တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, July 2, 2007

The Empress (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့် ပေါင်းသင်းဆက်ဆံရေး


သူတစ်ပါးအပေါ်တွင် မေတ္တာစေတနာအပြည့်အ၀နှင့် ကူညီတတ်မည်။ ကိုယ်ပြောချင်တာကို ရိုးရိုး ပြောမရရင် အော်ငေါက်ပြီး ပြောတတ်မယ်။ အရာရာပေါ် ကျိုးစားတတ်ပြီး ကိုယ်လိုချင်တာကို မရရအောင် နေရာယူတတ်မယ်။ ပတ်ဝန်းကျင်က ကိုယ့်ကိုရန်စရင်တောင် သည်းမခံနိုင်မှ ထပြီး ပြဿနာရှာတတ်မယ်။ သည်းခံမှုတရားနဲ့ ပြည့်စုံသော်လည်း လုပ်စရာရှိလျှင် ပြတ်ပြတ်သားသား ရက်စက်စွာလုပ်တတ်မယ်။


ပညာရေး


အသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုသာ လေ့လာလိုက်စားလိုမယ်။ ကျောင်းက သင်ပေးလိုက် တဲ့ ပညာတွေနဲ့တင် မလုံလောက်တတ်သဖြင့် ဘ၀ကို ရင်ဆိုင်တဲ့နည်းပညာတွေကိုပါ သင်ရမယ်။ ပညာရေး ကောင်းပါတယ်။ ဆုံးခန်းတိုင်အောင် သင်ကြားရပါမယ်။ အတန်းကျော်တက်ပြီး ဖြေရနိုင်ပါတယ်။


စီးပွားရေး


အစီအစဉ်တွေ အကျအနချပြီး လုပ်ရတဲ့ အလုပ်တွေနဲ့ ကောင်းမွန်စွာ အောင်မြင်မယ်။ အလုပ် အကိုင်တွေခွဲဝေဖွင့်လှစ်ရမယ်။ လက်အောက်ငယ်သား ချွေရံသင်းပင်းပေါများမယ်။ အိမ်တွင်းစီးပွားရေးလုပ် ငန်းတွေနဲ့ အကျိုးပေးမယ်။ လူအများကို စည်းရုံးပြီး လုပ်ကိုင်ရင်း မိသားစုလုပ်ငန်း ပုံစံ စုပေါင်းအစုရှယ်ယာ တွေနဲ့ အထူးသင့်လျော်ပါတယ်။ မြေယာလုပ်ငန်း၊ တွင်းထွက်ပစ္စည်းရှာဖွေရေးလုပ်ငန်းများလည်း လုပ်ကိုင် နိုင်ပါတယ်။ အမျိုးသမီးအသုံးအဆောင်၊ ဇိမ်ခံပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများလည်း အကျိုးပေးပါမယ်။


အချစ်ရေး (သို့) အိမ်ထောင်ရေး


အချစ်ရေးမှာ ကိုယ့်ကိုပတ်ပတ်လည်ဝန်းရံနေတဲ့လူတွေထဲက ကိုယ့်ဘ၀ကို အမှန်တကယ်မြတ်နိုးလို့ ချဉ်းကပ်နေတဲ့လူကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် ကိုယ့်ကို အခွင့်ကောင်းယူပြီး၊ အခွင့်အရေးရအောင် ချဉ်းကပ်တဲ့လူတွေက များပါမယ်။ အိမ်ထောင်ဖက်၏ ချစ်ခင်မြတ်နိုးကြင်နာယုယမှုကို ရပါမယ်။ အိမ်ထောင်ဖက်ကို မိခင်သဖွယ်လမ်းညွှန်ပြသပြီး ဦးဆောင်ဦးရွက်ပြုရပါမယ်။


ကျန်းမာရေး


သက်တမ်းစေ့နေဖို့ အခွင့်အရေးရပါမယ်။ ရိုးရိုးသာမန် ဖျားနာမှုမျိုးသာဖြစ်ပွားတတ်ပြီး မြန်စွာ ပျောက်ကင်းနိုင်ပါမယ်။ မြာပွေသူများ လိင်ကိစ္စကြောင့် ရောဂါရတတ်ပါတယ်။ ရောဂါနဲ့ ဆေးတည့်အောင် ကုတတ်တဲ့ သမားတော်များနဲ့သာ တွေ့ရပါမယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်