တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The Moon (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး




ကိုယ်က သူတစ်ပါးတွေအပေါ် ဆွဲဆောင်နိုင်မယ်။ ကိုယ့်သဘောအတိုင်း နေထိုင်ပြုမူတတ်မှုတွေ ကြောင့် ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်ရှုံ့ချမှုတွေကိုခံရမယ်။ ကိုယ်ကဘယ်လောက်ကောင်းအောင်နေနေ ပြစ်တင်မှုတွေကိုခံရမယ်။ ကိုယ့်ဘက်က ဘာမှအနေအထားပြောင်းသွားလောက်အောင် မဖြစ်သော်လည်း ၀ိုင်းထိုးနှက်မှုကို အလူးအလဲခံရမယ်။ လူပေါင်းမမှားအောင် ဂရုစိုက်ရမယ့်အချိန်ပါ။ အချင်းချင်းတွေ ပြဿနာတက်ပါမယ်။ သူများရဲ့ သွေးထိုးမှုကိုခံရပါမယ်။ ကိုယ့်အပေါ် ကောင်းသယောင် ဆက်ဆံပြီး ပြဿနာတွေပေးသွားတတ်တဲ့လူတွေနဲ့သာ ဆုံဆည်းရပါမယ်။ ရန်သူများတတ်တဲ့ ကာလပဲဖြစ်ပါတယ်။




ပညာရေး




ပညာကို လိုချင်တတ်မက်မှုရှိပေမယ့် ပြိုင်ဖက်တွေကို ဆုံးရှုံးပါမယ်။ ကိုယ့်ကို မနိုင်အောင် တစ်ခြား နည်းလမ်း အမျိုးမျိုးနဲ့ ဒုက္ခတွေ့အောင်လုပ်ခြင်းကို ခံရပါမယ်။ ကိုယ်က ပညာရေးကို စိတ်ကုန်အောင်ကို နှောင့်ယှက်ဖျက်ဆီးပါလိမ့်မယ်။ ပညာရေးကို စိတ်မပါ့တပါဖြစ်တတ်လို့ စာမေးပွဲကျရှုံးတတ်ပါမယ်။ ဒီအချိန် စာ မေးပွဲနှင့်ပတ်သက်လို့ မသမာတဲ့နည်းမသုံးပါနဲ့။ သေချာပေါက် ပြဿနာတက်အရှက်တကွဲ ဖြစ်ရပါမယ်။




စီးပွားရေး



အလုပ်အတွင်း တိုက်ပွဲတွေဖြစ်မယ်။ အုပ်စုဖွဲ့ရန်ရှာတိုက်ခိုက်မှုတွေနဲ့ကြုံမယ်။ အကြံအစည်တွေ မှားယွင်းအောင် သွေးထိုးလှုံ့ဆော်မှုခံရမယ်။ ကြီးကြီးမားမား ဆုံးရှုံးမှုတွေကြောင့် လုပ်ငန်းရပ်တန့်ပြီး၊ လုပ် ငန်းသစ်ပြောင်းလုပ်ရပါမယ်။ လုပ်ချင်တဲ့ကိစ္စမှန်သမျှ ထင်တိုင်းမပေါက်ဖြစ်မယ်။ စီးပွားဖက်တွေရဲ့ လိမ်ညာ လှည့်ပတ်မှုကို ခံရမယ်။ ကိုယ့်လူတွေထဲက နှစ်ယောက်နဲ့ ရေခြားမှာနေတဲ့ ပုဂ္ဂိုလ်တွေ ပူးပေါင်းပြဿနာ ရှာ ပါလိမ့်မယ်။ ကိုယ့်ကို အနည်းနဲ့အများဆိုသလို စိတ်အနှောင့်အယှက်ဖြစ်တတ်အောင်ကို ဒုက္ခပေးပါလိမ့် မယ်။ စိတ်ပြေလက်ပျောက်ဘာသာရေးကို ကိုင်းရှိုင်းပူဇော်လိုက်ပါအုံး။




အိမ်ထောင်ရေး(သို့)အိမ်ထောင်ရေး




အိမ်ထောင်ဘက်^ရည်းစားရဲ့ စွပ်စွဲမှုကြောင့် စိတ်သောကရောက်ရပါမယ်။ ကိုယ့်ဖက်က မှန်သော် လည်း သူမကချက်ကျ လက်ကျအကြောင်းရှာပြီး ပြဿနာရှာတတ်ပါမယ်။ မကြာခဏ စကားများရန်ဖြစ် ရမယ်။ အိမ်နီးချင်းများကြောင့် အချင်းချင်းနားလည်မှုကွဲလွဲမယ်။ အိမ်ထောင်ဖက်ရဲ့ အမျိုးတွေဟာ ကိုယ့်ရဲ့အိမ်တွင်းရေးကို ၀င်ရောက်စွက်ဖက် ချယ်လှယ်ဖို့ ကျိုးစားပါမယ်။ အချင်းချင်းပြေလည်အောင် ညှိ ထားပါ။



ကျန်းမာရေး



အစွယ်ရှိတဲ့ သတ္တ၀ါအကိုက်ခံရပါမယ်။ ဓားကဲ့သို့ ထက်သော အရာနှင့် ထိရှမိမယ်။ အိမ်နဲ့ဝေးဝေး နေရင် ယာယီကျန်းမာရေးတွေဖြစ်ပါမယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်