တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 15, 2007

The Lover (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


စိတ်သဘောထားနူးညံ့ပျော့ပြောင်းပြီး ယဉ်ကျေးချိုသာသော စကားကို ပြောဆိုတတ်မည်။ လူချစ် လူခင်ပေါများတတ်သည်။ လူအများရှေ့တွင် ထင်ပေါ်ခြင်းကို ခံယူချင်တတ်သည်။ ကျော်ကြားမှုကို နှစ်သက် ခုံမင်တတ်မည်။ စဉ်းစားချင့်ချိန်မှု နည်းပါးတတ်ပြီး ရံဖန်ရံခါ သူများပြောသမျှကို ယုံကြည်တတ်သဖြင့် ဒုက္ခ ရောက်ရတတ်သည်။ ဆန့်ကျင်ဘက်လိင်များအပေါ်တွင်သာ အဓိကထားပြီး ခင်မင်ရင်းနှီးချင်စိတ်ကြီးမား မည်။ အပေါင်းအသင်းကြောင့် ဒုက္ခသုခတွေ ဝေေ၀ဆာဆာတွေ့ရမည်။ ကိုယ်ကယုံပြီဆိုပုံပြီး အပ်တတ်မည်။


ပညာရေး


ပညာရေးကောင်းမွန်ပါမည်။ ဖြတ်ထိုးဥာဏ်ပွင့်လင်းသော်လည်း တစ်ခါတစ်ရံ အကြံဥာဏ်များ ပျောက်ကွယ်ပြီး မလုပ်သင့်တာတွေလုပ်တတ်ပါမည်။ စာကျက်ရာတွင် သိမှတ်လွယ်ပြီး ပြင်ပစာနှင့်မဆိုင် သောကိစ္စများကို စိတ်ဝင်စားချင် လေ့လာချင်တတ်မည်။ ကိုယ့်စိတ်ကို ထိန်းနိုင်ပါမှသာ အောင်မြင်မှုများရရှိ နိုင်ပါမည်။ ပညာရေးနှောင့်နှေးကြန့်ကြာနိုင်ပါသဖြင့် အခြားကိစ္စများကို မစဉ်းစားသင့်ပါ။



စီးပွားရေး


ကိုယ်လုပ်သမျှ လုပ်ငန်းတိုင်းတွင် ဆန့်ကျင်ဘက်လိင်တို့၏ ကူညီမှုများပါတတ်ပါမည်။ သူတို့၏ အကြံဥာဏ် (သို့) ငွေကြေးတို့နှင့် ကိုယ့်လုပ်ငန်းကို မြေတောင်မြှောက်ပေးတတ်ပါသည်။ အနုပညာနှင့် သက်ဆိုင်သော စာပေရေးသားခြင်း၊ အဆိုကျော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ စသဖြင့် လုပ်ငန်း များနှင့် အကျိုးပေးပါမည်။ အလှကုန်ပစ္စည်းများ၊ ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းကို ဦးဆောင်ရသောလုပ်ငန်း၊ အမျိုးသမီးထု၏ လိုအပ်သော အသုံးအဆောင်မှန်သမျှကို ရောင်းဝယ်ဖောက်ကားပါက အလွန်အကျိုးပေးပါ မည်။


အိမ်ထောင်ရေး(သို့)အချစ်ရေး


ကိုယ်ချစ်သူချစ်နှင့် ရွှေလက်တွဲရတတ်ပါမည်။ မိဘများ၏သဘောတူညီမှုကြောင့် ပေါင်းဖက်ရသော အိမ်ထောင်ဖက်နှင့်လည်း အဆင်ပြေပါမည်။ ချစ်သူ (သို့) အိမ်သူသက်ထားနှင့် တစ်ဦးနှင့်တစ်ဦးနားလည်မှု ရှိပြီး၊ အပြန်အလှန်ကူညီမှုများရှိပါမည်။ လူပျိုအပျိုကလေးများ ယခုအချိန်၌ ချစ်သူရတတ်ပါသည်။ အရွေး မမှားအောင်သာ အနည်းငယ်ဂရုပြုပါ။


ကျန်းမာရေး


အပျော်အပါးကြောင့် ဖြစ်ပွားသောရောဂါ၊ အလစ်အငိုက်တွင် တိုက်ခိုက်ခံရမှု၊ လည်ပင်းတွင်ရှိသော အကြော(သို့) အရိုးကိုက်ခဲမှု၊ အဆိပ်ရှိသော သတ္တ၀ါကိုက်ခဲမှု (သို့) အစာအဆိပ်သင့်မှုတို့ ဖြစ်ပွားတတ်ပါ သည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်