တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, June 27, 2007

တားရော့ဆိုတာဘာလဲ

တားရော့ဆိုတာ ရုပ်ပုံတွေပါတဲ့ နိမိတ်ပုံကားချပ်တွေနဲ့ လူတွေရဲ့ ဖြစ်လာမယ့် ကံကြမ္မာအရပ်ရပ်ကို ကြိုတင်သိမြင်နိုင်အောင် လုပ်ထားတဲ့ ဗေဒင်ဟောနည်းတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပုံတွေနဲ့ ဟောရတဲ့ ဗေဒင်ပညာအမျိုးမျိုးအနက်မှာ နာမည်အကျော်ကြားဆုံး၊ လူသုံးအများဆုံး ပညာရပ်တစ်ခုဖြစ်ပါ တယ်။ တားရော့ကို တီထွင်ခဲ့ကြသူတွေဟာ လူသားတွေဖြစ်လို့ သူတို့ တီထွင်ထားတဲ့ တားရော့ပညာကိုလဲ လူသားတွေ၊ လူသားတွေရဲ့ လက်တစ်ကမ်းမှာရှိတဲ့ ဖြစ်ရပ်တွေရယ်ကို ဂဏန်းဗေဒင်၊ နက္ခတ်ဗေဒင်၊ ဂျူးလူမျိုးတွေရဲ့ ကဗလာစနစ်တို့နဲ့ ပေါင်းစပ်ပြီးတော့ လူ့ကံကြမ္မာကို ဖတ်ကြားနိုင်အောင်လုပ်ခဲ့ကြပါတယ်။ တားရော့မှာ အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။ ပထမပိုင်းကတော့ မေဂျာလို့ခေါ်တဲ့ ကားချပ် ၂၂ချပ်ပါတဲ့ အဓိကအပိုင်းပါ။ ဒုတိယပိုင်းကတော့ မိုင်နာလို့ခေါ်တဲ့ ကားချပ် ၅၆ချပ်ပါတဲ့ သာမညပိုင်းတို့ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာရော အရှေ့နိုင်ငံတွေမှာပါ တားရော့ကိုအသုံးပြုပြီး ကံကြမ္မာဖတ်တဲ့နေရာမှာ အဓိက အပိုင်းကိုပဲ အသုံးပြုကြပါတယ်။ တားရော့မေဂျာကတ်ပြားတွေရဲ့ အမှတ်စဉ်နဲ့ နာမည်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။



(0) The fool
(1) The magician
(2) The high priestess
(3) The empress
(4) The emperor
(5) The herophant
(6) The lovers
(7) The chariot
(8) Strength
(9) The Hermit
(10) Wheel of Forture
(11) Justice
(12) The hangedman
(13) death
(14) temperance
(15) The devil
(16) The tower
(17) The star
(18) The moon
(19) The sun
(20) Judgement
(21) The world

2 Comments:

Unknown said...

ချမ်းမြေ့ဦး
တားရော့ကိုလေ့လာချင်တယ်
ပုံတွေလဲကူးလို့မရပါ
ဘယ်လို့ကူးရမလဲ

no no said...

ဆရာ ကျွန်တော် တား ရော့ ဟော တာလေး ကို ပြောပြပေးပါဦး လူတစ်ယောက်က အချစ်ရေး မေးတယ် ဆရာ the sun ဆိုတဲ့ ကတ်ကျ တယ် ဘယ်လိုဟောရမလဲ
ပြီးတော့ လူမှူဆက်ဆံရေးနဲ့ ပက်သတ်တာ လာမေးတယ် the strength ဆို တဲ့ ကတ်ကျတယ် ဘယ်လို ပြောရမလဲ ဟော ရမလဲ ကြည့်ပေးပါဦး ဆရာ


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်