တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The Sun (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး




အေးဆေးတည်ငြိမ်ပြီး ရိုးသားစွာ တက်တက်ကြွကြွနေထိုင်တတ်သည်။ ကိစ္စမှန်သမျှကို အကြာကြီး စဉ်းစားပြီးမှ လုပ်တတ်သဖြင့် မှားယွင်းမှုကင်းပြီး အောင်မြင်တတ်ပါသည်။ အပြောအဆို အနေအထိုင် အဆင့်အတန်းမြင့်မြင့်ကျင့်ကြံနေထိုင်တတ်သည်။ အပေါင်းအသင်းများစွာရှိသည်။ အပေါင်းအသင်းများရှေ့ တွင် သင်သည် ဖော်ရွှေပြီး စကားချိုသာစွာ ပြောဆိုတတ်သောကြောင့် အားလုံးတွင် အထင်ပေါ်ဆုံးဖြစ် နေ တတ်သည်။ ကိုယ့်ကိုဒုက္ခပေးသူကိုပင် သနားပြီး ပြန်မလုပ်ချင်တတ်ပါ။ လူကြီးမိဘများ၏ ချစ်ခင်နှစ် သက်သဘောကျမှုများကို စုပြုံရရှိပါမည်။




ပညာရေး




ပညာကို ကျားကုပ်ကျားခဲ ကျိုးစားချင်စိတ်တွေပေါ်တတ်ပါသည်။ လက်တွေ့အကောင်အထည်ဖော် နိုင်အောင်ကျိုးစားပါ။ ပညာဖြင့် ၀မ်းစာရှာဖွေစားသောက်ရသော ကံကြမ္မာဖြစ်ပါသည်။ ပညာဥာဏ်အထူး ရွှင်ပြမည့်အချိန်အခါပါ။ လမ်းရိုးမှ သွေဖယ်ပြီး အသစ်အဆန်းများကို လုပ်တတ်ပါမည်။ ကိုယ့်ရဲ့ဥာဏ် ကောင်းမှုကြောင့် အတန်းဖော်အချင်းချင်းကို စာပြန်ပြပေးရတတ်ပါမယ်။ ကိုယ်ကလည်း ကျက်သမျှစာကို ပြန်ပြီး လှည့်ကြည့်စရာမလိုအောင် သင်အံကျက်မှတ်နိုင်မည့်ကာလဖြစ်ပါသည်။ ဆရာ ဆရာများ၏ အရေး တယူဂရုစိုက်မှုကို ခံရပါမည်။




စီးပွားရေး



လယ်ယာမြေစိုက်ပျိုးရေး၊ သစ်ပင်ပန်းမာန်စိုက်ပျိုးရေး၊ အထည်အလိပ်လုပ်ငန်း၊ ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကူးသန်းသွားလာသော ယာဉ်၊ ရထားလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၊ နေရောင်ခြည်စွမ်းအင်နှင့်ပတ်သက်သောလုပ်ငန်းများနှင့် အထူးသင့်လျှော် ကောင်းမွန်ပြီး ကိုယ့်အတွက် အမြတ်အစွန်းကြီးစွာ ရရှိနိုင်ပါသည်။ ကျန်လုပ်ငန်းများလည်း ကောင်းမွန် ပါသည်။ အထက်ပါလုပ်ငန်းများမှာ လုပ်ငန်းလည်ပတ်မှု မြန်ဆန်ပြီး အကျိုးခံစားရမှု လျှင်မြန်စွာရ တတ်သဖြင့် ငွေလုပ်ငန်းထဲ ၀င်နေသော ဒုက္ခ၊ ငွေအိပ်သောဒုက္ခ တို့နှင့် ကင်းဝေနိုင်ပါသည်။





အိမ်ထောင်ရေး(သို့)အချစ်ရေး





ကိုယ့်ချစ်သူထံမှ အဖြေရမည့်အချိန်ပါ။ သင်တို့နှစ်ယောက် လက်ထပ်မင်္ဂလာဆင်နွှဲရန် အကောင်း ဆုံးသောအချိန်ကိုရောက်နေပါပြီ။ သားဦးကလေး (သို့) ယခုကိုယ်ဝန်သည် သင်တို့၏ စီးပွားရေးကို အလွန် အကျိုးပေးမည့်ကလေးဖြစ်ပါသည်။ ကိုယ့်အိမ်ပတ်ဝန်းကျင်တွင်ရှိသော မရှိဆင်းရဲသားကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပါ။ လက်ထပ်မင်္ဂလာဆင်နွှဲသူတို့က နေမင်းကို သစ္စာတိုင်တည်ပြီး မင်္ဂလာမှုပြုပါက တသက်လုံးစိတ်လက်ချမ်းသာပြီး သားသမီးရတနာများနှင့် ပြည့်စုံစွာနေရမည်ဖြစ်ပါသည်။




ကျန်းမာရေး



နာတာရှည်ရောဂါသည်များ ရောဂါနဲ့ ဆေးတွေ့ပြီး ပြန်ထနိုင်မယ့် အချိန်ပါ။ ကျန် ရောဂါ သိပ်အထွေအထူးမရှိတတ်ပါ။ နှာစေးချောင်းဆိုးရောဂါတွေသာဖြစ်နိုင်ပါမည်။

1 Comment:

Anonymous said...

မင်္ဂလာပါ ခင်ဗျား

လာရောက်ဖတ်ရှု့သွားပါတယ်။ အကုန်တော့ မဟုတ်သေးပါ။ ၊httpတွင် s ထည့်တဲ့ နည်းလမ်းကို မှတ်သားသွားပါတယ်။
နောက်ကြုံရင် ၀င်ဖတ်နေမှာပါ...

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်