တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 15, 2007

Hierophant (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


ရိုးသားတည်ကြည်ဖြောင့်မတ်မှုကြောင့် လူအများ၏ လေးစားချစ်ခင်မှုကို ခံရမည်။ စကားပြော ချိုသာအေးဆေးပြီး မဟုတ်မခံဖြစ်တတ်သည်။ ကိုယ်ကအတတ်နိုင်ဆုံး သည်းခံတတ်သော်လည်း စိတ်လွှတ် လိုက်မိလျှင် ပြဿနာတက်တတ်၏။ မိတ်ဆွေများအပေါ်တွင် ကိုယ်ကထင်ရှားပြီး ပေါ်လွင်မှုရှိမည်။ အယူ အဆရေးရာနှင့်ပတ်သက်၍ ထိတ်တိုက်ရင်ဆိုင်ရမှုများဖြစ်ပွားတတ်သည်။ အပေါင်းအသင်းများ၏ အရေး ပေးလေးစားမှုကိုခံရမည်။ သူများတွေအပေါ် သြဇာပေးတတ်ပြီး ကိုယ်ပြောသလို မလုပ်ရင်စိတ်ဆိုး တတ်သည်။ ဘာသာရေးကို အထူးကိုးစားယုံကြည်တတ်ပြီး ကိုယ်သိသလောက်နှင့် သူများအပေါ် ပြောဆို ငြင်းခုံတတ်မည်။


ပညာရေး


ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ထူးချွန်ပြီး သင်အံမှတ်သားသမျှကို မှတ်မိနားလည်လွယ်မည်။ ပညာရပ်တစ်ခုကို စိတ်ဝင်စားစွာလိုက်စားသော်လည်း မထင်လျှင်မထင်သလို ပစ်ထားတတ်သည်။ ဒီဟာ ဟုတ်မလို ဟိုဟာပိုကောင်းမလိုနှင့် ပညာရပ် အရွေးများတတ်မည်။ ဆရာသမားများထံမှ ချစ်ခင်မှုကိုရရှိပြီး ကိုယ်အပေါ်ဖိအားတွေပေးတတ်သည်။ ကိုယ့်ထက်ဥာဏ်ပညာကြီးသူကို အမြဲရှာဖွေနေတတ်မည်။ ဆရာ သမားများနှင့် တစ်ခါတစ်ရံ ပြဿနာအနည်းငယ်ဖြစ်ပွားတတ်မည်။ နောက်ဆုံးကိုယ်ကပင် သူပြောတာကို လိုက်နာရမည်။



စီးပွားရေး


လုပ်ငန်းအစတွင် အနည်းငယ် ကသီလင်တဖြစ်တတ်သော်လည်း အဆင်ပြေချောမွေ့ပါမည်။ ကိုယ်ပိုင်လုပ်ငန်းထက် သူများအတွက် စေတနာ့ဝန်ထမ်းလုပ်ချင်တတ်သည်။ အများနှင့်သက်ဆိုင်သော လုပ် ငန်းများနှင့် အကျိုးဖြစ်ထွန်းတတ်မည်။ လုပ်သောလုပ်ငန်းတိုင်းတွင် ကိုယ်က ဦးဆောင်ဦးရွက်လုပ်ချင်မည်။ နောက်လိုက်အခြွေအရံများထံမှ အကူအညီများရတတ်သည်။ ခရီးသွားလုပ်ငန်းများအပေါ် စိတ်ဝင်စားတတ် မည်။ ကိုယ်ဒူးကိုယ်ချွန်လုပ်မှသာအောင်မြင်မှုရပြီး အောက်သက်ကျေပါမည်။ အလုပ်ကိုကျိုးစားပြီး ဇွဲလုံ့လ ရှိစွာလုပ်တတ်ပြီး အတွေးအခေါ်အသစ်အဆန်းများနှင့် လုပ်ချင်မည်။



အိမ်ထောင်ရေး(သို့)အချစ်ရေး


အိမ်သူ (သို့) ရည်းစားအပေါ်တွင် ရှေ့ဆောင်လမ်းပြဖြစ်တတ်ပြီး ကိုယ့်သြဇာနာခံတတ်သူနှင့် အကြောင်း ဆက်ပေါင်းဖက်ရမည်။ ခေတ်ဆန်သောအမျိုးသမီးများနှင့် လက်တွဲရန်မသင့်ပါ။ ကိုယ့်ကိုအကြံ ဥာဏ်တုံးကြီးဟုထင်တတ်မည်။ သားသမီးများ၏ ချစ်ကြောက်ရိုသေလေးစားမှုကိုခံရမည်။ သားသမီးအကျိုး ခံစားရတတ်ပါမည်။



ကျန်းမာရေး


အညောင်းမိရောဂါ၊ ခေါင်းအုံခေါင်းကိုက်ရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါများ ဖြစ်တတ်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်