တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

ၽWheel Of Fortune (ၿမန္မာဘာသာအေဟာ)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


ကိုယ့်ကို သူများက အမြဲတမ်း ဦးဆောင်ပြီး လမ်းညွှန်မှုပေးတာကိုခံရမယ်။ ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ကိုယ့်စိတ်ကို အပြောင်းအလဲဖြစ်အောင် လေ့ကျင့်မွေးမြူရပါမယ်။ ကိုယ်စိတ်ထဲ ကောင်းမယ်ထင်တဲ့ လူတွေနဲ့ ပေါင်းတတ်လို့ ပြဿနာတက်တတ်မယ်။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့ အပေါင်းအသင်းတွေကို တစ်ခါတစ်လေ ရှောင်ဖယ်တတ်လေ့ရှိပြီး ပျက်စီးအောင်လုပ်တဲ့လူတွေကိုတော့ ချစ် ခင်နှစ်သက်ပြီး စိတ်ရောကိုယ်ပါ အပေါင်းအသင်းလုပ်တတ်မယ်။ အပေါင်းအသင်းတွေကို ကြည့်ပေါင်း ရမယ့်အချိန်ပါ။



ပညာရေး


ဥာဏ်ပညာကောင်းမွန်ထက်မြက်မယ်။ စာကျက်တဲ့အချိန်မှာ စိတ်ပါလက်ပါကျက်ပါ။ တစ်ခါတစ်ရံ စာကျက်ရင်းနှင့်ပင် စိတ်ကတခြားရောက်နေတတ်သည်။ ငါစာလိုက်နိုင်တာပဲ အေးဆေးဖြေးဖြေးပေါ့ကွာဆို ပြီး ပေါ့တီးပေါ့ဆနေတတ်ရင် စာမေးပွဲကျရှုံးတဲ့အထိ ဖြစ်ပါလိမ့်မယ်။ ပညာရပ်အသစ်တွေလဲ လေ့လာဆည်း ပူးခွင့်ရရှိမယ်။ ရှိပြီးသား ပညာရပ်တွေလည်း ပြန်မေ့သွားတတ်ပါတယ်။ စာမေးပွဲ အင်တာဗျူးတွေ အောင်မြင်ပါမယ်။



စီးပွားရေး



ဘ၀ကပေးတဲ့ သင်ခန်းစာတွေနဲ့ အလုပ်တွေပြုပြင်အောင်မြင်မှုကို ရရှိပါမယ်။ အလုပ်မှာ အေးဆေး စွာအောင်မြင်မှုရရှိမယ်။ ကိုယ်ရပ်တန့်ပြီး ပစ်ထားရတဲ့ လုပ်ငန်းများတွင် အခွင့်အရေးကောင်းတွေ တစ်ကြိမ်ထပ်ရောက်လာ မယ်။ ဒီတစ်ခါကြုံရင်တော့ ရှိသမျှ အကုန်သာရပြီမှတ်ပါ။ ဒါပေမယ့် လုပ်ငန်းမှာ မကြာခဏအတက်အကျ ရှိနေတတ်ပါတယ်။ တပည့်လက်သားတွေနဲ့ ညီညွတ်စွာနေပါ။ သူတို့ ဖက်က စဉ်းစားဆင်ခြင်သုံးသပ် ပေးပါ။ စိတ်ဝမ်းကွဲမှုတွေဖြစ်တတ်ပါတယ်။



အိမ်ထောင်ရေး(သို့)အချစ်ရေး


ကိုယ့်ကို မုန်းပါတယ်ဆိုတဲ့ အမျိုးသမီးဆီကနေ အဖြေကောင်းတွေ ပြန်ရပါမယ်။ အိမ်မှာရှိတဲ့ မိန်းမ နဲ့ စိတ်အခန့်မသင့်ဖြစ်တတ်ပါမယ်။ အိမ်ထောင်ဖက်အသစ်ထပ်ရတတ်ပါတယ်။ အိမ်ထောင်ဖက်အပေါ် ဦးဆောင်ပြီး လမ်းပြရပါမယ်။ အပြောင်းအလဲဖြစ်တဲ့အချိန်မို့ ဂရုစိုက်ပါ။



ကျန်းမာရေး



လေနှင့်ပတ်သက်သော ရောဂါ၊ သာမန်ဖျားနာမှုမှ ဂရုမစိုက်ပဲ ရောဂါကြီးတတ်ခြင်း၊ နာတာရှည် ရောဂါများ အမြစ်ပြတ်ပျောက်ကင်းတတ်ပါတယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်