တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, July 2, 2007

အင်ပါယာ (Emperor)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


ကိုယ့်ကိုယ်ကို ကြီးမြတ်အောင် အမြဲနေချင်စိတ်ရှိမယ်။ ဘ၀င်မြင့်စိတ်ရှိမယ်။ ခေါင်းမာတတ်ပြီး ဆတ်ဆတ်ထိမခံဖြစ်တတ်ပါတယ်။ လူဖြောင့်စိတ်တိုဖြစ်သော်လည်း တစ်ခါတလေ ကိုယ်ကအရင် ရန်စတတ် ပါမယ်။ စိတ်ဓာတ်ခိုင်မာတည်ကြည်ပြီး အရာရာတွင် စည်းနှင့်ဘောင်နှင့် ကျင့်သုံးလုပ်ဆောင်တတ်မယ်။ အပေါင်းအသင်းများအတွက် အကြံဥာဏ်တွေကို ပေးရပါမယ်။ အပေါင်းအသင်းများသော်လည်း ကိုယ့်ကို ကောင်းကျိုးသိပ်မပေးတတ်ပါ။ ကိုယ့်ကို မလှန်နိုင်လို့သာ ပေါင်းကြခြင်းဖြစ်ပြီး ကိုယ့်ထက်သာတဲ့လူတွေ့ရင် ပစ်ပြေးမယ့်လူစားတွေဖြစ်တယ်။


ပညာရေး


ပညာရေးကို အထူးအာရုံစိုက်တတ်ပါမယ်။ ပညာရပ်အားလုံးအပေါ်မှာ ကိုယ့်ကိုဂရုတစိုက် သင်ကြားပေးမယ့် လူ (သို့) လမ်းညွှန်ပြမယ့်သူတွေကို ဆုံဆည်းရပါမယ်။ ရံဖန်ရံခါ စာထဲတွင် စိတ်ပျောက် ပြီး ထင်သလိုနေတတ်ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ် တစ်တန်းတော့မှန်မှန်အောင်မြင်တတ်ပါမယ်။ ဥာဏ်ပညာကြီးမားသူများက ကိုယ့်ကိုဖိအားပေးတတ်ပါတယ်။ ကိုယ်ကလည်း သူတို့ပြောတဲ့အတိုင်းလုပ် တတ်လို့ အောင်မြင်မှုရတာများပါတယ်။


စီးပွားရေး


လုပ်သမျှလုပ်ငန်းတိုင်းတွင် အတိုက်အခံတွေရှိတတ်သော်လည်း အောင်မြင်အောင် စွမ်းဆောင်နိုင် စွမ်းရှိပါမည်။ တဖက်လုပ်ငန်းရှင်များ၏လိုက်လံတုပယှဉ်ပြိုင်မှုများကို မကြာခဏတွေ့ကြုံရပါမည်။ အခွင့် အရေးတစ်ခုကို ပထမတွင်မယူတတ်သော်လည်း တစ်ဖန်ရရှိသောအခါ အမိအရ ယူနိုင်ရပါမည်။ လက်တွေ့ ကျိုးစားမှသာ အောင်မြင်ရသော လူစားမျိုးပါ။ လုပ်ငန်းတွင် ဦးဆောင်ဦးရွက်ပြုရပါမည်။ ကိုယ်လုပ်သွားသ လောက်အောင်မြင်တတ်သော်လည်း တဖက်မှ ပြန်လည်ဆုံးရှုံးတတ်သဖြင့် လုပ်ငန်းတွင် စွန့်စားရမှုမျိုးများ ကို အထူးသတိပြုပြီး ဆုံးဖြတ်ချက်ချတတ်ဖို့လိုပါသည်။ လူစုလူဝေးနှင့် လုပ်ရသောအလုပ်၊ စစ်ဘက် နယ်ဘက်တွင် အောင်မြင်မှု အထူးရပါမည်။


အိမ်ထောင်ရေး


ကိုယ်ချစ်သောသူကို မရ အရ ယူတတ်ပါမယ်။ မရမရှိတတ်ပါ။ ကိုယ်ကြံတဲ့ မိန်းမ၏နောက်ဆုံး အရောက်လာရတတ်ပါမယ်။ သူများရည်းစား (သို့) ကိုယ့်ရည်းစားကို သူများက လုသွားတတ်ပါတယ်။ ချစ်သူ၏အားကိုးအားထား ယုံကြည်မှုကို ရရှိပါမယ်။ အိမ်ထောင်ဆက်များတတ်သော်လည်း ရှေးဦးစွာယူ သောမိန်းမသည် ကိုယ့်အပေါ်သစ္စာရှိစွာ နေထိုင်တတ်ပါမယ်။ ကိုယ်ပြောသမျှကို နာခံရသော အိမ်ထောင် ဖက်နှင့်ကြုံရပါမယ်။ အိမ်ထောင်ဖက်၏ အမျိုးများကပါ ကိုယ်ကိုအားကိုးပြီး အသုံးချတတ်ပါမယ်။


ကျန်းမာရေး


အပျော်အပါး လိုက်စားခြင်းကြောင့် ဖြစ်ပွားရသောရောဂါ၊ အညောင်းမိရောဂါ၊ အစာအိမ်နှင့် ပတ် သက်သောရောဂါ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရသောရောဂါ၊ သူတစ်ပါး၏ လုပ်ကြံခြင်းခံရခြင်း စသဖြင့် ဖြစ်ပွားတတ်ပါသည်။ သမားတော်ကောင်းများနှင့်တွေ့ရပါမည်။

1 Comment:

Anonymous said...

စိတ်နေသဘောထား နဲ့ ပေါင်းသင်းဆက်ဆံရေးကတော့ အောချယူရအောင်မှန်ပါတယ် .ကိုယ်ကိုယ်တိုင်ကကို ဒီလိုဖြစ်နေလို့ပါ။


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်