တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Saturday, December 29, 2007

ဗေဒင် မမေး တတ်သူများ အတွက်

မိတ်ဆွေတို့ မိတ်ဆွေတို့ဟာ ဗေဒင်ဆရာတွေ(သို့)၀ါသနာပါလို့ အလကားဟောပေးတဲ့ သူငယ်ချင်းဆီမှာ ဗေဒင်မေးကြဖူးခဲ့ပါလိမ့်မယ်။ အဲဒီအခါ မိတ်ဆွေတို့ ဘာများ

သတိထားဖူး ကြသလဲဗျာ။ ကျွန်တော်က ဗေဒင်ဆရာတစ်ယောက်မဟုတ်ပေမယ့် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ သူတွေထဲမှာ လိုက်လံပြီး သုတေသနလုပ်ခဲ့ဖူးပါတယ်။
သူတို့ဆီက ကြားသိရတဲ့ ဗေဒင်မေးသူ ပရိသတ်တွေရဲ့ အကြောင်းတွေက

(၁) ဆရာရယ် မြင်တာကို ဟောပေးပါ။
(၂) သိလိုသောမေးခွန်း(၄)ခု (၅) ခု လောက်သာ မေးတာမျိုး
(၃) ယတြာကိစ္စသီးသန့်လိုချင်သူ
(၄) လောင်းကစားသမားတွေ
(၅) လင်ပူ၊ မယားပူသမားတွေ
(၆) အပျော်တမ်းလမ်းကြုံဝင်မေးတာတွေ
(၇) ပညာလာစမ်းတာတွေ

စသဖြင့်ပေါ့ဗျာ။
ကောက်နှုတ်ရင်တော့ အဓိက (၇)ချက်တွေရှိတယ်ဗျ။

နံပါတ်(၁) သမားကတော့ အဖြူထည်လုံးဝပါပဲဗျာ။
နံပါတ်(၂) နဲ့ (၃) ကတော့ သိပ်မကွာပါဘူး။ လိုအပ်တာမေးပြီး ပြန်တဲ့လူစားမျိုးပါ။ နံပါတ် (၄) နဲ့ (၅)ကတော့ ဗေဒင်ဆရာတွေရဲ့ အမြဲတမ်းဖောက်သည်တဲ့ဗျာ။
နံပါတ် (၆)ကြတော့ ကိုယ်ကဗေဒင် တကယ်ဝါသနာပါတယ်။ တတ်လည်း အနည်းငယ်တတ်တယ်။ ဒါပေမယ့် မဟောတတ်ဘူး။ အာမရွှင်ဘူးပေါ့ဗျာ။ ဒီတော့ကြုံရင် ကြုံသလို
တွေ့တဲ့ဗေဒင်ဆရာဆီက ဟိတ်ဟန်တွေနဲ့ အဟောအပြောတွေကို လေ့လာတဲ့ အဖြူထည်တွေပါပဲ။
နံပါတ် (၇)ကြတော့ တမင်ကို ချောက်ချချင်လို့၊ ပညာစမ်းကြတဲ့ လူတွေပါ။ ကိုယ့်ငွေ အကုန်ခံ ပြီး သူများကို အရှက်ခွဲဖို့လာတဲ့ ဗေဒင်ဆရာတွေသော်၎င်း၊
လေ့လာသူတွေသော်၎င်း ဖြစ်နိုင်ပါ တယ်တဲ့။

မိတ်ဆွေတို့လဲ ဒီအမျိုးအစား (၇)ခုထဲက တစ်ခုခုပါဝင်ကြမှာပါ။ ဒါပေမယ့် ကိုယ်က ဗေဒင်ဆရာဆီသွားရင်
အလကားသွားလို့ရတာ မဟုတ်တော့ ကျွန်တော့် မိတ်ဆွေတို့အတွက် မေးခွန်းလေးတွေ စီစဉ်ပေးထားတယ်ဗျ။
ဒီမေးခွန်းတွေထဲကနေ မိတ်ဆွေတို့ စိတ်ကြိုက်ရွေးချယ်ပြီး ဗေဒင်မေးကြတဲ့ အချိန်မှာ အဲဒီဗေဒင်ဆရာဆီမှာ မေးနိုင်ကြမှာပါ။ တစ်ခုတော့ ပြောပါရစေဗျာ။
အဲဒီ မေးခွန်းတွေအားလုံး သွားမေးရင်တော့ ဘယ်ဗေဒင်ဆရာမဆို ရိုက်ထုတ်မှာ သေချာတယ်ဗျ။

ကဲအောက်မှာ လေ့လာဖတ်ရှုလိုက်ကြပါအုံးနော်။

(က) စီးပွားရေးအကျိုးပေး

၁။ လက်ကျန်လုပ်ငန်း တိုးတက်ဖို့နီးပြီလား။
၂။ ဒီနှစ် စီးပွားဖြစ်မလား။
၃။ လက်ရှိရထားတဲ့ပစ္စည်းဟာ မြဲပါမလား။
၎။ ဒီလက်စွပ်ကလေး ၀ယ်ချင်တယ် ကောင်းပါမလား။
၅။ ဒီရွှေကို ၀ယ်မယ် ကောင်းမလား။
၆။ ဒီကုန်ပစ္စည်း ၀ယ်ပြီးရောင်းရင် မြတ်ပါ့မလား။
၇။ ဒီမြေကွက်ကို ရောင်းလိုက်ရင် မြတ်ပါ့မလား။
၈။ ဒီမြေကို ၀ယ်ရင် ကောင်းပါ့မလား။
၉။ ကားဝယ်ရင် အဆင်ပြေပါ့မလား။
၁၀။ ဒီပစ္စည်းကို လှောင်ထားရမလား၊ ရောင်းလိုက်ရမလား။
၁၁။ ဒီနေရာမှာ စီးပွားရှာရင် ကောင်းမလား။
၁၂။ လာရောင်းနေတဲ့ ပစ္စည်းလေးဝယ်ရင် ဘယ့်နှယ့်နေမလဲ။
၁၃။ သူပေးမယ်ဆိုတဲ့ငွေကို တကယ်ပေးပါ့မလား။
၁၄။ ဒီနှစ်မိသားစု အေးချမ်းပါ့မလား။
၁၅။ အခုထက်များ ဆင်းရဲအုံးမှာလား။
၁၆။ ဒီနှစ်ဘာလုပ်ရင် ကောင်းမလဲ။
၁၇။ ဒီနှစ်ကို ဘယ်အရပ်သွားပြီး စီးပွားရှာသင့်သလဲ။
၁၈။ လာမဲ့နှစ် စီးပွားရေး ကောင်းပါ့မလား။
၁၉။ ဒီနေ့ ကံကောင်းသလား၊ ဆိုးသလား။
၂၀။ ဒီနေ့ ၀င်ငွေကောင်းပါ့မလား။
၂၁။ ဘယ်နေ့သားသမီးဟာ အကျိုးပေးမလဲ။
၂၂။ အခုဝယ်မဲ့ ဆိုင်လေးအကျိုးပေးပါ့မလား။
၂၃။ အခုလုပ်မဲ့ လုပ်ငန်းထဲမှာ ဘယ်နေ့တွေကို သတိထားရမလဲ။
၂၄။ ဒီလူနဲ့ စပ်တူလုပ်ရင် ကောင်းပါ့မလား။
၂၅။ ဒီနှစ် ထီပေါက်မလား။
၂၆။ ထီထိုးရင် ဘယ်ဂဏန်းတွေနဲ့ ထိုးရမလဲ။
၂၇။ လက်ရှိလုပ်ငန်းမှာပဲ မြဲနေမှာလား။
၂၈။ ဘယ်လိုအလုပ်နဲ့ အကျိုးပေးမလဲ။
၂၉။ အခုရှာနေတဲ့အလုပ်ဟာ မြန်မြန်ရမလား။
၃၀။ လုပ်ငန်းတိုးချဲ့ဖို့ စိတ်ကူးတယ်။ ဘယ်နှယ်နေမလဲ။
၃၁။ လာဘ်ရွှင်အောင် ဘာလုပ်ရမလဲ။
၃၂။ လက်ရှိ လခစားကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် ကောင်းမလား။
၃၃။ အမှုထမ်းလုပ်ရင် ဘယ်ဌာနလိုဟာမျိုး လုပ်သင့်သလဲ။
၃၄။ ရပ်ထားတဲ့အလုပ် ပြန်စတင်နိုင်ပါ့မလား။
၃၅။ တေ့လွဲလွဲနေတဲ့ ကိစ္စတွေ ဘယ်တော့ အောင်မြင်မလဲ။
၃၆။ လခစား လုပ်ရင် ကောင်းမလား။
၃၇။ ကိုယ်ပိုင်လုပ်ငန်း လုပ်ရင် ဘယ်လိုနေမလဲ။
၃၈။ လုပ်သလောက် အကျိုးမပေးတာ ပပျောက်အောင် ဘာလုပ်ရမလဲ။

(ခ) အိမ်ထောင်ရေး အချစ်ရေး

၃၉။ ဒီမိန်းမကို ယူရတော့မလား။
၄၀။ ဒီယောက်ျားနဲ့ ဆက်ပေါင်းလို့ ကောင်းပါ့မလား။
၄၁။ ဒီမိန်းမနဲ့ ကွာရင် ကောင်းမလား။
၄၂။ ဒီကောင်မလေးကို ကြံရင် ဘယ်နဲ့နေမလဲ။
၄၃။ ဒီလင်မယားနှစ်ယောက် အဆင်ပြေပါ့မလား။
၄၄။ ဒီမိန်းမက ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ရဲ့လား။
၄၅။ ဒီလင်မယားနှစ်ယောက် ရာသက်ပန် ရိုးမြေကျ ပေါင်းရပါ့မလား။
၄၆။ ကိုယ့်ချစ်သူနောက် လိုက်ပြေးမယ် ဘယ်နဲ့နေမလဲ။
၄၇။ သူမျက်နှာ များတတ်သလား။
၄၈။ သူနဲ့ယူရင် လူကြီးတွေက သဘောတူပါ့မလား။
၄၉။ ကိုယ့်ယူတဲ့သူဟာ လူမျိုးနဲ့ဘာသာ တူပါ့မလား။
၅၀။ အိမ်ထောင် ဘယ်နှစ်ဆက်လဲ။
၅၁။ အိမ်ထောင်ဘက်ဟာ ကိုယ့်ထက်ငယ်မလား၊ ကြီးမလား။
၅၂။ ကိုယ်ရည်ရွယ်ထားတဲ့သူနဲ့ ရပါ့မလား။
၅၃။ ဘယ်တော့လောက် လက်ထပ်ရမလဲ။
၅၄။ လာပြောနေတဲ့ သူတို့နှစ်ယောက်က ဘယ်သူကို ဦးစားပေးရမလဲ။
၅၅။ အချစ်ရေး ဖြောင့်ဖြူးပါ့မလား။
၅၆။ အိမ်ထောင်ပြုပြီး သာယာပါ့မလား။
၅၇။ အိမ်ထောင်ဘက်ရဲ့ အခြေအနေက ဘယ်နဲ့နေသလဲ။
၅၈။ လခစားနဲ့ကုန်သည် ဘယ်ဒင်းကို ယူသင့်သလဲ။
၅၉။ အိမ်ထောင်ဘက်ရဲ့ ဆွေမျိုးတွေ နှိပ်စက်မှာလား။
၆၀။ ယောက္ခမနဲ့ မိဘ ဘယ်မှာ နေသင့်သလဲ။

(ဂ) သားရေး၊ သမီးရေး


၆၁။ ဒီယောက်ျားကလေး ရပါ့မလား။
၆၂။ ဒီမိန်းမ ကလေးရပါ့မလား။
၆၃။ ဒီကိုယ်ဝန်ဟာ သားလား။ သမီးလား။
၆၄။ သားသမီးကော အကျိုးပေးမလား။
၆၅။ ဒီကိုယ်ဝန်ဟာ လွယ်လွယ် မွေးနိုင်ပါ့မလား။
၆၆။ ကလေး ဘယ်နှစ်ယောက် ယူသင့်သလဲ။
၆၇။ သားသမီးတွေထဲက ဘယ်နေ့ သားသမီးက အကျိုးပေး မလဲ။

(ဃ) တပည့်လက်သား


၆၈။ ဒီလူဟာ တပည့်ကောင်း ဖြစ်ပါ့မလား။
၆၉။ ယောက်ျားနဲ့ မိန်းမ ဘယ်သူက အကျိုးပေးမလဲ။
၇၀။ တပည့်လက်သား တော်လှန်နေတာ ဘာလုပ်ရမလဲ။
၇၁။ ဘယ်နေ့ သားတပည့်လက်သားကို ခေါ်ရမလဲ။

(င) ပေါင်းသင်းဆက်ဆံရေး


၇၂။ ဒီလူဟာ သိက္ခာရှိရဲ့လား။
၇၃။ ဒီလူဆီမှာ အလုပ်လုပ်ရင် ကျွန်တော်ထွန်းကားပါ့မလား။
၇၄။ အခုလာမိတ်ဖွဲ့တဲ့သူဟာ မိတ်ဆွေစစ်ဟုတ်ရဲ့လား။
၇၅။ ဒီလူကို အားကိုးချင်တယ် ဖြစ်ပါ့မလား။
၇၆။ ဒီလူကို အိမ်ပေါ်ခေါ်ထားရင် ကောင်းမလား။
၇၇။ ဒီလူနဲ့ တာရှည်ပေါင်းလို့ ကောင်းမလား။
၇၈။ ဘယ်နေ့သားသမီးတွေနဲ့ ပေါင်းသင်းရမလဲ။

(စ) အကြံအစည်နဲ့ လုပ်ဆောင်မှု

၇၉။ သူပေးတဲ့ အကြံအတိုင်း လုပ်ရမလား။
၈၀။ ဒီအခွင့်အရေးသူ့ကို ပေးရင်ကောင်းမလား။
၈၁။ သူ့ကို တိုင်ပင်ချင်တာ သူလက်ခံမလား။
၈၂။ ဒီကိစ္စကို ကူညီပေးရင် ကောင်းမလား။
၈၃။ အခုအချိန်မှာ စကားပြောရင် အဆင်ပြေလောက်ပြီလား။
၈၄။ ကိုယ်ပြောစကား သူနားထောင်ပါ့မလား။
၈၅။ အခုဖြစ်နေတဲ့ အခြေအနေက မှန်ရဲ့လား။
၈၆။ အခွင့်အရေး ရ မရ ဘယ်တော့သိမလဲ။
၈၇။ သူတို့လာတာ ကျွန်တော့်အတွက် အ၀င်တော်ပါတယ် နော်။
၈၈။ ကြားချင်တဲ့ သတင်း ကြားပါ့မလား။
၈၉။ ဒီလူနဲ့ ရင်ဆိုင်ရင် အောင်မြင်ပါမလား။
၉၀။ သူအထင်အမြင်လွဲတာ အမြင်မှန်ရပါ့မလား။

(ဆ) ဘာသာရေး

၉၁။ တရားထိုင်ရင် တရားရပါ့မလား။


(ဇ) ရောဂါနှင့်ဆေး
၉၂။ ကျန်းမာရေး ကောင်းမလား။
၉၃။ အသက်အန္တရာယ် ရှိမလား။
၉၄။ အခုဖြစ်နေတဲ့ဝေဒနာဟာ နာတာရှည်လား၊ ယာယီလား။
၉၅။ ဒီလူနာနဲ့ ဆေးစူးပါ့မလား။
၉၆။ ဒီဆရာဝန်နဲ့ ကုရင် ကောင်းပါ့မလား။
၉၇။ ဒီရောဂါကြောင့် ဘာအစာရှောင်ရမလဲ။

(ဈ) မွေးမြူရေး

၉၈။ မွေးမြူရေးလုပ်ရင် အဆင်ပြေမလား။

(ည) နိမိတ်

၉၉။ အခုပြတဲ့နိမိတ်ဟာ အကောင်းလား အဆိုးလား။
၁၀၀။ ဒီအိပ်မက်ဟာ ကိုယ့်အတွက် အကျိုးပေးမလား။
၁၀၁။ သူများပေးတဲ့ ပစ္စည်းလေး ဆောင်ထားရင် အကျိုးခံစား ရမလား။

(ဋ) ကုသိုလ်ကောင်းမှု

၁၀၂။ ဒီအလုပ်မှာ ကုသိုလ်ကောင်းမှု လုပ်ရင်ကောင်းမလား။
၁၀၃။ အလှူအတန်းလုပ်ရပါ့မလား။
၁၀၄။ ဘယ်လိုအလှူမျိုး လှူရပါ့မလဲ။
၁၀၅။ လက်ရှိစီစဉ်နေတဲ့ အလှူပြီးမြောက်ပါ့မလား။
၁၀၆။ ဘုရားတည်ချင်တယ် အောင်မြင့်ပါ့မလား။
၁၀၇။ သာသနာပြုပုဂ္ဂိုလ် ဖြစ်နိုင်ပါ့မလား။

(ဌ)ငွေကြေးချေးငှားမှု

၁၀၈။ သူ့ကိုငွေချေးရင်ဖြစ်မလား။
၁၀၉။ သူ့ဆီကငွေချေးချင်တယ် ရမလား။
၁၁၀။ အကြွေးသွားတောင်းချင်တယ် ရမလား။
၁၁၁။ ဖေဖေနဲ့မေမေဆီက သွားတောင်းတဲ့ အကူအညီ ရပါ့မလား။
၁၁၂။ မိဘအမွေအနှစ် ရပါ့မလား။
၁၁၃။ ဘယ်တော့ကြွေးကျေမလဲ။
၁၁၄။ မိဘအမွေအနှစ်ကို အေးအေးရမလား၊ ပြဿာနဲ့ ရမလား။

(ဍ)အရပ်ဒေသအကျိုးပေးမှု

၁၀၅။ ဒီမှာခဏနေရင် ကောင်းမလား။
၁၁၆။ ဒီမှာအိမ်ဆောက်ရင် ကောင်းပါ့မလား။
၁၁၇။ ဒီအရပ်မှာနေရင် ကြီးပွားပါ့မလား။
၁၁၈။ ဒီအရပ်ကို သွားပြီး ပစ္စည်းဝယ်ရင် ရမလား။

(ဎ)ပစ္စည်းပျောက်ရှမှု

၁၁၉။ ပျောက်သွားတဲ့ ပစ္စည်းပြန်ရပါ့မလား။
၁၂၀။ လက်လွန်နေတဲ့ အဖိုးတန်ပစ္စည်းလေး ပြန်ရပါ့မလား။

(ဏ)ခရီးယာယီ

၁၂၁။ ထွက်သွားတဲ့သူ ပြန်လာပါ့မလား။
၁၂၂။ ခရီးသွားနေတဲ့သူ လာခါနီးပြီလား။
၁၂၃။ သွားချင်နေတဲ့နေရာကို သွားဖြစ်မလား။
၁၂၄။ အဝေးရောက်နေတဲ့သူဟာ အေးအေးချမ်းချမ်းပဲလား။
၁၂၅။ ရေလမ်းခရီးသွားချင်တယ် ဖြစ်မလား။
၁၂၆။ အခုသွားမဲ့ခရီးလမ်းမှာ အန္တာရယ်ရှိမလား။
၁၂၇။ နိုင်ငံခြားခရီးသွား ရမှာလား။
၁၂၈။ ပညာတော်သင် သွားဖြစ်မလား။
၁၃၀။ လုံးဝနိုင်ငံခြားသွားနေတာ ကောင်းမလား။

(တ)အမှုကိစ္စဆောင်ရွက်မှု

၁၃၁။ အခုတွေ့နေရတဲ့အမှု နိုင်ပါ့မလား။
၁၃၂။ အခုလောက်နဲ့ အမှုကိစ္စတွေ ပြီးသွားမလား။
၁၃၃။ အချုပ်ခံရတဲ့သူဟာ လွတ်ခါနီးပြီလား။
၁၃၄။ ဒီအမှုသွားပြိုင်ရင် ကောင်းမလား။
၁၃၅။ ဒီအမှုက ကွင်းလုံးကျွတ်လွတ်မလား။
၁၃၆။ ဒီအမှုဟာ ငွေဒဏ်လား၊ ထောင်ဒဏ်လား။
၁၃၇။ အမှုအခင်း ကြုံတွေ့နိုင်မလား။
၁၃၈။ ဒီအမှုကို ကြေအေးရင်ကောင်းမလား။
၁၃၉။ ဘယ်နေ့သား ရှေ့နေငှားရမလဲ။
၁၄၀။ အမှုစတင်ရင် ဘယ်ရက်ပိုင်း ပိုကောင်းမလဲ။
၁၄၁။ သက်သေတွေက ကိုယ့်သဘောအတိုင်း ထွက်ဆိုပါ့မလား။

(ထ)လတ်တလော ကိစ္စများ

၁၄၂။ လုပ်နေတဲ့ကိစ္စတွေ ဘယ်အဆင့်ရောက်နေပြီလဲ။
၁၄၃။ ခိုင်းလိုက်တဲ့အတိုင်း အဆင်ပြေခဲ့ပါ့မလား။
၁၄၄။ သူ့ကိုပေးလိုက်ရင် ဒီကိစ္စပြီးသွားမှာလား။
၁၄၅။ လုပ်လာတဲ့ကိစ္စများ အောင်မြင်ပါ့မလား။
၁၄၆။ ရည်ရွယ်ထားတဲ့ကိစ္စတွေ ထမြောက်ပါတယ်နော်။
၁၄၇။ ဒီကိစ္စကို လိုက်ရင် အောင်မြင်ပါ့မလား။
၁၄၈။ အခုလုပ်နေတဲ့ကိစ္စတွေ ဘာဖြစ်ဦးမလဲ။
၁၄၉။ အခုလုပ်မဲ့ကိစ္စတွေ ဘာဖြစ်ဦးမလဲ။
၁၅၀။ အခုလုပ်မဲ့ အကြံအစည်ဟာ အောင်မြင်ပါ့မာလား။
၁၅၁။ ဒီပြဿနာတွေကို ဖြေရှင်းရင် ပြေလည်ပါ့မလား။
၁၅၂။ အခုကြားနေရတဲ့ပြဿနာဟာ ဖြစ်ဦးမှာလား။
၁၅၃။ စုံစမ်းထားတဲ့ကိစ္စလေးရဲ့ အခြေအနေ ဘယ်လိုလဲ။
၁၅၄။ အခုသွားတဲ့ကိစ္စတွေဟာ ကြာမှာလား၊ မြန်မှာလား။
၁၅၅။ လုပ်နေတဲ့ကိစ္စ ချောချောမောမော အောင်မြင်မှာလား။
၁၅၆။ လက်ရှိပြဿနာတွေကို ဖြေရှင်းရတော့မလား။
၁၅၇။ အခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဘယ်လိုနေဦးမလဲ။
၁၅၈။ ဖြစ်နေတဲ့ကိစ္စ ပြီးသွားပြီလား။
၁၅၉။ ဒီကိစ္စတွေကို ကြံဖို့ ဘယ်သူကို လွှတ်ရမလဲ။
၁၆၀။ ဖြစ်နေတဲ့ကိစ္စတွေ အရှုံးပေးရတော့မလား။
၁၆၁။ အခုလုပ်နေတဲ့ကိစ္စကို ရှေ့ဆက်ရမလား၊ နောက်ပြန် ဆုတ်ရမလား။
၁၆၂။ အခုအခြေအနေ ပြောင်းဖို့ရှိသလား။
၁၆၃။ အခုလုပ်မယ့်ပွဲဟာ အေးအေးဆေးဆေး ပြီးသွားမှာလား။
၁၆၄။ ကွဲနေတဲ့သူနဲ့ ပြန်တွေ့ပါ့မလား။
၁၆၆။ သွားယူနေတဲ့ပစ္စည်း ရပါ့မလား။
၁၆၆။ အခုတွေ့တဲ့ လူကြီးနဲ့ လူငယ် ဘာကွာသလဲ။
၁၆၇။ ဒီနေ့ကစားရင် နိုင်ပါ့မလား။
၁၆၈။ ညက အိပ်မက်ရဲ့သဘော နိမိတ်က ဘယ်လိုလဲ။

(ဒ)ရာထူး၊ ပညာရေး

၁၆၉။ ဌာနတွင်းဆိုင်ရာမေးပွဲ အောင်ပါ့မလား
၁၇၀။ ဒီရာထူး ကျွန်တော်တက်မလား။
၁၇၁။ လက်ရှိနေရာမှာ မြဲပါ့မလား။
၁၇၂။ ထုချေလွှာတောင်းတဲ့ကိစ္စ လွယ်လွယ်နဲ့ပြီးပါ့မလား။
၁၇၃။ ရာထူးချခံရတာ ပြန်အလုပ်ရပါ့မလား
၁၇၄။ ဒီပညာသင်ရင် သင့်တော်မလား။
၁၇၅။ ဖြေရမဲ့စာမေးပွဲ အောင်ပါ့မလား။
၁၇၆။ ဖြေပြီးတဲ့စာမေးပွဲ အောင်ပါ့မလား။
၁၇၇။ ဖြေရမဲ့စာမေးပွဲမှာ ဘယ်ဘာသာကို သတိထားရမလဲ။
၁၇၈။ စာမေးပွဲ သွားဖြေတဲ့အခါ ဘာအရောင်ဝတ်ရမလဲ။
၁၇၉။ ရာထူးတက်ဖို့နီးပြီလား။

(ဓ)အထွေထွေ

၁၈၀။ ကိုယ်နဲ့ ဘယ်ကျောက်နဲ့ အကျိုးပေးမလဲ။
၁၈၁။ အမြဲတန်း ဘယ်လိုအရောင်မျိုးဝတ်ရမှာလဲ။
၁၈၂။ စိတ်တည်ငြိမ်အောင် ဘာလုပ်ရမလဲ။
၁၈၃။ အန္တရာယ်ကင်းအောင် ဘယ်လိုနေရမလဲ၊ ဘာလုပ်ရ မလဲ။

ကဲမေးခွန်းတွေကို လဲ ဖတ်ရှုပြီးလောက်ကြပါပြီ။

အခုပြောချင်တာကတော့ လက်ရှိမှာ ဗေဒင်ဟောသက် အနှစ် ၂၀ ကျော်လောက်ရှိပြီး နယ်တကာ လှည့်ပြီး ငယ်စဉ်မှာ ဗေဒင် ပညာအတွေ့အကြုံ လိုက်ယူထားတဲ့
ကျွန်တော့်ရဲ့ ဆရာလို့ခေါ်ရမယ့် အကိုကြီးတစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။ သူကတော့ ယခုလက်ရှိမှာ မန္တလေးရွှေမြို့တော်ကြီးက ၇၃ လမ်းပေါ်မှာ ဗေဒင်ဟောပြီး
အသက်မွေး နေတာပါ။
ကျွန်တော်သူ့ဆီမှာ နံရံတစ်ခုသာခြားပြီး သူဟောတဲ့ဟောချက်တွေကို (၃) လနီးပါး သွားပြီးနားထောင်ခဲ့ဖူးပါတယ်။ အသက်ကြီးတဲ့ ဗေဒင်မေးသူတွေလာရင်လဲ
သူတို့ကိုယ်စား အဲဒီအကိုကြီးရဲ့ဟောချက်တွေကို စက္ကူပေါ်မှာ ရေးပေးခဲ့ဖူးပါတယ်။ သူက ကျွန်တော့်ကို ချစ်လို့ဆိုပြီး ပညာရပ်တစ်ခုကိုပေးခဲ့တာ ပြန်ပြီးဖြန့်ဝေပါရစေ။
သူပေးတဲ့ပညာရပ်ကတားရော့ပညာမဟုတ်ပေမယ့်။ အလွန်အသုံးဝင်ပြီး ကောင်းမွန်လှပါ တယ်။ ဗေဒင်မေးသူတွေရဲ့ မေးတတ်တဲ့ အဓိကမေးခွန်းတွေကို
အသက်အပိုင်းအခြားနဲ့ပိုင်းခြား ရှင်းပြတာပါ။

အောက်မှာ ဆက်ဖတ်ကြည့်ကြပါအုံးနော်။


အသက် (၁၆) နှစ်မှ (၃၀) နှစ်အတွင်း
လူငယ်များအတွက်
(၁၄) ချက်

- ဘယ်အဆင့်အတန်းအထိ ပညာရေးကောင်းနိုင်မလဲ။
- မျှော်လင့်နေတဲ့ အလုပ်အကိုင်ကဘယ်နှစ်ပိုင်းမှာရမလဲ။
- ကိုယ်ပိုင်အလုပ်နဲ့ရုံ၊ အလုပ်ဘယ်ဟာပိုပြီးအကျိုးပြုမလဲ။
- လက်ရှိကြုံတွေ့နေရသော အခြေအနေ။
- ပေါင်းသင်းဆက်ဆံရာတွင် မှားယွင်းနိုင်သော အပေါင်းအသင်းနှင့်အကျိုး ပြုသောအ ပေါင်းအသင်းတို့၏ သစ္စာရှိ၊မရှိ။
- ဘယ်နှစ်ယောက်မြောက်ရည်စားနဲ့ အိမ်ထောင်ကျမှာလဲ။
- အိမ်ထောင်ကျမည့်နှစ်ပိုင်း၊ ကြင်ဖော်၏နေ့နံ၊ ရုပ်ရည်၊ အဆင့်အတန်း။
- အိမ်နေမိသားစု၊ မိဘနှစ်ပါးနှင့် အဆင်ပြေမှု၊ မပြေမှု။
- မိဘကျေးဇူး ဆပ်နိုင်မလား။
- ဘယ်အသက်အပိုင်းအခြားမှာ နိုင်ငံခြားထွက်ရမလဲ။
- အကျိုးပြုသော အရောင်၊ အကျိုးမဲ့သော အရောင်။
- အကျိုးပြုသောရတနာ၊ အကျိုးမဲ့သောရတနာ။
- ကျန်းမာရေး အခြေအနေ။
- အသက်ကြီးလာမည့် အိုဇာတာကောင်း၊ မကောင်း။

အသက် (၃၀) နှစ်မှ (၅၀) နှစ်အတွင်း
လူလတ်ပိုင်းများအတွက်
(၂၀) ချက်

- လုပ်ငန်းအပြောင်းအလဲ။
- ကိုယ်ပိုင်လုပ်ငန်းပြုလုပ်ရကိန်းရှိ၊မရှိ။
- လုပ်ငန်းအတွင်းအတိုက်အခံ။
- ငွေကြေးတိုးတက်မှု ဆုံးရှုံးမှု။
- အပေါင်းအသင်းမှားယွင်းမှု။
- အမှုအခင်းဖြစ်ပေါ်ခြင်း
- မိန်းမကိစ္စအရှုတ်အရှင်း။
- အိမ်ထောင်ရေးအပြောင်းအလဲ ရှိ၊မရှိ။
- မိသားစုအိမ်ထောင်ရေး အမျိုးမျိုး
- အိမ်၊ အဆောက်အဦးအရွှေ့အပြောင်း။
- မွေချင်းမောင်နှမပြဿနာ အမျိုးမျိုး။
- မိဘများနှင့်အတူ နေရ၊ မနေရ။
- အိမ်တွင်းအမွေကိစ္စ။
- စက်ပစ္စည်းရွှေ၊ ငွေ ၀င်ကိန်း၊ ထွက်ကိန်း၊ ပျောက်ကိန်း
- ဘုရားဖူးခရီးထွက်ကိန်း။
- ထီပေါက်ကိန်း၊ အစ၊အပိတ်နံပါတ်၊မည်သည့် မျက်နှာလှည့်ထီဆိုင်
- ဘာသာရေးလုပ်နိုင်မည့်နှစ်ပိုင်း
- အလှူအတန်းလုပ်နိုင်ကိန်းရှိ၊မရှိ။
- ကျန်းမာရေးအခြေအနေ။

တချို့သောပရိသတ်တွေ မေးတတ်တဲ့မေးခွန်းတွေပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်