တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 15, 2007

Chariot (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်စွာထားတတ်မယ်။ သူတစ်ပါးနှင့် အရာရာမှာ ယှဉ်ပြိုင်အနိုင်ယူချင်တဲ့ စိတ်ကြီးမယ်။ ကိုယ်စိတ်နှစ်ပါးလုံး ရှင်းရှင်းလင်းလင်းထားပြီး သူတစ်ပါးကို ဒုက္ခပေးချင်မယ်။ သူကနိုင်တဲ့ အချိန်မှာလည်း ကိုယ်က ပိုးစိုးပက်စက်ခံရမှာ သိရဲ့သားနဲ့ လုပ်တတ်မယ်။ ကိုယ်ထက်ရာထူးဂုဏ်ထူးကြီးမား သူတွေကို ရိုသေလေးစားတတ်မယ်။ ပတ်ဝန်းကျင်လေ့လာဖို့ ခရီးတွေကို ထွက်ချင်တဲ့ဆန္ဒရှိမယ်။ အရာရာ မှာ လူတကာကို သြဇာပေးချင်မယ်။ ကိုယ်က စည်းနဲ့ကမ်းနဲ့လုပ်တတ်၊ ရိုသေတတ်သလောက် နည်းနည်း လစ်ရင် စည်းကမ်းဘောင်ကို မသိမသာ ချိုးဖောက်ချင်စိတ်ရှိမယ်။ ကိုယ်ကမှန်ရင် ဘာမှဂရုမစိုက်တတ်ပါ။



ပညာရေး


ပညာရေးကို အထူးဂရုပြုပါ။ ကိုယ်ကဥာဏ်ကောင်းသော်လည်း စိတ်လက်မပါဖြစ်တတ်သည်။ စာ သင်နေရင်း တခြားတနေရာရာသို့ စိတ်ကိုလွှတ်ပေးထားတတ်မည်။ သင်နေတဲ့ ပညာထက် အခြားတစ်ခုခုကို သာ စိတ်ဝင်စားနေတတ်မည်။ စိတ်ကိုစုစည်းနိုင်ပါက အလွန်ထူးချွန်သော ပညာရပ်များကို ဆည်းပူးလေ့လာ နိုင်ပါမည်။ စစ်ဖက်နှင့် အုပ်ချုပ်ရေးပညာရပ်များကို အထူးလေ့လာဆည်းပူးသင့်ပါသည်။ ကိုယ်အတွက် အလွန်အကျိုးပေးတတ်ပါသည်။ ပညာရေးတွင် ပြိုင်ဘက်ရှိပါက ပိုမိုဖြစ်ထွန်းအောင်မြင်တတ်ပါသဖြင့် ကိုယ်နှင့်အဆင့်တူသော ပြိုင်ဖက်ကောင်းတစ်ယောက်နှင့် နှီးနှောပြီး ယှဉ်ပြိုင်ပါ။



စီးပွားရေး



အတိုက်အခံရှိသော လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုရပါမည်။ ကိုယ်ကလည်း အတိုက်အခံလုပ် တတ်ပါသည်။ အလုပ်အတွင်းအမြင်မတူသော အုပ်စုကွဲနှစ်ခုရှိနေတတ်ပါသည်။ ကိုယ့်ရည်မှန်းရည်ရွယ်ချက် တွေနဲ့စနစ်တကျ အကွက်ချပုံဖော်ပြီး လုပ်ကိုင်တတ်သူဖြစ်ပါက အထူးအောင်မြင်တတ်ပါသည်။ ပုဂ္ဂလိက အစုရှယ်ယာလုပ်ငန်းများတွင် ကိုယ့်အတွက် အမြတ်အစွန်းကြီးအောင် ကြိုးစားတတ်ပါမည်။ ကုန်စည်ကူး သန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် စီးပွားဖြစ်ထွန်းတတ်ပါသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အများ ပြည်သူနှင့် ဆက်ဆံရသော လုပ်ငန်းများလည်း ကောင်းမွန်ပါသည်။



အိမ်ထောင်ရေးနှင့်အချစ်ရေး



ကိုယ်ချစ်သူကို ပိုင်ဆိုင်ဖို့ရာ အတော်ကျိုးစားရပါမည်။ ကိုယ်လိုပင် သူတစ်ပါးကလည်း ကိုယ်ရဲ့ ပျို တိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးကို လက်မလွတ်ချင်တတ်ပါ။ ကိုယ့်ဖက်ကိုပါအောင် စည်းရုံးနိုင်ပါမယ်။ ရိုးရိုးနဲ့ မရရင် ဇွတ်ကြံမယ့်လူစားမျိုးဖြစ်ပါမယ်။ ကိုယ့်ထက်အဆင့်မြင့်တဲ့လူတွေနဲ့သာ ဘ၀လက်တွဲဖော်အဖြစ် လျှောက်လှမ်းရပါမယ်။ ကိုယ့်ထက်အဆင့်နိမ့်တဲ့လူတွေနဲ့ ကွယ်ရာမှာ ဇယားရှုပ်တတ်ပါမယ်။



ကျန်းမာရေး


ဘယ်ကလာလို့ လာမှန်းမသိတဲ့ ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ဒုက္ခရောက်ပါမယ်။ ကြွက်သားနှင့်သက်ဆိုင်သော ရောဂါတွေဖြစ်ပွားတတ်ပါတယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်