တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, July 2, 2007

The Magician (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့် ပေါင်းသင်းဆက်ဆံရေး


စိတ်ဓာတ်ပြင်းထန်မှုသည် သင်၏သင်္ကေတလက္ခဏာပင်ဖြစ်သည်။ သင်ကိုယ့်ကို သင်ယုံကြည်မှု အပြည့်အ၀ရှိတတ်သည်။ တစ်ခုခုကို လုပ်လျှင်ဖြစ်လာမည့် အကျိုးဆက်အားလုံးကို စဉ်းစားချင့်ချိန်မှုနည်း သော်လည်း ရှေ့ခရီးသို့ကြည့်၍လုပ်တတ်မည်။ အရာရာကို ပြတ်ပြတ်သားသားလုပ်ကိုင်တတ်သောကြောင့် မကြာခဏ အမှားတွေ့ရတတ်သည်။ သင်၏စွမ်းရည်ဖြင့် သူတစ်ပါးကူညီချင်စိတ်ရှိမည်။ ဆောင်ရွက်ဖွယ်ကိစ္စ ကို လုပ်နေရင်းမှ တလည်လည်ဖြစ်တတ်သည်။ ကိုယ်ကလိုက်ပြိုင် (သို့) ကိုယ့်ကိုပြဿနာရှာလျှင် ဒုက္ခပေး ရမှကျေနပ်တတ်သည်။ သူတစ်ပါးကို မနာလိုတတ်သော စိတ်ရှိမည်။



ပညာရေး




အထူးကောင်းမွန်ပါသည်။ ယခုအချိန်တွင် သင်သည် ပညာသစ်များကို ရှာဖွေရပါမည်။ လမ်းရိုး ပညာရပ်များဖြင့်လည်း အကျိုးပေးတတ်ပါသည်။ အခြေခံမှစ၍ ဆရာသမားထံဝတ်ကြီးဝတ်ငယ်ပြုစုပေးရင်း သင်ယူရတတ်ပါသည်။ ပညာအနည်းငယ်သာတတ်သောအချိန်ကာလအတွင်း သင်၏လက်တည့်စမ်းတတ်မှု ကြောင့် ဘေးဒုက္ခများရောက်တတ်ပါသည်။ ထိုဒုက္ခကို ဖြေဖျောက်နိုင်စွမ်းနည်းပါးသောကြောင့် ပညာသင် မှု ဆုံးပါးပျက်စီးတတ်ပါသည်။ ဆရာသမားတို့ သင်ပေးသလောက်နှင့် မတင်းတိမ်တတ်ပါ။ ကိုယ်ဘာသာကိုယ် တီထွင်ကြံဆဥာဏ်များနှင့် ပြည့်နှက်နေမည်။



စီးပွားရေး


အလုပ်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက် သဘောနှင့် ဆန်းပြားတဲ့အတွေးအခေါ်ကို မှန်ကန်တဲ့ လှုပ်ရှားမှုနှင့်ပေါင်းစပ်ပြီး သန့်ရှင်းတဲ့စီမံကိန်းတွေချမှတ်ကာ လက်တွေ့ကျတဲ့ဘ၀ကို တည်ထောင်ရမယ်။ စလုပ်ကတည်းက သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုပြီးသာလုပ်ပါ။ ကိုယ်နဲ့လမ်းကြောင်းတူတဲ့ ရှေ့ကလူတွေ ကို လိုက်ပြီး တုပအနိုင်ရတတ်ပါတယ်။ (သို့) ကျော်လွှားနိုင်ပါမယ်။ ရံဖန်ရံခါ သူတို့ရဲ့ ပြန်လည်ထိုးနှက်မှု ကြောင့် ကိုယ့်ဘ၀ပျက်စီးတတ်တာကို သတိပြုရပါမယ်။ ကိုယ့်မှာ လုပ်ငန်းအတွေ့အကြုံပြည့်ဝမှုရှိသော် လည်း ဆန်းသစ်တဲ့ အခြားလုပ်ငန်းများကို လုပ်ကိုင်ချင်စိတ်ရှိပါမယ်။ လယ်ယာမြေလုပ်ငန်း၊ ဥယျာဉ် လုပ်ငန်း ၊ လေကြောင်းလုပ်ငန်း၊ တွင်းထွက်ပစ္စည်းလုပ်ငန်း၊ အများနှင့်သက်ဆိုင်သော အထူးသဖြင့် အမျိုး သမီးများနှင့်ပတ်သက်သော လုပ်ငန်းများနှင့် အောင်မြင်တတ်ပါသည်။


အိမ်ထောင်ရေး၊ အချစ်ရေး


သင်သည် မ ကိစ္စ ၀ါသနာလည်းပါ အလုပ်အကိုင်ကလည်း နယ်တကာလှည့်နေရပါက တစ်ရွာ တစ်ကြည်ဆောက်ဆိုသလိုပင် အလွန်မြာပွေသူဖြစ်တတ်မည်။ တစ်နေရာတည်းမှာပင် တစ်ယောက်ပြီး တစ် ယောက်ဖြစ်တတ်မည်။ နေရာအတည်တကျနေထိုင်ရပါကမူ သင်၏အမျိုးသမီးရှေ့တွင် ငြိမ်သက်စွာနေထိုင် တတ်ပြီး ကွယ်ရာတွင် ထင်သလိုသောင်းကျန်းတတ်မည့်သူဖြစ်သည်။ မခုတ်တတ်တဲ့ကြောင်ပုံ ဖမ်းမည်။ သင်၏ကံကလည်း ငါးကြော်မကြိုက် ကြောင်မိုက်ဆိုသကဲ့သို့ ၀ိုင်းဝိုင်းလည်နေတတ်မည်။


ကျန်းမာရေး


မဖြစ်လျှင် မဖြစ်၊ ဖြစ်လျှင် တုံးကနဲဖြစ်တတ်မည်။ အဆိပ်ရှိသော သတ္တ၀ါအကိုက်ခံရတတ်သည်။ လေရောဂါဂရုစိုက်ပါ။ သူများလုပ်ကြံခြင်းကို ခံရတတ်သည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်