တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, December 12, 2007

တားရော့ဘယ်လိုသုံးမလဲ

ပထမဦးစွာ ကတ္တီပါစကို ဖြန့်ခင်းပြီး ၎င်းအပေါ်တွင် တားရော့ကဒ်များကို ဖြန့်ခင်းပြီး နှံစပ်စွာ မွှေနှောက်ပါ။

ဒုတိယအနေဖြင့်၎င်းနှံစပ်စွာ မွှေနှောက်ထားသည်အပေါ်၌ ရေမွှေးဆွတ်ဖြန်းပေးပါ။
ပြီးပါက ကဒ်ပြားအားလုံးးကို ပြန်စုပြီး ကိုယ်ရဲ့ ညာဘက်မှာထားပါ။
တတိယအားဖြင့် ဖယောင်းတိုင်နှင့် အမွှေးတိုင်(သို့)လော်ပန်ကို မီးထွန်းညှိပါ။
စတုတ္ထအတွက်မူကား တားရော့ကဒ်များကို ညာဘက်မှ ဘယ်ဘက်သို့ ညာဘက်လက်လက်မနှင့် လယ်ခလည်ကို အသုံးပြုပြီး တစ်ဝက်ခွဲပါ။
ကိုယ့်ရဲ့ညာကဘက်တွင် ကျန်ခဲ့သော အပုံမှ တစ်ချပ်ခြင်းယူပြီး

အောက်ပါအဟောပုံစံများအတိုင်းကတ်ပြားများကို ဖြန့်ခင်းပြီး မေးမြန်းပါ။
ပညာရေးအတွက် ဟောပြောမူပုံစံ

ပေါင်းသင်းဆက်ဆံရေးအတွက် ဟောပြောမူပုံစံ

အချစ်ရေးအတွက် ဟောပြောမူပုံစံ

စီးပွားရေးအတွက် ဟောပြောမူပုံစံ

အိမ်ထောင်ရေးအတွက် ဟောပြောမူပုံစံ
နိုင်ငံရပ်ခြားခရီးအတွက် ဟောပြောမူပုံစံ

ကျန်းမာရေးအတွက် ဟောပြောမူပုံစံ

ပဉ္စမမှာမေးမြန်းပြီးပါက တားရော့ကို ကတ္တီပါစနှင့် ပတ်ထုတ်ပြီး ယွန်းဘူး (သို့) သစ်သားဘူးထဲထည့်ပြီး သိမ်းပါ။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်