တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

The Devil (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး



အရာရာအပေါ်တွင် စိတ်ဓာတ်ကျစိတ်ဆင်းရဲနေမည်။ ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်ကိုလိုက်ပြီးလှုပ်မရ အောင်ပြဿနာရှာသူတို့နှင့်တွေ့ရမည်။ အချိန်တိုင်း အချိန်တိုင်းသည် ကိုယ့်အတွက်မကောင်းတာဖြစ်ဖို့ကိုပဲ အားပေးနေမည်။ အပေါင်းအသင်းမှားပြီး အပေါင်းအသင်းကြောင့် ဒုက္ခရောက်ရမည်။ တစ်ခုခုလုပ်ဖို့ စဉ်းစားပြီး တကယ်လုပ်တဲ့အခါ တစ်ဝက်တပျက်နှင့် လက်လျှော့ချင်မည်။ အဖော်အပေါင်းကို ယခုအချိန်၌ ခေါင်းရင်းပေးခြင်းများကို လုံးဝမလုပ်ပါနဲ့။ ကိုယ်ရောသူပါ နှစ်ဦးလုံး ဒုက္ခရောက်ပါမည်။ ကိုယ့်ကိုယ်ကို တည်ငြိမ်အေးဆေးအောင် စိတ်ကို ဖြေလျှော့ပြီး နာနေဖို့အချိန်ပါ။



ပညာရေး



စာကိုသာအဓိက အာရုံဝင်စားပါ။ မလိုအပ်သောကိစ္စများအတွက် ဦးနှောက်ကို အနှောက်အယှက် မပေးပါနှင့်။ ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်သော်လည်း စိတ်လက်မကြည်မသာဖြစ်နေခြင်းကြောင့် ကျက် သမျှစာတွေမေ့ပျောက်သွားမည်။ ဆရာသမားတို့နှင့်ပြဿနာတက်ကိန်းရှိသည်။ ဆရာမားတို့၏ ဖိအားပေးမှု ကိုခံရပြီး ၎င်းင်းတို့၏ကောင်းမွေ ဆိုးမွေကိုခံစားရမည်။ ထူးခြားဆန်းပြားသော ပညာရပ်များကို သင်ယူခွင့်ကြုံ နိုင်သည်။ ကိုယ့်မှာရှိတဲ့ ပညာနဲ့ လူတွေအပေါ် အနိုင့်အထက်လုပ်ချင်မည်။




စီးပွားရေး



ကိုယ့်လုပ်ငန်းတွေကို သိုသိုသိပ်သိပ်သာလုပ်ပါ။ သူများကိုလည်း အသိမပေးပါနှင့်။ ပါးစပ်ဖွာလျှင် ဒုက္ခတွေ့နိုင်သည်။ ကိုယ့်ထက်အရင်းအနှီး (သို့) အတွေ့အကြုံ၊ အကြံပေးတော်သူတို့ကို အားကိုးပြီး လုပ်ငန်း နည်းဗျူဟာများ သင်ယူပါ။ အမျိုးသမီးများနှင့်ပတ်သက်ပြီး အကူအညီရယူခြင်း၊ လုပ်ငန်းတွဲလုပ်ခြင်းများကို အဓိကရှောင်ရှားပါ။ အခြားမည်သူနှင့်မဆို တွဲလုပ်လျှင်လည်း အထူးဂရုပြုစုံစမ်းပြီးမှသာ လုပ်သင့်ပါသည်။ ရှယ်ယာလုပ်ငန်းများ လူမွဲစာရင်းကြော်ငြာရတတ်ပါသည်။ ကိုယ်လုပ်ငန်းအဆောက်အအုံများ မီးဘေးတွေ့ရ တတ်ခြင်း၊ ကိုယ်ကိုတိုင် မီးဘေးရောက်ရခြင်း၊ လုပ်ငန်းတွင် အမှားလုပ်မိ၍ အချုပ်အနှောင်ခံရခြင်းတို့ဖြစ် ပွားတတ်ပါသည်။ ကိုယ့်ထက် စွမ်းရည်သာလွန်သူတို့က ကိုယ့်ကို ပညာပေးသွားတတ်ပါသည်။ လုပ်ငန်းများ ခေတ္တခဏရပ်ဆိုင်းသွားနိုင်ပါသည်။ လက်အောက်ငယ်သားများ၏ တစ်စဉ်ထောင်မှုကိုတွေ့ကြုံရမည်။



အချစ်ရေး (သို့)အိမ်ထောင်ရေး




ကိုယ်သွားမဲ့လမ်းတွေမှာ ကြားလူအနှောင့်အယှက်ကြီးကြီးမားမား နှင့် ရင်ဆိုင်ရတတ်ပါသည်။ တစ် ဖက်က ကိုယ့်အပေါ်မှာ ဖိအားတွေ များစွာပေးလိမ့်မည်။ အနုပညာရှင်များ နာမည်ပျက်တတ်သည်။ အိမ် ထောင်ရေးဖောက်ပြန်ချင်တတ်မည်။ ကိုယ့်ဆွေမျိုး သူ့ဆွေမျိုးများဟာ ကိုယ့်အပေါ် အနိုင်ကျင့်ချင်မည်။ လင်မယား (သို့) ချစ်သူချင်း စကားများရမည်။ လက်ရှိချစ်သူ (သို့) အိမ်သူနှင့် မချစ်သော်လည်း အောင့်ကာ နမ်းရမည့်အချိန်ဖြစ်ပါသည်။ ကွဲကွာခြင်းတော့မဖြစ်နိုင်ပါ။ ကိုယ်လူတို့နှစ်ယောက်ကို ပြန်ပေါင်းစည်းအောင် လုပ်ပေးမည့်သူရှိသည်။ ယင်းမှာအချိန်ကာလဖြစ်သည်။




ကျန်းမာရေး


စိတ်ကျရောဂါ၊ အချွန်နှင့်ထိခိုက်ပွန်းပဲ့မှု၊ လည်ပင်းရောဂါ၊ အအေးပတ်ရောဂါ၊ အပူလောင်ခြင်း၊ သွေးလည်ပတ်မှုနည်းခြင်းတို့ ဖြစ်ပွားခံစားရနိုင်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်