲ့ စာတအုပ်မှာ မိဘ၊ ဘာသာရေး အမှန်တကယ် လုပ်သူကို လုပ်မရ ဆိုလို့ ငြိမ်နေရတာ နင်က တမျိုး ကဲ လာ ”

ကျွန်တော် နဲ့ လှထုံ ဟာ အထက်တန်းကျောင်း မှာ ကတည်းက ခင်နေတဲ့ ငယ်ပေါင်း သူငယ်ချင်း မလေးပါ၊ ရိုးလွန်း အလွန်း လို့ ကျောင်းက သူငယ်ချင်းတွေက ဆရာ မင်းလူ ရဲ့ ၀တ္တု ဇာတ်ကောင် ထုံတုံတုံ ကောင်မလေး နာမည်ကို နာမည်ပြောင်အဖြစ် ၀ိုင်းခေါ် ခဲ့ကြတာပါ၊ မကြာခဏလဲ ကျွန်တော့်ကို ခေါင်းစားပြီး ဗေဒင်မေးနေကြ ဗေဒင် ကို အလွန် အမင်း ယုံကြည်တတ်သူလေးပါ။

“ ကဲ ငါ့ကို တားရော့ကတ်ပြား ၃ ချပ် ရွေးပေးပါ လှထုံရာ ”

လှထုံ ရွေးပေးလိုက်တဲ့ တားရော့ကတ်လေးတွေ ကတော့ NINE of WANDS , EIGHT of SWORDS , JUSTICE တို့ပဲ ဖြစ်ပါတယ်။ နောက် သူ့ထုံးစံ အတိုင်း ငြိမ်သက်စွာ ထိုင် နားထောင်နေပါတော့တယ်။

“ လှထုံ နင်တော့ အလုပ်ရွေးမှားနေပြီ နင် နားမလည်တဲ့ ကိစ္စရပ် အချို့မှာ ထင်မှတ်မထားပဲ ၀င်ပါနေတတ်တယ် သူတပါး ရဲ့ အသုံးချမှုကို ခံရတတ်တယ် သတိထားနော် ဒီလုပ်ငန်း ကို စိတ်ကုန်နေပေမယ့်လဲ ဇွတ်မှိတ် လုပ် နေရတယ် စိတ်ချပါ သိပ်မကြာခင် အချိန်မှာ နင် ကံ အပြောင်းအလဲ ရှိနေသေးတယ် လုပ်ငန်းသစ် သော် ၄င်း၊တစုံတခုသော်၎င်း ပြောင်းလဲသွားမယ် အဆင်ပြေရင် နင့် လုပ်ဖော်ကိုင်ဖက်တွေကိုပါ ခေါ်လာပေး ဒီ့ထက် သေချာအောင် ငါလုပ် ပေးပါ့မယ် လောလောဆယ်တော့ နင် ဘုရားဈေးဘက် ရောက်ရင် လောကပါလ နတ်မင်း ရုပ်တုလေးကို ရွှေ အစစ်ချ ပြီး ဆိုင် ၀င်ပေါက်ထိပ်မှာ ထားပေးထားဟာ ကဲ ငါသိတာတော့ ဒီလောက်ပါပဲဟာ နင် မေးချင်တာ မေးပါ ”

“ တော်ပါပြီဟာ ပြည့်စုံပါတယ် အဓိက ကတော့ ဆိုင်မှာ လာဘ်ကောင်းရင် ပြီးတာပါပဲ ”

“ အေးဟ အလုပ်ဆိုတာကံပဲ အလုပ်ကောင်းရင် ကံကောင်းတာပေါ့ဟာ ကံကောင်းအောင်လဲ နေတတ်ထိုင်တတ်မှရတာ ဗုဒ္ဓေါမေသရဏံအညံနတ္တိ တဲ့ဟ ဘုရားမှတပါး ကိုးကွယ်ရာ မရှိပေါ့ဟာ အေး နင် ဘုရားလဲ မမေ့နဲ့ပေါ့ အရမ်း ဆုတောင်းပြီး ဘုရား နားညီးအောင်လည်း မလုပ်နဲ့ ကိုယ့်လုပ်ဆောင်ချက်ပေါ် မှုတည်ပြီး အောင်မြင်မှာပါ ဘာမှ မလုပ်ရင်တော့ ဘာမှ မရဘူး စိတ်သာချ ”

“ ကဲ ပြန်ဦးမယ်ဟာ ဆိုင်ဖွင့်ချိန် နောက်ကြနေပြီ ”

“ ကြည့် ပြောနေတုန်း လောဘအိုး ကဲ လစ်စေဗျာ ဆိုင်ရောင်းကောင်းရင်တော့ မုန့်လာဝယ် ကျွေးဖို့မေ့နေနော် သိလား ”

သူမလဲ ပြုံးပြုံးရယ်ရယ် နဲ့ ကျွန်တော့် ကို နှုတ်ဆက် ထွက်ခွာ သွား ပါတယ်။ အင်း ဘော်ဒါ အသီးသီးက ဟန်ကျဖို့ ကြိုးစားနေချိန်မှာ ကျွန်တော်ကတော့ အမေ ရှိရင် ငွေ ရှိတယ် ဆိုတဲ့ ဆောင်ပုဒ်လေး အတိုင်း လွယ်အိတ်တလုံးနဲ့ တွေ့ကရာ ဆရာတွေထံ ပညာ တွေ လိုက်စု နေချိန်လေးပေါ့။

နောက်တော့ တားရော့လေ့ကျင့်ခန်း စာအုပ် လေးမှာ ဒီလို မှတ်သားလိုက်ပါတယ်။

လှထုံ၊ အသက် -၂၂ နှစ်

ရွေးချယ်သော တားရော့ကတ် - NINE of WANDS , EIGHT of SWORDS , JUSTICE

ဟောချက် - လှထုံ နင်တော့ …………………………………………………..

ကတ်ပြားဖွင့်ဆိုချက်များ -

NINE of WANDS




မိမိကိုယ်ကို (၀ါ) တပါးသူများ အတွက် အကာအကွယ် ပေးရခြင်း၊ ကြားထဲက ငထွား ခါးနာရ ကိန်း၊ နောက်ကျော မလုံစွာ ခံစားနေထိုင်ရမှု၊ အထက်အမိန့် မျက်စိမှိတ် နာခံတတ်သူ၊ လုပ်မိ တဲ့ အလုပ်တွေ ပေါ် တွေဝေ တတ်သူ


EIGHT of SWORDS




ဘေးဆိုး အန္တရာယ်များ အလယ် ရောက်နေတတ်ခြင်း၊ ကြံရာမရ ထွက်ပေါက်ပိတ်မှု၊ လူပုံ အ လယ် ပြစ်တင်ဝေဖန်ခံရခြင်း၊ ရုပ် နှင့် နာမ် မတွဲမိခြင်း၊ ကြိုးပမ်းမှုများ အဟောသိကံ ဖြစ်ရကံ


JUSTICE




တရား ကို နတ်စောင့် ကိန်း၊ ဆုပေး ဒါဏ်ပေး စနစ်၊ အဖြူ အမည်း သဲကွဲစွာ ပေါ်လွင်ရကိန်း၊ လုပ်ခဲ့သမျှ အလုပ်များအတွက် ကောင်းကျိုး / ဆိုးပြစ် များ ခံစားရချိန်

ယတြာ ။ ။ လောကပါလ နတ်မင်း ရုပ်တုလေးကို ရွှေ အစစ်ချ ပြီး ဆိုင် ၀င်ပေါက်ထိပ်မှာ ထားပေးထားရန်

* တရားမျှတစွာ ဖြစ်ပေါ် ပြောင်းလဲ တိုးတက် လာရန် ရည်ရွယ်ပြီး ပေးတာပါ

ရက်များ မကြာမှီ မှာ လှထုံ တစ်ယောက် ငေါင်စင်းစင်း နဲ့ ပြန်ပေါ်လာပြန်ပါတယ်၊

“ ချမ်းမြေ့ ငါ့တော့ ငယ်ထိပ် မြွေပေါက်တာပဲဟေ့ ”

“ အာ နင်ကလဲ အဆုံး အစ မရှိ ဘာကိုပြောတာတုံး ”

“ နင် ငါ့ ကို ထောင်ဝင်စာ လာမတွေ့ရတာ ကံကောင်းဟေ့ ”

“ ဘာလဲ နင့် ဆိုင်မှာ တရားမ၀င် စာရွက်စာတမ်းတွေ ရိုက်မိလို့လား မလုပ်နဲ့လေ စည်းကမ်း လိုက်နာ ဘေးကင်းကွာ တဲ့ နင် ဒါလေးတောင် နားမလည်ဘူးလားဟ ”

“ ငတိ နားမလည်ပဲ ပြောမနေနဲ့ ဒီလိုဟေ့ ခုငှားနေတဲ့ အခန်းက ဘာလို့ထင်လဲ ”

“ လှထုံရယ် ဘယ်သိပါ့မလဲ တခါမှတောင် ညည်း ဆိုင် မလာဘူးတဲ့ဟာ ”

“ ကန်တော့ပါရဲ့ဟယ် အဲဒါကလေ ဟိုဟာလုပ်စားတဲ့ အိမ်ဟဲ့ ဒါ့ကြောင့် ငါ့မှာ အခန်းခ ငွေ အကုန် မပေးနိုင်သေးလဲ ဆိုင်းပေးထားတာပေါ့ ငါရှိလေ သူတို့အတွက် ကာဘာ ရလေပေါ့ ဟာ အဲဒါ ငါက ထုံလွန်းတော့ မသိ လူအ၀င် အထွက် များနေလို့ အိမ်ရှင် အဖွားကြီး က သူ့ သမီးတွေကို ကောင်းကောင်း မထိန်းဘူး သမီးတွေကလဲ ဟီရိသြတပ မရှိ အိနြေ္ဒသိက္ခာ မရှိဘူးထင်တာ ဒါလုပ်မှတော့ ဒီလိုပဲနေမှာပေါ့ တရက်မှာ ကျော်စောသတင်းကြီးနေလို့ စီမံချက် နဲ့ တိုင်း က ဆင်းဖမ်းတော့မှ ငါလဲသိရတာ သိလဲသိရော ငါလဲ သက်သေထွက်ရ တဂိုဏ်းထဲ အထင်ခံရနဲ့ ရှက်လိုက်တာဟာ အိမ်ကလဲ ဘာအလုပ် မှ အပြင်ပေး ထွက် မလုပ်တော့ဘူး ”

လှထုံ ရဲ့ ငိုမဲ့မဲ့ မျက်နှာလေး ကို ကြည့်ပြီး ကျွန်တော့် မှာ တော့ ရယ် ပဲ ရယ် ရမလား၊ ငို ပဲ ငို ရမလား မသိတော့ပါ။ ရိုးလွန်းတဲ့ လှထုံ တယောက် ရိုးလွန်းတော့ အတာ ကိုသာ ထုချင်ပါ တော့တယ်။


ဗုဒ္ဓေါမေသရဏံအညံနတ္တိ

ချမ်းမြေ့ဦး

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်