တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, July 22, 2007

Justice (မြန်မာဘာသာအဟော)

စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး


သဘောဖြူစင်တတ်သော်လည်း တစ်ခါတစ်ရံ၌ ဘာသိဘာသာ မသိသလိုနေတတ်မည်။ ကိုယ့်မှာ စိတ်နှစ်ခွဖြစ်နေရတတ်သည်။ ကိုယ့်ကို စော်ကားသွားသူတွေကို ပြန်ကလဲ့စားချေရမှ ကျေနပ်တတ်မည်။ သို့သော်ကိုယ်က အရင်သွားလုပ်ပြီးမှ ကိုယ့်ကိုပြန်လုပ်လို့ သူ့ကို ပြန်ပြီးကိုယ်ကလုပ်ရင် ကိုယ့်အတွက် အကျိုးမရှိတတ်ပါ။ ကိုယ်ကနည်းလမ်းမှန်မှန် နေချင်တတ်မည်။ ရောင်းရင်းမိတ်ဆွေတွေအပေါ်မှာ အကူ အညီပေးခွင့်ကြုံတတ်ပြီး ထိုသူတို့၏ ပြန်သိတတ်မှု အကျိုးခံစားရမည်။ တစ်ခါတလေ မိတ်ဆွေများအပေါ် ကိုယ့်လုပ်ရပ်က အပြစ်ဖြစ်သွားပြီး ပြဿနာတက်နိုင်ပါသည်။ ကိုယ့်မှာ မျက်နှာလိုက်တတ်ခြင်း၊ လျှို့ဝှက် သော အကြံအစည်၊ သနားကြင်နာမှု အနည်းငယ်စီမျှတနေတတ်သည်။



ပညာရေး


ဥပဒေဘာသာရပ်၊ အုပ်ချုပ်ရေးအတတ်ပညာရှင်၊ လူသားတွေအပေါ် ရှင်းလင်းအောင် တင်ပြသော ပညာရပ်တို့နှင့် အကျိုးများတတ်သဖြင့် ၎င်းင်းပညာများကို အထူးပြုလေ့လာလိုက်စားသင့်ပါသည်။ ဥာဏ်ရည် ဥာဏ်သွေးနှင့်ပတ်သက်၍ ပြောစရာမလိုအောင် သင်သမျှစာကို ကြိုးစားလေ့လာတတ်ပါမည်။ ဘာသာရပ် များ အရွှေးမမှားသင့်ပါ။ တစ်ခုတည်းသာ ဇောက်ချသင်ကြားခြင်းဟာ ပိုမို၍ ကိုယ့်အတွက် ထွန်းပေါက်မှု ရရှိနိုင်ပါမည်။ အပြောင်းအလဲများလျှင် ဟိုမရောက် ဒီမရောက်ဖြစ်ပြီး ဒီဟာသိသလို ဟိုဟာနားလည်သလို နှင့် ဖြစ်နေတတ်ပါသည်။



စီးပွားရေး



ကိုယ့်မှာ ရွေးစရာလမ်းနှစ်သွယ်အမြဲရှိနေတတ်ပါတယ်။ ကိုယ့်လုပ်ငန်းအပေါ် ကိုယ့်လုပ်ရပ်ကသာ အဆုံးအဖြတ်အမြဲပေးတတ်ပါမည်။ စိတ်ကူးစိတ်သန်းနှင့်ပင် အချိန်ကုန်နိုင်သဖြင့် အကောင်အထည်ဖော်မိ အောင်အစပြုပါ။ ဘယ်သူရဲ့ အကြံပေးမှုကိုမျှ မယူပဲ ကိုယ်ဥာဏ်နဲ့သာ ကိုယ်ရဲ့လုပ်ငန်းဆုံးဖြတ်ချက်များကို ချပါ။ ကိုယ့်လုပ်ငန်းအတွက် ဥပဒေဘောင်ကျော်လွန်ပြီး လုပ်ရင် ဒီအချိန်မှာ သေချာပေါက် တရားဥပဒေ နှင့်ရင်ဆိုင်ရပါမယ်။ လုပ်ငန်းနှင့်ပတ်သက်သော အဆုံးအဖြတ်များ အမှားအယွင်းကို ယခုအချိန်တွင် မသိတတ် သော်လည်း နောင်မှ နောင်တရနေတတ်ပါမည်။ လက်အောက်ငယ်သားတွေကို ဘက်မလိုက် အုပ်ချုပ်တတ် ပြီး ၎င်းင်းတို့ရှေ့မှာ ကိုယ်က ဂုဏ်ယူဖွယ်ပုဂ္ဂိုလ်ဟု ထင်နေတတ်သည်။ ကိုယ်လုပ်ကိုင်၍ ကောင်းတုန်း ကိုယ့် နေရာကို ဖယ်ပေးရတတ်သည်။ အောက်လက်ငယ်သားတို့၏ အကြံဥာဏ်နှင့် အကူအညီရမည်။ ဥပဒေဆိုင်ရာပညာရှိ အကြံပေးပုဂ္ဂိုလ်လုပ်စားလျှင် ကောင်းမွန်ပါသည်။



အိမ်ထောင်ရေး(သို့)အချစ်ရေး



လူမှုရေးဖောက်ပြန်မှုများကို ရှောင်နေပါ။ လင်မယား(သို့) ချစ်သူနှင့် ကွဲကိန်းရှိပါသည်။ ရိုးရိုးသား သားနေတတ်သူတို့အဖို့ရာ ပြဿနာမရှိပါ။ ၎င်းင်းတို့သည် အိမ်သူသက်ထား (သို့) ချစ်သူ၏ လေးလေးစားစား ဆက်ဆံပြီး အရေးပေးမှုကို ရရှိပါမည်။ ဆွေမျိုးသားချင်းထဲမှ အကြီးအမှူးဖြစ်သူ၏ အကူအညီများရရှိတတ် ပါသည်။ စာအုပ်ကြီးအတိုင်း ချုပ်ချယ်မှုများကို မလုပ်ပါနှင့်။ ကြာရင်ကိုယ့်ကိုစိတ်ပျက်ပြီး ပြေးသွားနိုင်ပါ သည်။ ကိုယ်ကလမ်းမှန်စွာနေပြီး အသာသိမ်းသွင်းရတတ်ပါသည်။



ကျန်းမာရေး



သူများလုပ်ကြံခြင်း၊ အဆစ်အမြစ်ကိုက်ရောဂါ၊ စိတ်ကယောင်ချောက်ချားရောဂါ၊ စိတ်ကျရောဂါတို့ ဖြစ်ပွားနိုင်ပါသည်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်