တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Thursday, November 29, 2007

အငြင်းပွားဖွယ် ပြောင်းလဲမှု



ယနေ့ကမ္ဘာမှာ တားရော့ဝါသနာရှင်တွေ ရှာမတွေ့သေးတဲ့ အငြင်းပွားဖွယ် ပြောင်းလဲမှု တစ်ခုရှိနေခဲ့ပါတယ်။တားရော့နဲ့ပတ်သတ်တဲ့ထုတ်ဝေထားတဲ့စာအုပ်တွေမှာလဲ
သေချာရေရာတဲ့အဖြေတစ်ခုထုတ်မပေးနိုင်သေးပါဘူး။ အဲဒါကတော့ဘာလဲဆိုရင် တားရော့ကတ်နံပါတ် ၀ ဟာ ၂၂ လား၊တားရော့ကတ်နံပါတ် ၈ နဲ့ ၁၁ ကို ဘယ်သူနေရာလဲခဲ့တာလဲ ဆိုတဲ့ အငြင်းပွားဖွယ် ပြောင်းလဲမှု ၂ခုပါပဲ။
တလောက ကျွန်တော့်ဆီကိုလာလည်တဲ့မိတ်ဆွေတစ်ဦးက အဲဒိမေးခွန်းလေးကိုမေးသွားပါတယ်။
mailto:zawjyi@gmail.com ပိုင်ရှင် ကိုအောင်ခင်ဇော်ပါ သူမေးသွားတဲ့မေးခွန်းလေးကတော့ ကိုချမ်းမြေရေ tarot card ၈ နှင့် ၁၁ က တစ်ချို့ တဲရောတွေမှာပုံ
တွေဖလှယ်ထားတာတွေ့ ရပါတယ်အဲဒီအကြောင်းရင်းလေးနည်းနည်းရှင်းပြပေးပါလား။ကျေးဇူးတင်ပါတယ် တဲ့။ ဟုတ်ကဲ့အကိုရေ ဒီမေးခွန်းရဲ့အဖြေကိုပြောရရင်တော့
ကျွန်တော်ဖတ်ဖူးတဲ့ တားရော့စာအုပ်တွေမှာတော့ အေအီးဝိတ် ဟာပြောင်းခဲ့တာပါလို့ရေထားတာ ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတီထွင်တဲ့တားရော့မှာတော့
ဘာ့ကြောင့်မပြောင်းထားပါလိမ့်နော်။ တစ်ချို့သောတားရော့တွေ အတော်များများကလဲ အဲလိုပြောင်းထားကြတာတွေ့ပါတယ်။
အဲဒိတော့ အကြံပေးချင်တာက နိုင်ငံခြားကတားရော့ဖိုရမ်တွေမှာ ဒီလိုပြသနာတွေဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေရှိပါတယ်။ အဲဒါလေးတွေလေ့လာလိုက်ပါဦး။
အငြင်းပွားဖွယ် ပြောင်းလဲမှုတွေ ကို ဘယ်သူပြောတာမှ ယုံရမယ်လို့မသတ်မှတ်ထားပါဘူး။

ဒီလင့်လေးအတိုင်း တားရော့ရဲ့အငြင်းပွားဖွယ်ပြောင်းလဲမှုတွေ ကိုလေ့လာပေးပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်