တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, December 9, 2007

The empress ကတ်ပြား သင်္ကေတ အဓိပ္ပါယ်

ပန်းမာန်ချုံနွယ်တွေ ပွင့်ဖူးလန်းဆန်းနေတဲ့ ဥယျာဉ်ကြီးရဲ့အလယ်မှာ အမျိုးသမီးဟာ သက်တောင့်သက်သာ ထိုင်နေတဲ့ ပုံလေးပါ။ ဂရိရာဇ၀င်တွေမှာ သူ့ကို ဒီမီတာ လို့လဲခေါ်ကြပါတယ်။
သောကြာနေ့ ရဲ့ အထိမ်းအမှတ် အဖြစ်လဲ သတ်မှတ်ကြပါတယ်။ တစ်ချို့သော တားရော့အမျိုးအစားတွေမှာ ကိုယ်ဝန်ဆောင်ပုံ အနေနဲ့ ပုံဖော်တာလဲ တွေ့ကြရပါမယ်။ သူမရဲ့
ညာဘက်လက်မှာ တုတ်တံတစ်ချောင်း ကိုင်ထားပါတယ်။ အသဲပုံ ပုလ္လင်ပုံစံ တစ်ခုမှာထိုင်နေပါတယ်။

ကဲ ပုံအဓိပ္ပါယ် ရှင်းလင်းချက်လေးက ဒီလိုပါတဲ့

ညာဘက်လက်မှ တုတ်တံ က ဥပဒေ ကို ကိုယ်စားပြုပါတယ်။
အသဲပုံ ပုလ္လင်ထဲက သင်္ကေတလေးက သောကြာဂြိုဟ် ကို ကိုယ်စားပြုပါတယ်။

Blogger မှာ Gif ပုံတင်တာ မရဘူး။ ဂူးဂဲပေ့ လဲကြောင်နေလို့ Media fire မှာတင်ပေးလိုက်ပါတယ်။
The empress ကတ်ပြား အလှုပ်နဲ့အငြိမ်

သူနဲ့သက်ဆိုင်တဲ့ဒီလင့်လေးကို မြန်မာဘာသာ အင်းပရက်(စ်) အဟော
ပြန်လေ့လာပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်