တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

Temperance (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး



ကိစ္စတိုင်းအတွက် ထူးခြားဆန်းပြားတဲ့ အကြံဥာဏ်သစ်တွေ ကြံဆနေတတ်မယ်။ တစ်ခုခုကို လုပ်ပြီ ဆိုရင် ပြီးဆုံးတဲ့အထိ ကျိုးကျိုးစားစား ဇွဲလုံ့လရှိစွာ လုပ်တတ်မယ်။ နယ်မြေဗဟုသုတအတွက် လျှောက် လေ့လာချင်မယ်။ တစ်ခါတရံ ဒွိဟဖြစ်တတ်သော်လည်း ၎င်းင်းစိတ်သည် မှန်ကန်နေတတ်သည်။ မိတ်ဆွေတွေ အပေါ် ကိုယ်ချင်းစာပြီးပေါင်းသင်းမယ်။ ကိုယ့်အပေါ် ဘယ်လိုသဘောရှိရှိ ကိုယ်ကဂရုမပြုပဲ လိုအပ်တာ အကုန်ဖြည့်စည်းပေးချင်မယ်။ ကိုယ်စကားကို သူတို့က ယုံကြည်ပြီး လိုက်နာသွားတာနဲ့အမျှ ပီတိဖြစ်ပြီးသာ နေတတ်မယ်။ ကိုယ့်မှာ အမာခံရော၊ အခြေအနေကြည့်ပေါင်းတဲ့ မိတ်ဆွေတွေပါရှိမယ်။



ပညာရေး



စာထဲမှာ စိတ်ဝင်တစားလေ့လာသော်လည်း ဒီစာတစ်ခုတည်းနဲ့ ရောင့်ရဲခြင်းမရှိတတ်ပါ။ ပညာရပ် တွေတစ်ခုပြီး တစ်ခု သင်ကြားလိုမယ်။ အတန်းဖော်တွေကိုလည်း စာပြန်ပြပေးရတတ်တယ်။ ဥာဏ်ကောင်း ပြီး ကျိုးကျိုးစားစားနေမယ်။ စာတွေကို အသက်ကြီးရွယ်အိုအထိလောက် သင်နေရတတ်တယ်။ ရံဖန်ရံခါ စာကျေအောင်မလုပ်ပဲ တခြားစာလေ့လာဖို့ အနည်းငယ်ဒုက္ခတွေ့မယ်။ ပညာရေးတွင် ကျိုးစားပြီး ပညာနဲ့ သာ ၀မ်းစာရှာဖွေချင်မယ်။ ဆရာသမားတွေက လိုအပ်တဲ့အကူအညီတွေပေးပြီး သင်ကြားပေးတာနဲ့တွေ့ကြုံ ရတတ်မယ်။




စီးပွားရေး



ကိုယ့်ရဲ့လက်အောက်ငယ်သား (သို့) လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချစ်ခင်လေးစားမှုကို ခံရမယ်။ ကိုယ်ကလည်း သူတို့နဲ့ ဝေစားမျှစား လုပ်ချင်တဲ့ စိတ်တွေရှိမယ်။ အောက်လက်ငယ်သား အကျိုးကိုခံစား ရမယ်။ အရေးကြီးတာက အလုပ်တစ်ခုကို တွေးနေရင်းတန်းလုပ်ပစ်တာဟာ အောင်မြင်မှုသော့ချက်လို့ သဘောထားပါ။ ကိုယ်ပိုင် ထိုးထွင်းစဉ်းစားဆင်ခြင်ဥာဏ်ကြီးမားမယ်။ ကိုယ့်ထက် ပညာရှိတဲ့လူက ပေးတဲ့ အကူအညီ တွေကြောင့်လဲ အောင်မြင်ရတတ်မယ်။ အတိတ်နဲ့ လက်ရှိအချိန်မှာ အောင်မြင်မှုအနည်းငယ် နည်းပါးတတ် သော်လည်း အနာဂတ်မှာ အလွန်အကျိုးပေးမယ်။ ငွေကြေးအဖိတ်အစဉ် အနည်းငယ်ရှိ တတ်မယ်။ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ စပ်တူရှယ်ယာ လုပ်ငန်းများနှင့် အဆင်ပြေချောမွေ့အောင်မြင်နိုင်ပါသည်။ အောက်သက်ကျေပြီးမှသာ အောင်မြင်မှုရ တတ်ပါသည်။



အိမ်ထောင်ရေး(သို့)အချစ်ရေး



သူရောကိုယ်ပါ အထူးအပြန်အလှန်နားလည်မှု ကိုယ်စီနှင့် ပျော်ပျော်ပါးပါး နေရပါမည်။ နှစ်ဘက် မိဘဆွေမျိုးအသိုင်းအ၀ိုင်းကလည်း ကိုယ့်မိသားစုကို ချစ်ခင်နှစ်သက်ပါမည်။ တခြားစိတ်ဝင်စားသော စိတ် တို့သည် သနားရာမှစတင်လာတတ်ပါသည်။ ၎င်းင်းစိတ်မပေါ်အောင်တော့ သတိပြုပါ။ သားသမီးရတနာရ တတ်ပါသည်။ ကိုယ်ကအေးအေးဆေးဆေးနေတတ်သော်လည်း ကိုယ့်ကို စိတ်ဝင်စားသူတွေရှိနေတတ်ပါ သည်။



ကျန်းမာရေး



ချွေးငုတ်ပြီး အအေးပတ်ခြင်း၊ ခရီးပန်းပြီး ပန်းဖျားခြင်းနှင့် သာမန်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်