တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The Hangedman (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး



စိတ်မကြည်မသာဖြစ်မှုများကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ ကိုယ်ကဘယ်လိုပဲ ကောင်းအောင် လုပ်ပေးလုပ်ပေး လူတွေက ကိုယ့်ကို အပြစ်မြင်မှုများကို ခံရပါမည်။ လုပ်ပေးသမျှအားလုံးဟာလည်း တစ်ဖက်လူရော ကိုယ်ပါလမ်းခုလပ်တွင် တ၀ဲလည်လည်ဖြစ်နေတတ်သဖြင့် ကိုယ့်ကိုအပြစ်တင်ပြောဆိုချင်း များကိုခံရပါမည်။ နောက်မှ ကိုယ်ပြောတာ မှန်မှန်းသိလို့ သူက ကိုယ့်ကို ပြန်တောင်းပန်တာကို ခံရပါမည်။ စိတ်မတင်မကျဝေခွဲမရဖြစ်ရပ်များကို ကြုံတွေ့ရပါမယ်။



ပညာရေး



ကိုယ်ဘ၀အတွက် လိုအပ်မယ့် ပညာတွေကို သင်ဖို့ရာ အနှောက်အယှက်တွေ တွေ့ရပါမယ်။ မိသား စုဆွေမျိုးအသိုင်းအ၀ိုင်းက မကျေမလည်နဲ့ ဒီလိုအပ်တဲ့ပညာကို မသင်ဖို့တောင်းဆိုတတ်ပါမယ်။ ကိုယ်က လည်း ဒါဆိုမှဒါမရ ရအောင်သင်တတ်ပါလိမ့်မယ်။ လိုချင်တဲ့ ပညာတ်မြောက်ပြီး လက်တွေ့အသုံးမချနိုင်ဖြစ် ပါမယ်။ စာမေးပွဲတွေ၊ အင်တာဗျူးဖြေဆိုမှုတွေမှာ အမှတ်ပြည့်ရအောင် မဖြေဆိုနိုင်ပါ။ ဒါပေမယ့် ကံကောင်းထောက်မပြီး မော်ဒရေးရှင်းနဲ့ကပ်အောင်မယ့်အချိန်ကောင်းတွေပါ။ ကိုယ့်စိတ်ကို နိုင်အောင်ထိန်း ပြီး ပညာရေးဆုံးခန်းတိုင်အောင်ကျိုးစားပါမှ အောင်မြင်မှုတွေရပါမယ်။



စီးပွားရေး



ကိုယ့်ဖက်ကို ရောက်လုရောက်ခင်မှ အခွင့်ကောင်းတွေလက်လွတ်သွားရမယ်။ လုပ်ငန်းစလုပ်စ အချိန်မှာ လိုအပ်မယ့်အချက်အလက်တွေ မပြည့်စုံတတ်ပါ။ လုပ်ငန်းအတွေ့အကြုံ<ကယ်ဝခြင်း နည်းပါးလို့ သူများကို ပြိုင်ဆိုင်မှုများကို ရှောင်ရှားပါ။ အခုအချိန်မှာ သင်ပြိုင်ဆိုင်ပြီး လုပ်သမျှ နှောင့်နှေးကြန့်ကြာပြီး ရှုံးနိမ့်ရတတ်ပါမယ်။ ကျဆုံးမှုကို သင်ခန်းစာယူရမယ့် ကံပါလာပါတယ်။ ဒီလဲပြိုမှုများကနေမှ သင့်ဘ၀ကို ပြန်လည်ပြုစုပျိုးထောင်ရပါမယ်။ ယခုလဲပြိုမှုဟာလဲ ခေတ္တခဏဒုက္ခရောက်မှုသာဖြစ်ပြီး သိပ်ကြာကြာမခံ ရပါ။ နောင်ကြဉ်သွားအောင် ကံ၏လှည့်စားမှုများသာဖြစ်ပါသည်။



အိမ်ထောင်ရေး(သို့)အချစ်ရေး


အိမ်သူ (သို့) ချစ်သူကလည်း ကိုယ့်ကိုအလိုမကျ သင်ကလဲ သူမကို အလိုမကျဖြစ်နေရမည်။ အရာ ရာကို သူ့ဘက်ကိုယ့်ဘက်မျှမျှတတ ပြောဆို ဆွေးနွေးညှိနှိုင်းမှုများကို မပြုလုပ်ပဲ နှစ်ဦးစလုံး ပါးစပ်ရေငုံ မပြောပဲ အုံ့ပုန်း ဒုက္ခရောက်နေရမည်။ ပွင့်လင်းမှုရှိလျှင် အားလုံးအဆင်ပြေသွားမည့်ဟာကို သူကပြောနိုး၊ ငါကပြောနိုးနှင့် စောင့်ရင်းအချိန်ကုန်မခံသင့်ပါ။ ပြောဆိုညှိနှိုင်းမှု များရှိမှသာ အဆင်ပြေချောမွေ့နိုငိပါ မည်။



ကျန်းမာရေး


ခြေကျင်းဝတ်၊ လက်ကောက်ဝတ်နှင့်ဆိုင်သော အကြောများ၊ အရိုးများကိုက်ခဲခြင်း၊ ခေါင်းများမူး ဝေခြင်း၊ ဒူးအဆစ်ပြုတ်ခြင်း၊ သွေးကျရောဂါများဖြစ်တတ်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်