တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Saturday, January 5, 2008

The Hierophant ကတ်ပြား သင်္ကေတ အဓိပ္ပါယ်

တိုင်နှစ်တိုင်ကြားက ကုလားထိုင်ပေါ်မှာ ဘုန်းတော်ကြီးတစ်ပါး ထိုင်နေတဲ့ပုံပါ။ သူ၏ညာဘက်လက်က မိုးပေါ်ကို ညွှန်ပြနေပါတယ်။ ဘယ်ဘက်လက်က ကန့်လန့်ဖြတ်
တုတ်သုံးချောင်းပါသော တုတ်ရှည် တစ်ချောင်းကို ကိုင်ထားပါတယ်။ သူ၏ခြေရင်းမှာ ရွှေရောင်နှင့် ငွေရောင် သော့ နှစ်ချောင်းဟာ ကန့်လန့်ဖြတ် အနေအထားဖြင့်
တွေ့ရပါတယ်။ အဲဒီဘေး တစ်ဘက်တစ်ချက်မှာ လီလီပန်းပွင့်ပုံပါတဲ့ အင်္ကျီနဲ့လူတစ်ဦးနှင့် နှင်းဆီပုံပါသော အင်္ကျီနှင့် လူတစ်ဦး၊ ပေါင်းနှစ်ဦးဟာ ၀ပ်ဆင်းနေပါတယ်


ပုံလေးက ဒီလို ဖွင့်ဆိုပါတယ်။

ညာလက် ကောင်းကင်ဘုံကို ကိုယ်စားပြုပါတယ်။
ကန့်လန့်ဖြတ် တုတ်တို သုံးချောင်းပါတဲ့ တုတ်ရှည်က လူတွေရဲ့ ဖခင်ကို ကိုယ်စားပြုပါတယ်။
ရွှေရောင်သော့က နေနတ်သားနှင့် သိစိတ်ကို ကိုယ်စားပြုပါတယ်။
ငွေရောင်သော့က လနတ်သမီးနှင့် မသိစိတ်ကို ကိုယ်စားပြုပါတယ်။
ဘုန်းကြီး၏ ဟန်ပန်မှာ ထာဝရ ဘုရားသခင်၏ တရားဒေသနာတော်များအား တပည့်သာဝကတွေကို ရှင်းပြနေသည့်ဟန် ကိုယ်စားပြုပါတယ်။


Blogger မှာ Gif ပုံတင်တာ မရဘူး။ ဂူးဂဲပေ့ မှာတင်ပေးလိုက်ပါတယ်။
The Hierophant ကတ်ပြား အလှုပ်နဲ့အငြိမ်

သူနဲ့သက်ဆိုင်တဲ့ဒီလင့်လေးကို မြန်မာဘာသာ ဟီရိုးဖန့် အဟောပြန်လေ့လာပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်