တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

Death (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး



တစ်ခုခုဖြစ်လျှင် အရာရာကို စိတ်ပျက်အားငယ်ပြီး စိတ်ညစ်ညူးစွာဖြစ်နေတတ်ပါသည်။ တစ်ခါတရံ မအောင်မြင်ရုံနဲ့ လက်လျှော့ချင်စိတ် ပေါက်ပြီး ဘေးထွက်ထိုင်ချင်စိတ်ရှိမည်။ ကိုယ်ကရှောင်သော်လည်း ကိစ္စများက ကိုယ့်ကို မရှောင်တတ်ပါ။ ခင်ရာခင်ကြောင်း လူတွေနှင့်ပြဿနာ အတန်ငယ်ရှိသည်။ အပေါင်း အသင်းများ၏ ကူညီမှုကို မရတတ်ပါ။ အချင်းချင်းစည်းလုံးညီညွတ်မှု ပြိုကွဲပြီး စိတ်ဝမ်းကွဲရတတ်ပါသည်။ ဘာလုပ်လုပ် မကောင်းပြောခံရသဖြင့် စိတ်ညစ်ညူးနေရတတ်ပါသည်။ ကိုယ်စိတ်ကို ပိုင်နိုင်အောင် ထိန်း ကျောင်းပြုပြင်ကြပ်မတ်ရန် အချိန်ကျရောက်လာပါပြီ။



ပညာရေး



သင်ကြားသမျှ ခေါင်းထဲထည့်ရန် နေရာပေးမထားနိုင်ပါ။ လွင့်နေသောစိတ်ကို ထိန်းရခက်သော ကြောင့် အရေးတကြီး အချိန်ကျမှကပ်ပြီး ကျရှုံးနိုင်သည်။ ၎င်းင်းဖြစ်စဉ်များမှာ ခဏမျှသာဖြစ်တတ်ပြီး၊ မကြာ ခင် ပြန်လည်ပြီး ကိုယ့်သင်ကြားမှုကို အထောက်အကူပေးနိုင်မည့်အချိန် သမားတော်ရောက်လာပါမည်။ ဥာဏ်ပညာမှတ်ဥာဏ် ကောင်းမွန်ပါသော်လည်း ဇွတ်တရွတ်လုပ်တတ်မှုကြောင့် ကျရှုံးနိုင်သည်များကို အထူး သတိပြုဆင်ခြင်မှတ်သားသင့်ပါသည်။ ကိုယ်လက်ရှိလုပ်နေတဲ့ ပညာသင်ကြားမှုကိုသာ အဓိက ဦးစား ပေးသင့်ပါသည်။



စီးပွားရေး



လုပ်လက်စလုပ်ငန်းအားလုံးကို ရပ်တန့်ပြီး နေရာသစ်၊ အလုပ်အကိုင်သစ်၊ အကြံအစည်သစ်တွေ နှင့် ပြန်လည်စတင်သင့်ပါပြီ။ ပြောင်းလဲမှုတွေ လိုလားတောင့်တနေကြပါတယ်။ ကိုယ့်လက်အောက်ငယ်သား များကို ယုံကြည်စွာ မလွှဲအပ်ပါနှင့် ကိုယ့်လုပ်ငန်းများ ပျက်စီးသွားတတ်ပါသည်။ ကိုယ်ထက်အင်အားကြီး သော လုပ်ငန်းရှင်များနှင့် ပြိုင်ဆိုင်လုပ်ကိုင်မှုများကို ရှောင်ရှားသင့်ပါသည်။ ကိုယ်ကလက်မြှောက်အရှုံး ပေး ရလောက်အောင် ထိုသူတို့၏ နှိပ်ကွပ်ခြင်းကို ခံရပါမည်။ အထူးသဖြင့် ရေခြား၊ မြေခြားပုဂ္ဂိုလ်တို့နှင့် မယှဉ် ပြိုင်သင့်ပါ။ ကိုယ့်ကို ၎င်းင်းတို့ကလည်း လာရောက်ယှဉ်ပြိုင်တတ်ပါသည်။ ထိုအခါလည်း ကိုယ်ကမနိုင် တတ်ပါ။ ကိုယ့်ဖာသာ ဘာသိဘာသာနေတတ်အောင် ကျိုးစာပါ။ ပြိုင်ဆိုင်မှုများသည် ပြည်တွင်း (သို့) ပြည်ပမှလည်းဖြစ်နိုင်ပါသည်။



အိမ်ထောင်ရေး(သို့)အချစ်ရေး



ချစ်သူနှင့်အိမ်သူသက်ထားနှင့် စိတ်ဝမ်းကွဲပြီး ပြဿနာအကြီးအကျယ်တက်တတ်ပါသည်။ ကိုယ်မှန် မှန်သူ မှန်မှန် ဘယ်သူမှ ဝေခွဲမရတတ်ပါ။ ကြားလူဝင်ရောက်စွက်ဖက်တတ်ပါသဖြင့် အချင်းချင်း ပြန်လည် သင့်မြတ်အောင် အမြင်ခြင်းပွင့်ပွင့်လင်းလင်း ဖလှယ်ပြီး ရှင်းလင်းသင့်ပါသည်။ ကြာလာလျှင် ကွဲကွာရသည် အထိ ဖြစ်တတ်ပါသည်။ ဘယ်သူမှ ကိုယ့်ဘက်မှာမရှိနိုင်ပါ။ ကိုယ့်ကိုကိုယ် ကြိုးစားမှသာ အောင်မြင်ပါမည်။



ကျန်းမာရေး



စိတ်နှင့်ပတ်သက်သော ရောဂါ၊ ကျန်းမာရေး မကြာမကြာ ချူချာမှုတွေဖြစ်ပါမယ်။ အသက် အန္တရာယ် စိုးရိမ်စရာမရှိနိုင်ပါ။ စိတ်ကြောင့်သာ ဒုက္ခရောက်တတ်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်