တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, July 2, 2007

The Fool (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


သင်သည် အတိတ်ကိုထားခဲ့ပြီး အနာဂတ်ကိုသွားနေရသော်လည်း သင်ဖြတ်သန်းလာခဲ့သော အတိတ်မှာ သင်မှားခဲ့သော (သို့) သင်အောင်မြင်ခဲ့သော အကြောင်းအရာများကို အနာဂတ်ခရီးသို့ သယ်ဆောင် လာတတ်သူဖြစ်သည်။ သင့်တွင် စွမ်းရည်များရှိသော်လည်း သင်သတိမမူပဲ စိတ်သဘောကျ နေတတ်သူ ဖြစ်သည်။ သင်သည် ပူပင်သောကများကို လိုချင်မှုမရှိ (သို့) ခေါင်းရှုပ်မခံတတ်ပါ။ သင်၏ စိတ်ဖြူစင်သန့်ရှင်း သောစိတ်ကို ထိန်းကျောင်းနိုင်ရန်အတွက် အမြဲတမ်းလမ်းပြပုဂ္ဂိုလ်တစ်ယောက်ကို ရှာနေရတတ်သည်။ သူတစ်ပါးထက် သင်သည်ထူးထူးဆန်းဆန်းများကို လုပ်တတ်^လုပ်ချင်မည်။ သင်သည် စကားပြောနေယုံနဲ့ အောင်မြင်မှုမရနိုင်။ လက်တွေ့ချက်ချင်းလုပ်မှ ရတတ်သူဖြစ်သည်။


ပညာရေး



သင်၏ပညာရေးမှာ ပညာသစ်များကိုစွန့်ဦးတီထွင်သူ (သို့) စတင်သင်ကြားရပါက ထိုပညာများ ဖြင့် သင်သည် လွန်စွာအောင်မြင်မည်။ သင်သတိပြုရန်မှာ ပညာသင်ကြားနေစဉ်အတောအတွင်း သင် ၏စိတ်သည် အခြားတစ်နေရာရာသို့ရောက်နေတတ်သည်။ ဒီပညာကောင်းနိုး ဟိုပညာသင်ရနိုးနိုးနှင့် ပညာရေးကို ဟိုရောက် ဒီရောက်ဖြစ်နေတတ်သည်။ ပညာရပ်တစ်ခုကိုသာ စိုက်လိုက်မတ်မတ်လုပ်မှ သင့်တွင် အောင်မြင်မှု ရနိုင်ပါမည်။ သင်သည် ဥာဏ်အနည်းငယ်ထိုင်းတတ်ပါသည်။ ထို့ကြောင့် ဇွဲလုံ့လ ကိုသာ အားကိုးပါ။


စီးပွားရေး



မည်သူမှ မလုပ်ဝံ့သော (သို့) မလုပ်နိုင်ပဲ ရပ်ထားရသော အလုပ်အကိုင်များကို သင်လုပ်ပါက အောင်မြင်မှုရတတ်သည်။ ထိုလုပ်ငန်းများကိုလုပ်ကိုင်ရာတွင် သင်သည် ထိုလုပ်ငန်းကို လုပ်ခဲ့သော (သို့) ထိုလုပ်ငန်းများနှင့်နီးစပ်သော ပုဂ္ဂိုလ်များထံမှာ အကူအညီတောင်း (သို့) ပညာသင်၊ သင်ပြီးမှလုပ် ပါ။ ထိုပုဂ္ဂိုလ် များနှင့် သင်သည် မကြာခဏ စကားများပြီး ပြဿနာတက်တတ်ကာ လမ်းခွဲရနိုင်သည်။ သင်၏အလုပ်မှာ မြေစန်းခရမ်းပျိုးပြီး ခလုပ်ကန်သင်းများကို ဖြတ်သန်း၍သာ ပင်ပင်ပန်းပန်းလုပ်ရမည်။ ပင်ပန်းမှုမရှိပဲ ချမ်းသာ နိုင်ခြင်းမရှိပါ။ သင်သည် အခွင့်အလမ်းသာစေမည့်နည်းလမ်းများကို မမျှော်လင့်ပဲ ရတတ်သော်လည်း သင်ယုံကြည်စွာ မလုပ်တတ်သဖြင့် ပျက်စီးရတတ်သည်။


အချစ်ရေး (သို့) အိမ်ထောင်ရေး



သင်၏ချစ်သူ (သို့) အိမ်သူသက်ထားမှာ အလွန်ကံခေသောအမျိုးသမီးတစ်ယောက်ပင်ဖြစ် သည်။ သင်ကဲ့သို့သော ဂဂျီဂဂျောင်နိုင်သောသူ၊ ကယောင်ကတမ်း၊ ဗလောင်းဗလဲနိုင်လှသူနှင့်မှ သူမ သည်လာရောက် တွေ့ဆုံရခြင်းကြောင့်ဖြစ်သည်။ သင်နှင့်သူမသည် မကြာခဏ စကားများရန်ဖြစ်ရတတ်သည်။ သူမက သင့်အပေါ် ကောင်းအောင်ညွန်ပြမှုများကို သင်ကလက်မခံတတ်ပဲ သင့်စိတ်တိုင်းကျပြုမူနေထိုင်တတ်မှုကြောင့် ဖြစ်သည်။ သူမသည် စိတ်ဆတ်သူဖြစ်ပါက မကြာခဏ မိဘအိမ်သို့ ပြန်ပြေးတတ်ပါသည်။


ကျန်းမာရေး



အမြင့်မှ ကျတတ်ခြင်း၊ ရုတ်တရက် အပူရှပ်ခြင်း၊ အအေးပတ်ခြင်း၊ အစွယ်ရှိသော သတ္တ၀ါ၏ ကိုက်ခဲမှု၊ လေနှင့် ပတ်သက်သောရောဂါ ၊ မျက်စိမှုန်၊ ခြေထောက်နှင့်ပတ်သက်သောရောဂါများ သင်ဖြစ်တတ်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်