ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ အိမ်နီးနားချင်းမိတ်ဆွေတွေ ရှိကြပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ ပတ်ဝန်းကျင်လို့ခေါ်တဲ့ သူ ကျင်လည်ရာ ရပ်ဝန်းလေးက အနည်းနဲ့အများဆိုသလို ပြုပြင်မှုကို ခံကြရပါတယ်။ အဲဒီနေရာမှာ အဲဒီလူဟာ ကောင်းရင် ကောင်းသွားသလို ဆိုးရင်လဲ တာတေလန်အောင်ဆိုးသွားပါတယ်။
အထက်မှာ တင်ပြထားတဲ့အတိုင်းကို နားလည်လက်ခံပြီဆိုရင် မိတ်ဆွေများအနေဖြင့် ဤအခန်းကို ဆက်လက်ဖတ်ရှုနိုင်ပါပြီ။ တားရော့မှာလဲ သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း အိမ်နီးနားချင်းမိတ်ဆွေတွေရှိပါတယ်။ အဲဒီ မိတ်ဆွေတွေရဲ့ အရှိန်အ၀ါက သူ့ကို ၀ါးမျိုးသွားတာရှိသလို သူရဲ့ အရှိန်အ၀ါကြောင့် အိမ်နီးချင်းတွေက ဓါတ်ပျက်ပြယ်ကုန်တာ တွေလဲ ရှိကြပါတယ်ခင်ဗျာ။

ပုံမမြင်ရရင် ဒီကဆွဲယူပေးပါ။
- နီးစပ်အဟောများ
0 Comments:
Post a Comment