တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, December 3, 2007

အလွယ်ဆုံး တားရော့ဟောနည်း

ဒီ Post လေးတွေကိုသေချာစွာ နားလည်သဘောပေါက်မယ်ဆိုရင် တားရော့နဲ့ပတ်သတ်တဲ့ အဟောတွေကို ဘာမှကျက်မှတ်စရာ မလိုတော့ပါဘူး။ ပုံတွေနဲ့တင် ကြည့်ပြီး
ဟောတတ်အောင် ရှင်းပြပေးထားတာပါ။ မှုရင်းပုံသေတစ်ပုံ နဲ့ ရှင်းလင်းထားတဲ့အလှုပ်ပုံတစ်ပုံစီ ပူးတွဲပြီးတင်ပေးထားပါတယ်။ လေ့လာမှတ်သားဖို့ကတော့ အလှုပ်ပုံလေးပါ။
အဲဒိပုံမှာလှုပ်တဲ့နေရာတွေကို မှတ်သားထားပါ။ ဒါကအလွယ်ဆုံး တားရော့ဟောနည်းပါပဲ။ ဒီ Post လေးတွေကို ဖြေးဖြေးချင်းတင်သွားပါမယ်။ ကျွန်တော့်မျက်စေ့က ကွန်ပျူတာ
အကြည့်များလို့ထင်ပါရဲ့ တော်တော်လေး ၀ါးတားတား ဖြစ်လာလို့ပါ။ နားမရှင်းတာရှိရင် မေးမြန်းထားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Blogger မှာ GIF ပုံတင်တာ အဆင်မပြေလို့ ဟို့(စ်)တင်ဆိုက်တွေမှာ သွားတင်ထားပါတယ်။ သက်ဆိုင်တဲ့ လင့်တွေပါရေးပေးထားပါတယ်။ ဒါမှတွဲမိပြီးလေ့လာနိုင်မှာပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်