တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 15, 2007

Strength (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


လုပ်ရဲကိုင်ရဲ ဘာမဆိုရင်ဆိုင်ရန် အသင့်ဖြစ်သော စိတ်ထားရှိမယ်။ ကိုယ့်ကို စော်ကားသူမှန်သမျှကို ပြန်လုပ်ရမှသာကျေနပ်မယ်။ စိတ်တို၊ စိတ်ဆတ်လွယ်မယ်။ သည်းခံမှု ခန္တီစတရားနည်းပါးတတ်ပါမယ်။ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်မှာ အမြဲတမ်းနိုင်မယ်။ စိတ်ရောကိုယ်ပါ ကိုယ့်ကို မယှဉ်ပြိုင်နိုင်ပါ။ ကိုယ့်ထက်အားနည်းသူများကို နိုင်နင်းစွာထိန်းသိမ်းနိုင်ပါမယ်။ စိတ်ထားမွန်မြတ်သန့်စင်ပြီး သူတစ်ပါး အပေါ် ကူညီချင်စိတ်ရှိတတ်ပါမယ်။ မိတ်ဆွေတွေထဲမှာ ထင်ထင်ရှားရှား ပေါ်လွင်တတ်ပြီး ကိုယ့်အစွမ်းအစ ကို ပြသချင်စိတ်ရှိနေတတ်ပါတယ်။



ပညာရေး


ပညာတစ်ခုခုကို လေ့လာဆည်းပူးပြီဆိုရင် ဆုံးခန်းတိုင်အောင် ကျိုးစားချင်စိတ်ကြီးမားပါတယ်။ စာ ထဲမှာလဲအာရုံကိုစူးစိုက်ပြီးနေတတ်ပါမယ်။ ကိုယ့်ဥာဏ်ရှိသလောက်သာ အောင်မြင်တတ်ပါတယ်။ မရနိုင်ဘူး ထင်ရင် အဲဒီပညာရပ်ကို ထားပစ်ခဲ့တတ်ပါတယ်။ ဇွဲလုံ့လ၀ီရိယကြီးပြီး ကျိုးစားမှုကြောင့် အခြားသော နိုင်ငံ ရပ်ခြားမှ ပညာများကိုပါ ဆည်းပူးလေ့လာခွင့်တွေ ကြုံရတတ်ပါမယ်။ ကိုယ့်ကိုသင်ကြားပြသူတွေကို ရိုသေ မှုနည်းပါးတတ်ပါမယ်။ ဥာဏ်ပညာဖွံ့ဖြိုးမှု မြန်ဆန်ပြီး လျှပ်တပြက်ဥာဏ်နှင့် စာကျက်သမျှကို မမေ့အောင် သိန်းသိမ်းနိုင်ပါလိမ့်မယ်။



စီးပွားရေး



ကိုယ့်လုပ်ငန်းအတွင်းမှာရှိတဲ့ ၀န်ထမ်းတွေက ကိုယ့်ကို ချစ်လဲချစ် ကြောက်လဲကြောက်အောင် အုပ် ချုပ်ရပါမယ်။ လက်အောက်ငယ်သားေ>ခရံသင်းပင်းပေါများတတ်ပါတယ်။ ကိုယ့်ကိုအားကိုးမှုကြီးလာပြီး အကူအညီအကြံဥာဏ်တောင်းမှုတွေကို မကြာခဏတွေ့ကြုံရတတ်ပါမယ်။ လုပ်ငန်းမှာ အတိုက်အခံပေါများ တတ်သော်လည်း အောင်မြင်စွာနှိမ်နင်းနိုင်ပါလိမ့်မယ်။ သူတစ်ပါးနှင့် ယှဉ်ပြိုင်မှုတွေကို မကြာခဏတွေ့ကြုံ ရပါမယ်။ လုပ်ဖော်ကိုင်ဖက်ခြင်း စိတ်ဝမ်းကွဲပြီး လမ်းခွဲရတတ်ပါတယ်။ လုပ်တဲ့လုပ်ငန်းတိုင်းမှာ အောင်မြင် တတ်ပြီး ကောင်းကောင်းဆိုးဆိုး ကိုယ့်ကိုပြောစမှတ်တွင်သွားအောင် ဖြစ်တတ်ပါတယ်။ လုပ်ငန်းနှင့် ပတ်သက်သော အကြံအစည်တွေကို ရဲဝံ့စွာ ချမှတ်ဆုံးဖြတ်တတ်ပြီး မအောင်မြင်ရင် ဘ၀ပျက်သည်အထိ ကြုံတွေ့ရအောင် မတွန့်မဆုတ်လုပ်တတ်ပါမယ်။



အိမ်ထောင်ရေး(သို့)အချစ်ရေး


အိမ်ထောင်ဖက်ရဲ့ လေးစားချစ်ခင်မှုတွေကို ရယူရပါလိမ့်မယ်။ အိမ်ထောင်ဖက်အပေါ် အထူးသြဇာ ပေးပြီး ကိုယ့်စကားနားထောင်အောင်သာ ပြောပါမယ်။ အိမ်ထောင်ဖက်ကို နိုင်ချင်စိတ်ကြီးမားပြီး မနိုင်ရင် အသာဝပ်နေပြီး ချက်ကောင်းတွေ့မှ ထပြီး ပြဿနာရှာတတ်မယ်။ ကိုယ်လိုချင်တဲ့ ချစ်သူကို မရရအောင် လိုချင်တက်မက်စိတ်ကြီးပါတယ်။ စကားနိုင်လုပြီး ပြောဆိုချင်ပါမယ်။



ကျန်းမာရေး


ခါးနှင့်ပတ်သက်သော ရောဂါ၊ အဆူးနှင့်ထိခိုက်တတ်မှုနှင့် သူများလုပ်ကြံမှုခံရခြင်းနှင့် သာမာန် ဖျားနာမှုတို့ဖြစ်တတ်ပါမယ်။

1 Comment:

မင်းပျို said...

အခုလို မြန်မာလို ရှင်းရှင်းလင်းလင်းဖတ်ခွင့် သိခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်