အ၀ါရောင်နောက်ခံတွင် အနီရောင်ဝတ်ရုံကိုဝတ်၍ ယုံကြည်စိတ်အပြည့်အ၀ရှိသောအပြုံး နှင့် တောက်ပသောမျက်လုံးတို့ဖြင့် လူရွယ်တစ်ဦးသည် ရှေ့သို့ကြည့်နေသည့်ဟန်ပန်ဖြစ်ပါသည်။ သူ၏ခေါင်းပေါ်တွင် ထဆင်ထူးပုံစံသင်္ကေတလေးရှိပါတယ်။ ညာလက်မှာ တုတ်အနီလေးတစ်ခု ကိုကိုင်ပြီး အပေါ်ကို ထောင်ထားပါတယ်။ ဘယ်လက်ကလက်ညိုး ကို အောက်သို့ညွှန်ထားပါတယ်။ ခါးမှာ မြွေက သူ့အမြီးသူပြန်မျိုထား တဲ့ ခါးပတ်ကိုပတ်ထားပါတယ်။
သူ့အပေါ်မှာ နှင်းဆီနီတွေ ပွင့်နေပြီး အောက်မှာ လီလီပန်းပွင့်အဖြူတွေ ပေါက်နေပါတယ်။ သူ့ရှေ့ကခုံပေါ်မှာ တုတ်၊ခွက်၊ဓါး၊ကြယ် တို့ကိုအစဉ်လိုက်ချထားပါတယ်။
ကဲပုံအဓိပ္ပါယ် ရှင်းလင်းချက်တွေကို လေ့လာပါဦး။
ထဆင်ထူးပုံစံသင်္ကေတလေး နဲ့ မြွေကသူ့အမြီးသူပြန်မျိုထားတဲ့ခါးပတ် က အဆုံးအစမရှိတာ ကို ကိုယ်စားပြုပါတယ်။
ညာလက်မှာတုတ်အနီလေးတစ်ခုကိုကိုင်ပြီးအပေါ်ကိုထောင်ထားတာ က ကောင်းကင်ဘုံ ကို ကိုယ်စားပြုပါတယ်။
ဘယ်လက်ကလက်ညိုး ကို အောက်သို့ညွှန်ထားတာ က ပထ၀ီမြေကြီး ကို ကိုယ်စားပြုပါတယ်။
*သဘောက မိုးအောက်မြေပြင်မှာရှိတဲ့ စွမ်းအားတွေကို စုတ်ယူနေတဲ့ပုံ ကို ပုံဖော်တာပါ။
နှင်းဆီနီတွေ က အမျိုးသမီး ကို ကိုယ်စားပြုပါတယ်။
လီလီပန်းပွင့်အဖြူတွေ က အမျိုးသား ကို ကိုယ်စားပြုပါတယ်။
ခုံပေါ်မှာ တုတ်၊ခွက်၊ဓါး၊ကြယ် မှာ
တုတ် က ဆန်းပြားတဲ့အတွေးအခေါ် ကို ကိုယ်စားပြုပါတယ်။
ခွက် က မှန်ကန်တဲ့လှုပ်ရှားမှု ကို ကိုယ်စားပြုပါတယ်။
ဓါး က သန့်ရှင်းတဲ့စီမံကိန်း ကို ကိုယ်စားပြုပါတယ်။
ကြယ် က လက်တွေ့ကြတဲ့လုပ်ဆောင်မှု ကို ကိုယ်စားပြုပါတယ်။
*သူဟာ အဲဒါတွေကို သူ့ရဲ့ လက်နက်တွေအဖြစ် အသုံးပြုတာပါ။
The Magician ကတ်ပြား အလှုပ်နဲ့အငြိမ်
0 Comments:
Post a Comment