တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, December 9, 2007

The high priestess ကတ်ပြား သင်္ကေတ အဓိပ္ပါယ်

အမျိုးသမီးတစ်ဦးဟာ တိုင်နှစ်တိုင်ကြားက ထိုင်ခုံပေါ်မှာထိုင်နေပြီး လခြမ်းကိုနင်းထား ပါတယ်။ ဦခေါင်းရဲ့ ဘေးတဖက်တချက်မှာ မျက်နှာကိုအုပ်တဲ့ အ၀တ်စတွေရှိပါတယ်။
ရင်ဘတ်မှာ ငွေရောင်ကြက်ခြေခတ် တစ်ခုရှိပါတယ်။ လက်မှာ TORA လို့ရေးထားတဲ့ စာရွက်လိပ်လေး ကို ကိုင်ထားပါတယ်။ အဖြူတိုင်မှာ J ရေးထားပြီး အမည်းတိုင်မှာ B ရေးထားပါတယ်။ တိုင်နှစ်တိုင်ကြားမှာ လိုက်ကာ ကာထားပြီး အဲဒိနောက်မှာ ရေပြင်ကျယ်တစ်ခုကို တွေ့ရပါတယ်။

ပုံလေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့

အဖြူတိုင်မှ J ဟာ Jakin အတိုကောက်ဖြစ်ပြီး ကောင်းမှု ကို ကိုယ်စားပြုပါတယ်။
အမည်းတိုင်မှ B ဟာ Boaz အတိုကောက်ဖြစ်ပြီး မကောင်းမှု ကို ကိုယ်စားပြုပါတယ်။
ငွေရောင်ကြက်ခြေခတ် က လူတွေကို ကူညီဖို့အသင့်ရှိကြောင်း ကို ကိုယ်စားပြုပါတယ်။
TORA လို့ရေးထားတဲ့ စာရွက်လိပ်လေး က ဂျုးလူမျိုးတွေ ရဲ့ တမာန်တော် မော့ဆက် ရဲ့ ဥပဒေစာရွက်လိပ် ကို ကိုယ်စားပြုပါတယ်။
လခြမ်းကိုနင်းထားတာ က တနလာင်္ဂြိုဟ် ကို ကိုယ်စားပြုပါတယ်။

Blogger မှာ Gif ပုံတင်တာ မရဘူး။ ဂူးဂဲပေ့ မှာတင်ပေးလိုက်ပါတယ်။
The high priestess ကတ်ပြား အလှုပ်နဲ့အငြိမ်

သူနဲ့သက်ဆိုင်တဲ့ဒီလင့်လေးကိုမြန်မာဘာသာ ဟိုက်ပရင်စတက်(စ်) အဟော

ပြန်လေ့လာပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်