တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

Judgement (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး




သူတစ်ပါးကို အားကိုးချင်စိတ်ရှိမည်။ ကိုယ့်အပေါ် ဖိအားပေးသူတွေနှင့် တွေ့ဆုံရတတ်မည်။ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရမည်။ ကွဲကွာသွားသော မိသားစုဆွေမျိုးများနှင့် ပြန်လည်ဆက်ဆံ ရလိမ့်မည်။ စိတ်ဓာတ်ပေါ့ပါးစွာ နေတတ်သော်လည်း ဝေခွဲမရသောကိစ္စများတွင် မဆုံးဖြတ်တတ်ပါ။ ကိုယ် လုပ်ချင်တာလုပ်၍မရအောင် ကိုယ့်အပေါ် လွမ်းမိုးမှုတွေကို မဖယ်ရှားနိုင်ပါ။ မိတ်ဆွေသင်္ဂဟများအတွက် ခေါင်းမရင်းပါနှင့် ကိုယ့်ဒုက္ခကိုယ်ရှာသလို ချာလပတ်လည်သွားနိုင်ပါသည်။ ကိုယ့်အပေါ် မကျေမချမ်းဖြစ် နေသူများကိုတွေ့ဆုံရမည်။ ကိုယ်ကသူ့ကိုမြင်ရသော်လည်း ပြန်မလုပ်နိုင်ပါသဖြင့် အေးအေးနေခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။




ပညာရေး




ကိုယ့်အပေါ် သင်ကြားသောဆရာဖြစ်သူ၏ စောင့်ကြည့်မှုကို ခံရမည်။ စာမေးပွဲများကို ရိုးရိုးသား သား ဖြေဆိုပါ။ ခိုးချလျှင်မိသွားပြီး အရှက်ကွဲတတ်ပါမည်။ ကိုယ်က နဂိုဥာဏ်ရည်ထက်မြက်သော်လည်း စိတ်ဓာတ်ကျလွယ်တတ်သဖြင့် ဇွဲလုံ့လ၀ိရိယ ရှိစွာဖြင့် ကျိုးစားပါ။ အောင်မြင်မှု အထိုက်အလျှောက်ရ ပါမည်။ ကိုယ့်မှာကျိုးစားရိုးသားမှုတွေရှိလျှင်ပညာရေးတွင်အထောက်အပံ့ပေးမှုတွေရရှိလိမ့်မည်။ စိတ်ထဲရှိ တာလုပ်၍မရပါ။ ဖြစ်မည့်ကိစ္စတွေကို စဉ်းစားပြီးမှသာလုပ်ပါ။ ကျိုးစားမှုအကျိုးကို မုချတွေ့ဆုံ ခံစားရ မည်ဖြစ်ပါသည်။




စီးပွားရေး




တွင်းထွက်ပစ္စည်းရှာဖွေရေးလုပ်ငန်း၊ တေးဂီတနှင့်သက်ဆိုင်သောလုပ်ငန်း၊ သစ်လုပ်ငန်း၊ မြေယာ၊ တောင်ယာလုပ်ငန်းများနှင့် အကျိုးပေးနိုင်ပါသည်။ လုပ်ငန်းတွင် ထြွကလုံ့လရှိတတ်သော်လည်း သေချာစွာ လုပ်ကိုင်မှသာ ထမြောက်အောင်မြင်မှုရရှိမည်။ စိတ်ကူးယဉ်နေရမည့်အချိန်မဟုတ်ပါ။ ချက်ချင်းထ အကောင်အထည်ဖော်လျှင် အကောင်းဆုံးအချိန်ပင်ဖြစ်ပါသည်။ နောက်ကျသွားလျှင် အချိန်ကုန် လူပန်းဖြစ် သွားရတတ်သည်။ အလုပ်အပေါ် အတတ်နိုင်ဆုံး ဥပဒေဘောင်တွင်းမှသာလုပ်ပါ။ သို့မဟုတ်ပါက ပြဿနာ ကြီးများနှင့်တွေ့ရမည်။ ကိုယ်ရပ်ထားတဲ့ မလုပ်နိုင်လို့ ပစ်ထားရတဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်ရမည်။ ကိုယ့်ကိုလုပ်ငန်းတိုင်းတွင် ပြိုင်သော ပြိုင်ဖက်နှင့်တွေ့ရမည်။ လုပ်ဖော်ကိုင်ဖက်အဟောင်းများ၊ တပည့် ဟောင်းမျာနှင့် ပြန်လည်လက်တွဲရတတ်သည်။ အကြီးအကဲတို့၏ ဆောင်မမှုကို ရရှိတတ်သည်။ အိမ်ထောင်ရေး(သို့)အချစ်ရေး အိမ်ထောင်ဖက်^ချစ်သူအပေါ် အမြဲအနိုင်ရရှိမည်။ ကိုယ်ကမတင်းမပေါ့လွန်းစွာ ကိုင်တွယ်မှသာ ကိုယ်လက်ထဲတွင် မြဲလေ့ရှိမည်။ တင်းလွန်းလျှင် ကိုယ့်ကိုပြန်ဒုက္ခပေးသွားတတ်သည်။ ကိုယ့်ကိုစွန့်လွှတ်(သို့) ကိုယ်ကပစ်ခွာထားသော သူနှင့် ပြန်လည်ဆုံရမည်။ ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ယုံကြည်ထားတဲ့ သား သမီး၊ ချစ်သူ၊ အိမ်ထောင်ဖက်နှင့် ပြန်ဆုံတွေ့ရမည်။ အိမ်ထောင်ဘက် အမျိုးတွေက ကိုယ့်ကိုလွမ်းမိုးချင် တတ်မည်။ အိမ်ထောင်ရေးဖောက်ပြန်ဖို့ မကျိုးစားပါနဲ့ လက်ပူးလက်ကြပ်မိပြီး ပြဿနာတက်သွားပါလိမ့် မည်။ ဖောက်ပြန်ပြီးလျှင်လည်း ပေါ်သွားမည်။ ကျန်းမာရေး အသံဖြစ်ပေါ်သောနေရာရှိ အစိတ်အပိုင်းများ နာကျင်မှု၊ အပူ၊ အအေးမမျှတမှု တွေခံစားရနိုင်ပါ တယ်။ အချိန်ကြာမြင့်စွာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေအတွက် အဆုံးအဖြတ်ရမည်။ အိပ်ယာထဲလဲနေရ သော လူနာတွေ ပြန်ကောင်းခွင့်ကြုံနိုင်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်