တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, July 2, 2007

The High Priestess (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့် ပေါင်းသင်းဆက်ဆံရေး


သင်သည် လူသူမသိအောင်လုပ်တတ်ကိုင်တတ်မှုကို နှစ်ခြိုက်မည်။ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ချင် မည်။ လူတိုင်းအပေါ်စေတနာနှင့်ဆက်ဆံပြီး ကောင်းရာကောင်းကြောင်းကို ပြောဆိုတတ်မည်။ ဘုရားတရား ကိုယုံကြည်လေးစားတတ်မည်။ စိတ်တွင် အမြဲဒွိဟရှိနေတတ်သည်။ ဒီဟာကောင်းမလို ဟိုဟာပဲ ကောင်းမယ် စသဖြင့် ဖြစ်နေတတ်မည်။ အိပ်မက်ဆန်သော စိတ်ကူးများဖြင့် လေထဲတွင် တိုက်ဆောက် သူဖြစ်သည်။ လက်တွေ့တွင် ဘာလုပ်လုပ် မပြတ်သားတတ်ပါ။ သူများက ဆွယ်တာကောင်းရင် ၎င်းင်းနောက် ပါတတ်သောကြောင့် သင်စိတ်သင်ထိန်းနိုင်ပါမှ ဖြစ်ပါမည်။ စည်းနှင့်ကမ်းနှင့် နေတတ်ပါမည်။


ပညာရေး


ပညာရေးကောင်းပါသည်။ ဥပဒေပညာရပ်များနှင့် အောင်မြင်မှုရရှိပါမည်။ ဘာသာရေးနှင့်ဆိုင် သော ပညာရပ်များတွင် အလွန်အကျိုးရှိပြီး ကောင်းမွန်ပါမည်။ ပညာရပ်တစ်ခုတွင်သာ ဇောက်ချလုပ်သင့် ပါသည်။ ပိုပြီးသင်ပါက ယောင်ခြောက်ဆယ်မပြည့်တဲ့အိုး ဘောင်ဗင်ခတ်သလိုဖြစ်နေတတ်ပါတယ်။ ဆရာ သမားတို့၏ ချစ်မင်မှုကိုခံရပါမည်။ ပညာရပ်ကို စိတ်ပါမှသာ ဆုံးခန်းတိုင်ပါမည်။ စာပေးစာယူသင်ပါက ကောင်းမွန်ပါသည်။


စီးပွားရေး


လက်တွေ့လုပ်မှ ကောင်းမွန်တဲ့ ဘ၀ကိုရနိုင်ပါမယ်။ စိတ်ကူးနေယုံနဲ့ ထမင်းပန်ကန်ကိုယ့်ရှေ့ မရောက်လာပါ။ စိတ်ဓာတ်တက်ကြွတဲ့အချိန်မှာ ၀ုန်းဒိုင်းထလုပ်ပြီး နည်းနည်းအဆင်မပြေရင် ဟုတ် ကနဲ ငြိမ်သွားတတ်တဲ့အကျင့်ကို ဖျောက်နိုင်အောင်ကြိုးစားပါ။ ပင်ပန်းစွာနဲ့ ဘ၀မှာ ကျိုးစားမှသာ အောင်မြင်ပါ မယ်။ အလုပ်ကိုတစ်ခုတည်း သတ်သတ်မှတ်မှတ်လုပ်ကိုင်ပါ။ ရေနှင့်ပတ်သက်သောလုပ်ငန်းများတွင် အမြတ်အစွန်းကြီးစွာမရတတ်ပါ။ မြတ်တစ်ခါ ရှုံးတစ်ခါဖြစ်တတ်သည်။ သင့်အတွက် ကောင်းမွန်သော လုပ် ငန်းမှာ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ စာပေလုပ်ငန်းနှင့် အနုစိတ်၍လုပ်ကိုင်ရသော လုပ်ငန်းများကောင်း မွန်ပါသည်။


အချစ်ရေး (သို့) အိမ်ထောင်ရေး


စိတ်ထားပြင်းထန်ပြီး အမြဲလှုံ့ဆော်တတ်သော ဇနီး၊ ရည်းစားရမှသာ သင်၏ကံကောင်းမည်။ ကိုယ် ကလည်း အေးအေး သူကလည်းကိုယ်ပြောသမျှ နာခံဆိုလျှင်လည်း ကောင်းပါသည်။ အိမ်ထောင်ရေးကြီးကြီး မားမား ပြဿနာမရှိတတ်ပါ။ ကိုယ့်ကို အိမ်သူက ချစ်သလို ကိုယ်ကလည်း ကြင်နာယုယတတ်သူဖြစ်ပါမည်။ အပြန်အလှန်ရင်းနှီးမှုရှိသော အိမ်ထောင်ဖြစ်ပါမည်။


ကျန်းမာရေး


အညောင်းမိရောဂါ၊ ဒူး၊ ခါးနှင့်ဆိုင်သောရောဂါ၊ အအေးမိ အအေးပတ်ရောဂါများ ဖြစ်နိုင်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်