တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The Tower (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး




သူများပြောစကားကို ယုံလွယ်လို့ ဒုက္ခတွေအလီလီရောက်တာတောင် အမှတ်မရှိတတ်ပါ။ ကိုယ့် အပေါင်းအသင်း အချင်းချင်းက ကိုယ့်ကိုသူ့လူ ကိုယ့်ဘက်သားလုပ်ပြီး ဒုက္ခတွေ ဒလဟောကြီးနဲ့ ထားသွား ကာ ကိုယ်က ဒိုင်ခံခေါင်းရင်းပြီး ဖြေရှင်းပေးရပါမယ်။ ကိုယ်ရှောင်ပြေးလည်း မရတတ်ပါ။ တစ်ခါလွတ်ရင် တစ်ခါဒုက္ခထပ်ရောက်ဖို့ပဲရှိပါတယ်။ အပေါင်းအသင်းပြောင်းရင်တောင် သင့်ကို ဒုက္ခပေးမယ့် အပေါင်း အသင်းတွေသာထပ်မံစောင့်ဆိုင်းနေပါမယ်။ ကိုယ့်ကိုလာသတိပေးသူကိုပင် ပြန်မောင်းထုတ်တတ်ပါမယ်။ ကျောချမှ ဓားပြမှန်းသိပါမယ်။




ပညာရေး




ပညာရေးဆုံးခန်းတိုင်ဖို့ သေမလောက်ကြိုးစားမှသာ အောင်မြင်မှုတစ်ခုကို နည်းနည်းလေးရနိုင်ပါ မယ်။ စာမေးပွဲကျ၊ အင်တာဗျူး မအောင်တာတွေဖြစ်ပါမယ်။ ကိုယ့်ကျောင်းစာအုပ် သူများကယူသွားပြီး ကိုယ်ကစားမေးပွဲမှာ ဒုက္ခတွေ့တတ်ပါတယ်။ စာခိုးချဖို့မကြိုးစားပါနဲ့ တည့်တည့်တိုးပြီး ပညာရေးပျက်စီးသွား တတ်တဲ့ အပြစ်ဒဏ်တွေခံရပါမယ်။ ကျက်သမျှစာတွေအပြင် ပြန်ထွက်သွားပါမယ်။ စာထဲစိတ်ဝင်စားမှု ပြန်ပြီးကြိုးစားကာထည့်ပါ။




စီးပွားရေး



ကိုယ့်ငွေသူများထံ အပ်နှံ၍လုပ်ရသော လုပ်ငန်း၊ အပျော်အပါးနှင့်ပတ်သက်သောလုပ်ငန်း၊ လျှပ်စစ် နှင့်ပတ်သက်သောလုပ်ငန်း၊ အဆောက်အအုံလုပ်ငန်း၊ သူများကို ငွေတိုးချေးထားသော အလုပ်များကို လုံးဝ မလုပ်သင့်ပါ။ ကိုယ့်ငွေတစ်ပြားသားမှ ပြန်မရတတ်ပါ။ လုပ်ငန်းများတွင် ဒေ၀ါလီခံရကိန်းရှိပါသည်။ လုပ်သမျှ အလုပ်မှန်သမျှ ဒုက္ခတွေ့တတ်ပါသည်။ လုပ်ငန်းနှင့်ပတ်သက်၍ တိုးချဲ့ခြင်းများရှောင် ကြဉ်ပါ။ စွန့်စားပြီး လုပ်ရမယ့်ကိစ္စတွေ လုံးဝမလုပ်ပါနဲ့။ သောကရောက်ရပါမယ်။ ကိုယ်ပိုင်ပစ္စည်းတွေ တစ်စစီဖြစ်သွားကာ လက်မှိုင်ချပြီး ကြည့်နေရပါမယ်။




အိမ်ထောင်ရေး(သို့)အိမ်ထောင်ရေး




အချစ်၏ နောက်ဆုံးအဆင့်ကိုရောက်ပြီးမှ တစ်ဘက်မှပြဿနာအကြီးအကျယ်ရှာသောကြောင့် ဒုက္ခ တွေအတုံးလိုက် အတစ်လိုက်ရောက်တတ်ပါသည်။ ကိုယ့်ဖြေရှင်းချက်တွေကို နားမထောင်၊ လိုက်လျောမှု တွေကို ဂရုမစိုက်သူတို့ကသာ သူတို့စီရင်ချက်ချပါမည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ပြိုကွဲရသည်အထိ လူမှုရေးပြဿနာများနှင့် ကြုံတွေ့ရတတ်ပါသည်။ ကိုယ်ချစ်တဲ့လူကို ယခုအချိန် ချစ်ရေးမဆိုသင့်ပါ။ တစ်ခါ တည်းနှင့်ကိုယ့်ကိုမောင်းထုတ်ခြင်းခံရပါမယ်။ အပျော်အပါးရှောင်ကြဉ်ပါ။




ကျန်းမာရေး



အမြင့်မှပြုတ်ကျခြင်း၊ လျှပ်စစ်ဘေးအန္တရာယ်၊ မီးဘေးဒုက္ခ၊ အိပ်ယာထဲ အကြာကြီးနေရတတ်ခြင်း၊ နလန်ထမှာ ပြန်ပြီးဒဏ်ဖြစ်သွားခြင်း၊ အစူးဆူးခြင်းတို့ဖြစ်တတ်ပါမယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်