သမီးလေး (၆)လပြည့်သွားပါပြီ။ အသံသာလေးတွေ၊အရောင်လက်လက်လေးတွေ ကိုမြင်ရင် လိုက်ကြည့်ပြီးပျော်နေတတ်တယ်။ တနေ့က ဟန်းဖုန်းပေးကိုင်လိုက်တာ အသံတွေပြောင်းကုန်ရော၊ ညအိပ်ရင်လဲ လူလည်ကြတတ်လာပြီ။ ကောင်းကောင်းမအိပ်တော့ဘူး။ ဂျီကြချင်တယ်လေ။ ပေါင်ပေါ်တင်ပြီး
ဒူးလှုပ်သိပ်ရင်တောင် ကော့ကော့ပြီး ဆင်းတတ်နေပြီ။ မကြာခင်လေးဘက်သွားတော့မယ် လို့သူ့အဖွားကပြော
တယ်။ ကလေးများတယ်ခက်သနော်။ လိမ်မာတာကတော့ အခြားကလေးတွေလို ဂျီကြပြီး ငိုမနေတတ်တာပါပဲ။
အမြဲတမ်းပြုံးနေတတ်တယ်။ အပြင်ကပြန်လာရင် ဒါလေးနဲ့ပဲ အမောပြေရတာပဲ။
ဒူးလှုပ်သိပ်ရင်တောင် ကော့ကော့ပြီး ဆင်းတတ်နေပြီ။ မကြာခင်လေးဘက်သွားတော့မယ် လို့သူ့အဖွားကပြော
တယ်။ ကလေးများတယ်ခက်သနော်။ လိမ်မာတာကတော့ အခြားကလေးတွေလို ဂျီကြပြီး ငိုမနေတတ်တာပါပဲ။
အမြဲတမ်းပြုံးနေတတ်တယ်။ အပြင်ကပြန်လာရင် ဒါလေးနဲ့ပဲ အမောပြေရတာပဲ။
8 Comments:
သမီးလေးရဲ့ ၆လပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွားတို့နှင့် အတူပျော်ရွှင်အေးချမ်းစွာဖြင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အောင်မြင်မှုပန်းတိုင်ကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
နံမည်ပေး ဘာကျွေးမှာလည်း လာစားမလို့ ဟိ ဟိ
မီးလေး
သမီးလေးက ချစ်စရာလေးဗျာ။ သမီးလေး ကျန်းမာပျော်ရွှင်ပါစေ။
သမီးလေးက ချစ်စရာလေး ချောတယ်။
ကတုံးတုံးပေးဦးနော် တုံးရင်တစ်ခါတည်း နဖူးရှေ့ကိုပါ ပိုရိတ်ပေး ဒါမှ နဖူးကျဉ်းမှာ... :)
ညီမလေးက အရမ်းချစ်စရာ ကောင်းတာပဲ။ ညီမလေးကို
မြင်တော့အပူပင်တွေကင်းမဲ့သွားသလိုပဲ။ ကလေးဘ၀ကို
လည်းပြန်လည်တမ်းတမိခဲ့ပါတယ်။ ညီမလေးရဲ့ဘ၀မှာ
ပြည့်စုံမှုတွေအမြဲရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
လာလည် ပါတယ် ချမ်း မြေ့ဦး ရေ။ သမီး လေး နဲ့မိသားစု ကျန်း မာ ပျော်ရွှင် ကြပါစေ ...
သမီးလေးက တော်တော်ချစ်ဖို့ကောင်းတယ် ။ မိသားစုတွေ ပျော်ရွှင်ပါစေရှင် :)
ချစ်စရာကောင်းလိုက်တာ .. ဟီး ... နှံကောင် ငယ်ငယ်ကပုံနဲ့တူတယ် ... :P
သမီးလေး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်နော်။
Post a Comment