တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, December 12, 2007

တားရော့ကို ပုံကြည့်ဟောနည်း

ဒီနည်းလေးကိုလုပ်ပေးရတာက စာကိုအလွတ်ကျက်ရမှာ ပျင်းသူများအတွက် စီစဉ်ပေးရတာပါ။ ဒါပေမယ့်ဘယ်စာမဆို အလွတ်ကျက်ခြင်းထက် သဘောတရား နားလည်ပြီး ကိုယ့်ဘာသာ ဖြစ်နိုင်တဲ့ အဖြေထုတ်နိုင်တာက ပိုလေးနက်ပါတယ်။

ဥပမာ။ ။ မိတ်ဆွေဆီကို လူတစ်ဦးက ဗေဒင်လာမေးတယ်။ မေးသူ အဓိက သိချင်တာက စီးပွားရေးအကြောင်းပါ။ ကတ်ပြားခင်းတော့ စီးပွားရေးနေရာက ကတ်ကနံပါတ် (၅) The hierophant ကဒ်ပြားကြတယ်ဆိုပါစို့။ ဘုန်းတော်ကြီး (သို့) သာသနာဂိုဏ်းချုပ်ကြီးပုံကို စီးပွားရေးအတွက် ဘယ်လိုဟောမလဲ။

ဒီလိုဟောပါ

“ မိတ်ဆွေ မိတ်ဆွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ နဖူးက ချွေး၊ ခြေမကျအောင် အလုပ်လုပ်ပြီး ထမင်းစားရတဲ့အချိန်တွေနဲ့ ကိုယ်ရဲ့ ကြိုးစားမှုကြောင့် ထိုက်တန်တဲ့ အကျိုးပေး ကိုလည်း ခံစားရမယ့်အချိန်တွေ ရောက်လာပါတော့မယ်။
ကိုယ်ကြံစည်ထားတဲ့ အတွေးအခေါ်တွေ၊ လုပ်ကွက်တွေကို အားပေးကူညီမယ့်သူတွေ၊ ငွေရင်းစိုက်ထုတ်ပြီး စပ်တူလုပ်ချင်တဲ့သူတွေ ပေါ်လာပါတော့မယ်။
ဒီတော့ မိတ်ဆွေလုပ်ရမှာက ကိုယ်ရှေ့ကို ရောက်လာတဲ့ အခွင့်အရေးကောင်းတွေကို လက်လွတ်မခံရအောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။
ကြိုးစားမှု့ကြောင့် ကံကောင်းမှာတော့ မှန်တယ်။
ဒါပေမယ့် ကြိုးစား သလောက်ကိုသာရမှာကတော့ အမှန်ပါ ”

အထက်ပါဟောချက်အတွက် စဉ်းစားနည်း

၁။ ဘုန်းတော်ကြီးတစ်ပါးဟာ သူ့ရဲ့ ကိုယ်တော်ဘ၀အစဖြစ်တဲ့ စစချင်းသက္ကန်းဝတ်တဲ့ အချိန်မှာ ဘယ်ဒကာ၊ ဒကာမကမှ သူ့ကို မသိပါ။ ရွာရိုးကိုးပေါက် ခြေထောက်မှာ ဖိနပ်မပါပဲ ပင်ပန်းဆင်းရဲစွာ ဆွမ်းခံစားကြရပါတယ်။

၂။ တစ်ဖြေးဖြေးနဲ့ ဘုန်းတော်ကြီးရဲ့ ကျင့်ကြံအားထုတ်မှုတွေကြောင့် လူသိများလာပြီး ကိုးကွယ်ဆည်းကပ်တဲ့ ဒကာ၊ ဒကမတွေရောက်လာပါတယ်။ ဘယ်ဘုန်းကြီးကမှ စီးပွားရှာပြီး ဆွမ်းမစားကြပါဘူး။ လှူဖွယ်ပစ္စည်းနဲ့ ၀တ္တုငွေတွေကို ကြည်ညိုသူ ဒကာ၊ ဒကာမတွေက လှူဒါန်းကြပါတယ်။ ဒီတော့မှ ဘုန်းတော်ကြီးက ပြန်လည်ပြီး အသုံးပြုရပါတယ်။ ဒီတော့ ဘုန်းတော်ကြီးနဲ့ သူရတဲ့ ပစ္စည်းတွေရဲ့ ကြားမှာကြားခံအရာဝတ္တုဖြစ်တဲ့ ကြည်ညိုသူ ဒကာ၊ ဒကာမဆိုတာကို သတိပြုရပါမယ်။

၃။ ဘုန်းတော်ကြီးနဲ့ လူသာမာန်တွေရဲ့ ဘ၀တွေဟာ မတူတဲ့ အချက်တွေရှာပြီး သတိပြုပါ။ ဒီအပိုင်းကတော့ ကိုယ့်ရဲ့စဉ်းစားတွေးတောပြီး ဟောချက်ထုတ်ရတဲ့ ဥာဏ်ပညာပိုင်းပါ။
ကျွန်တော့်ထက်ပိုပြီး မိတ်ဆွေက စဉ်းစားနိုင်မယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ ဟောပြောချက်တွေ ရလာနိုင်မှာပါ။ စဉ်းစားပြီး ထပ်တူညီနိုင်မယ့် အဖြေတွေ ရှာဖွေပါ။

အဓိကကတော့ဗျာ ကတ်ပြားတွေမှာပါတဲ့ သရုပ်ဖော်နေသူ ဇာတ်ဆောင်တွေ၊ ကတ်ပြားရဲ့ နောက်ခံရှုမျှော်ခင်းနဲ့တွဲပြီး အပြင်မှာ ကိုယ်ရှေ့မှာ ငုတ်တုတ်ထိုင်ပြီး ဗေဒင်မေးနေသူ သာမာန်လူသာ တစ်ဦးနဲ့ကို အကိုက်ညီနိုင်ဆုံးအချက်တွေ ရှာပြီး ဟောပြောပေးနိုင်အောင် ကြိုးစားပြီး စဉ်းစားရမှာပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်