တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, December 2, 2007

တားရော့ကတ်တွေ ရဲ့ ကိုယ်စောင့်နတ်များ

လူတွေမှာ ကိုယ့်ကိုစောင့်ရှောက်တဲ့ ကိုယ်စောင့်နတ်တွေရှိသလိုပဲ ဒီတားရော့ဆိုတဲ့ လူတွေနဲ့ နီးစပ်တဲ့ လူတွေကပဲတီထွင်ထားတဲ့ ပညာရပ်မှာလဲ တားရော့ပညာကို စောင့်ရှောက်တဲ့ ကိုယ်စောင့်နတ်တွေရှိကြပါတယ်။ အနောက်တိုင်းမှာတော့ အဲဒိကိုယ်စောင့်နတ်အမည်တွေကို ရွတ်ဆိုပြီး ဆောင်တတ်ကြပါတယ်။ မြန်မာလိုရှင်းရှင်းပြောရရင်တော့ ဂါထာတော်ပေါ့ဗျာ။ သက်ဆိုင်ရာကတ်ကိုဆောင် အဲဒိဂါထာရွတ် ဒါပဲပေါ့။ ယတြာအဆောင်သဘောနဲ့ဆောင်ပြီး အန္တရာယ်ကင်းပြီး လာဘ်လာဘရွှင်အောင် ရွတ်ဆိုပွားများလို့ ရတဲ့သဘောပါပဲ။


တားရော့ကတ်များ= ကိုယ်စောင့်နတ်များ

(0) The fool= ဇီလော့ဇီး(လ်)

(1) The magician= ရာဖေး(လ်)

(2) The high priestess= ဂါဘရယ်(လ်)

(3) The empress= အနယ်(လ်)

(4) The emperor= မာ(လ်)ချီဒယ်(လ်)

(5) The hierophant= အတ်(စ)မိုဒယ်(လ်)

(6) The lovers= အမ်ဘရာယ်(လ်)

(7) The chariot= မုရယ်(လ်)

(8) Strength= ဗာချီ(လ်)

(9) The Hermit= ဟမာလီ(လ်)

(10) Wheel of Forture= ဆချီ(လ်)

(11) Justice= ဇုရယ်(လ်)

(12) The hangedman= ချန်ကီ(လ်)

(13) death= ဘာချီ(လ်)

(14) temperance= အက်ဗချီ(လ်)

(15) The devil= ဟနယ်(လ်)

(16) The tower= ဆမီ(လ်)

(17) The star= ကမ်ဘရယ်(လ်)

(18) The moon= အမ်နီဇီး(လ်)

(19) The sun= မီချီ(လ်)

(20) Judgement= ဟစ်ချီ(လ်)

(21) The world= ကတ်(စ)ဆယ်(လ်)

ဒီ တားရော့ကတ်တွေ ရဲ့ ကိုယ်စောင့်နတ်များဟာ အစွမ်းရှိရဲ့လားလို့မမေးပါနဲ့။ အရာဝတ္တုတစ်ခုကို (သို့) အကြောင်းအရာတစ်ခုကို (သို့) စာ/ဂါထာတစ်ခုကို အချိန်ကြာကြာ စိုက်လိုက်မတ်တတ် ရွတ်ဖူးရင် အဖြေကိုသိပါလိမ့်မယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်