တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The World (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး





စိတ်ဖြူသဘောဖြူမည့် လူစားမျိုးပါ။ အရာရာမှာ ကိုယ်က အနစ်နာခံချင်မယ်။ ကိုယ့်ကိုဘယ်လို စော်ကားစော်ကား ခွင့်လွှတ်သည်းခံပြီးပဲ နေတတ်မယ်။ ပတ်ဝန်းကျင်က ကိုယ့်ကိုလေးစားအောင်နေတတ် မယ်။ တည်ငြိမ်အေးချမ်းတဲ့ဘ၀ကို အမြဲလိုလားတောင့်တနေမယ်။ မိတ်ဆွေသင်္ဂဟပေါများပြီး ၎င်းင်းတို့၏ ချစ် မင်မှုကိုခံရမယ်။ သို့သော် အချို့အပေါင်းအသင်းများသည် ကိုယ့်အပေါ် အခွင့်အရေးယူနေတာကို ကိုယ်က မသိတတ်ပါ။ ရောင်းရင်းတွေအပေါ် အကြံဥာဏ်ကောင်းများနှင့် ဆုံးမတတ်သည်။ သူတို့အောင်မြင်သွားပြီး ကိုယ့်ကိုပြန်မကြည့်လျှင်ပင် စိတ်မဆိုးပဲ ပီတိဖြစ်နေတတ်ပါမည်။ အပေါင်းအသင်းအင်အားအမြဲအပြည့်ရှိနေ တတ်ပါသည်။





ပညာရေး




အနည်းငယ်ပျင်းရိတတ်သော်လည်း လိုအပ်လျှင် မရပ်မနားအောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်းရှိ မည်။ စာသင်ကြားရာတွင် ပျော်ပျော်ရွှင်ရွှင်နဲ့သာ သင်ကြားရမည်။ ဆရာသမားတို့၏ ဂရုစိုက်မှုကို ရယူရ မည်။ ဥာဏ်ပညာကြီးမားပြီး ပရိယာယ်ဥာဏ်ထက်သန်မည်။ ဘူမိဗေဒပညာရပ်နှင့် အကျိုးပေးတတ်သည်။ အောက်သက်ကျေပြီးမှ အောင်မြင်မည်။ ပညာဖြင့် ၀မ်းစာရှာဖွေစားသောက်ချင်မည်။ အတန်းဖော်များ အပေါ်တွင် အနစ်နာခံပြီး စာသင်ကြားပေးမည်။ ကိုယ်က ၎င်းင်းတို့အထဲတွင် ထင်ပေါ်နေတတ်သည်။




စီးပွားရေး




တွင်းထွက်ပစ္စည်းရှာဖွေရေးလုပ်ငန်း၊ မြေယာလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကန်ထရိုက်လုပ်ငန်းများနှင့် အထူးသင့်လျော်ကောင်းမွန်ပါသည်။ ရှယ်ယာလုပ်ငန်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကျိုးစီးပွား တိုးတက်တတ်ပါသည်။မြေကြီးကိုအရင်းတည်ပြီးလုပ်ရတဲ့လုပ်ငန်းအားလုံးနှင့်သင့်တော်ပါသည်။လက်အောက် ငယ်သားများပြားစွာနှင့်နေရတတ်သည်။ ကိုယ့်ဝန်ထမ်းများ၏ ချစ်ခင်လေးစားမှုကို ခံယူရရှိမည်။ အလုပ်များ တိုးချဲ့ထူထောင်လိုသော် ယခုအချိန်သည် အလွန်သင့်မြတ်ပါသည်။ မျှော်မှန်းထားသလောက် အောင်မြင်မှု ကို ရရှိပါမည်။ လုပ်ငန်းတူများ၏ ယှဉ်ပြိုင်မှုကို ခံနိုင်စွမ်းအားရှိပါမည်။ ကိုယ်ကအသေးစိတ် လိုက်လံစိစစ် ချင်တတ်မည်။ ကြီးမားတဲ့ အလုပ်တွေဦးဆောင်ဦးရွက်လုပ်ရပြီး နာမည်ကောင်းရတတ်ပါသည်။





အိမ်ထောင်ရေး(သို့)အိမ်ထောင်ရေး





ကိုယ့်ချစ်သူဆီက အဖြေကောင်းတွေရရှိပါမယ်။ အိမ်သူသက်ထားနှင့် အဆင်ပြေချောမွေ့စွာ ပေါင်း သင်းရတတ်သည်။ တစ်ဦးနှင့်တစ်ဦး ထိန်းထိန်းသိမ်းသိမ်းနှင့် လွန်စွာလိုက်ဖက်ညီတတ်သည်။ သူတစ်ပါး စကားများကြား ၀င်စွက်ဖက်ရန် မလွယ်ကူပါ။ သားသမီးများ အကျိုးခံစားရပါမည်။ သားသမီးရတနာများနှင့် များပြားစွာ ပျော်ရွှင်သောဘ၀ကို တည်ဆောက်ရမည်။ အနည်းငယ်သော သဘောမတိုက်ဆိုင်မှုမှအပ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးပင်ဖြစ်ပါသည်။




ကျန်းမာရေး



သာမန်ရောဂါများသာဖြစ်ပွားတတ်ပြီး ကြီးကြီးကျယ်ကျယ် ကုသရကိန်းမရှိပါ။ လူ့သက်တမ်းစေ့ နေရပါမည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်