တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The Star (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး




အတွေးအခေါ်တွေ ပွင့်လင်းလန်းဆန်းမယ်။ ပတ်သက်သမျှ လူတွေအပေါ် စိတ်ထားဖြူစင်သန့်ရှင်း စွာနဲ့သာ ဆက်ဆံတတ်မယ်။ လက်တွေ့ကျကျသာအဓိကထားပြီးစဉ်းစားမယ်။ နေထိုင်တတ်မှုကြောင့် လူချစ်လူခင်ပေါများမယ်။ မိတ်ဆွေတွေအပေါ် အကူအညီအနည်းငယ်စီပေးရတတ်တယ်။ လူတွေရှေ့မှာ ထင်ပေါ်လိုတဲ့စိတ်ရှိမယ်။ ကိုယ့်ရဲ့ထင်ပေါ်ကျော်ကြားမှုကြောင့် အားကိုးသူတွေရှိတယ်။ လုပ်သမျှအပေါ် မျှော်လင့်ချက်ကြီးကြီးထားပြီး လုပ်မယ်။ လူကြီးမိဘတွေကို ရိုသေလေးစားတတ်မယ်။ တစ်ခါတရံ မလိုအပ်ပဲ သွယ်ဝိုက်ပြီး လုပ်တတ်မယ်။




ပညာရေး




ပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ ပညာကို ကြိုးစားသင်ယူမယ်။ ကိုယ်လိုချင်တဲ့ ပညာကို မရရအောင်ယူနိုင်သော်လည်း ရံဖန်ရံခါ မေ့သွားပြီးမှ ပြန်သတိရလာတတ်မယ်။ ကိုယ်ကျိုးစားသလောက် အောင်မြင်မယ်။ အတန်းဖော်တွေရဲ့ အကူအညီရမယ်။ ဆရာသမားတို့၏ စံပြဖြစ်တတ်တယ်။ တည်ငြိမ်အေး ချမ်းစွာနဲ့သာ ပညာရေးကို လမ်းဆုံးအထိ သင်ကြားရပါမယ်။ ကိုယ့်ကိုလိုလားစွာသင်ကြားပြသပေးမယ့် ဆရာသမားကောင်းများနဲ့တွေ့မယ်။




စီးပွားရေး



အသေးစိပ်ကစပြီး ကြိုးစားမှုရှိပါမယ်။ အောက်ခြေသိမ်းလုပ်ငန်းတွေကို ကျွမ်းကျင်အောင်လေ့ကျင့် ပြီးမှသာ အောင်မြင်တတ်ပါတယ်။ အလုပ်တွင် ဒုတိယ(သို့) တတိယဦးစီးအရာရှိသာဖြစ်နိုင်ပါသည်။ ငွေကြေးစုဆောင်းမှုနည်းလမ်းကျစွာ စုဆောင်းတတ်ပါတယ်။ ကိုယ်လုပ်မယ့် အလုပ်တွေ ဘယ်အချိန်မှာ ထလုပ်လုပ် သူများထက် ထူးတဲ့အသစ်အဆန်းလုပ်ကွက်တွေကို တီထွင်ပြီး လုပ်တတ်ပါမယ်။ လုပ်တဲ့အလုပ် ကြီးပျက်စီးသွားအုန်းတော့ ပြန်လုပ်တဲ့အခါ စိတ်ဓာတ်ခိုင်မာစွာနဲ့ ယုံကြည်မှုအသစ်နဲ့လုပ်တတ်ပါမယ်။ လုပ် ကွက်တစ်ခုမှာ လုပ်သွားတဲ့ကိစ္စဟာ လူသာသေမယ် နာမည်ကတော့ လူအများပါးစပ်မှာ တသသ စွဲသွား အောင်ကြိုးစားချင်စိတ်ရှိပါမယ်။




အိမ်ထောင်ရေး(သို့)အချစ်ရေး




ကိုယ်က ကိုယ့်ထက်အဆင့်မြင့်သူနှင့်တွဲ (သို့) အိမ်ထောင်ပြုရပါမည်။ ချစ်မှုရေး ရာ၌ ကံကောင်းပြီး တည်ငြိမ်အေးဆေးစွာ အောင်မြင်တတ်ပါမယ်။ ကိုယ်ရှာသလောက် အိမ်သူက စုဆောင်းချွေတာတတ်တဲ့ လူမျိုးနဲ့ ညားတတ်ပါမယ်။ တစ်ခါတစ်ရံ ငွေကြေးသည် အလဟသဖြစ်တတ်သဖြင့် အနည်းငယ်စကားပြောရ ပါမယ်။ သာယာသောအိမ်ထောင်ရေးပါ။



ကျန်းမာရေး



ခြေတစ်ဘက်ထုံကျဉ်ကိုက်ခဲခြင်း၊ အအေးမိခြင်း၊ အညောင်းရောဂါနှင့် သာမန်ယာယီရောဂါ များသာ ဖြစ်ပွားနိုင်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်