တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, March 28, 2010

ဗေဒင် C BOX အချို့မှ မိတ်ဆွေကြီးရေ

ဆရာချမ်းမြေ့ဦးခင်ဗျာ..

လူတစ်ယောက်က ဆရာခင်ဗျား .. ကျနော့်ကို မေဂျာဖြစ်ဖြစ် မိုင်နာဖြစ်ဖြစ် .. မေဂျာကဒ်နဲ့ ဟောမယ်ဆိုရင်လည်း ၂၂ ချပ်လုံးမသုံးဘဲ.. အဲဒီထဲက ၁ချပ်တည်းနဲ့ပဲ ကလဖန်ထိုး..အဲဒီ ၁ချပ်နဲ့ ပဲ လာသမျှလူကို ဟောပါဆိုရင် မိုင်နာ ၅၆ ကဒ်နဲ့ ဟောမယ် ဆိုရင်လည်း အဲဒီ ၅၆ ကဒ်ထဲက ၁ချပ်ထဲကိုပဲ ကလဖန်ထိုး ၁ချပ်ထဲနဲ့ ပဲ လာသမျှလူကို ဟောဆိုပြီးတော့ ၁ချပ်ထဲနဲ့ ဘာလာလာ ဟောတဲ့နည်းရှိပါသလား တားရော့ဖြန့်ကျက်နည်း ပေါင်းများစွာထဲက တားရော့ကဒ် ၁ချပ်တည်းနဲ့ ဘယ်သူလာမေးမေး.. အဲဒီ ၁ချပ်တည်းနဲ့ ဟောကြားနိုင်တဲ့ ဖြန့် ကျက်နည်း ရှိပါသလားခင်ဗျာ ဒါမှ မဟုတ် ဆရာချမ်းမြေ့ဦး အဲသလို ဟောနိုင်ပါသလားခင်ဗျာ

မေဂျာ မိုင်နာ ထဲက တစ်ချပ်ရွေး တစ်ချပ်တည်းကိုပဲ လှည့်ကုလားဖန်ထိုး သူနဲ့ချည်းဟော လာမေးသမျှ ဘယ်သူဖြစ်ဖြစ် ဘာမေးခွန်းဖြစ်ဖြစ် .................အသစ်ထပ်ပြီး ကတ်ပြားမယူရ ..............အဲလိုသဘောကို ဆိုလိုတာလား..........

အထက်ကလိုပြောချင်တာဆိုရင်တော့

ဘယ်နည်းနဲ့မှ မရနိုင်ပါ
စဉ်းစားလေ.....

လူတစ်ဦး ကို ကတ်ပြားတစ်ချပ် ၊ နောက်တစ်ဦးကို နောက်တစ်ချပ် ဒါမျိုးသာ ဖြစ်ရပါမယ်။လူတိုင်းအတွက် တခုတည်းရတယ်ဆိုရင် မဖြစ်နိုင်ပါ။ အဲလိုရတယ်ပြောလဲ လိမ်တာပါပဲ။
တစ်ခုတော့ရှိတယ်

ကတ်ပြားရဲ့ အဟောချင်း တူမလားဆိုရင်တော့ ဟောကြားတဲ့ သူအပေါ်မူတည်ပြီး လေ့လာမူ့ အနဲ/အများ နဲ့ တူညီနိုင်ပါတယ် ၊ ကွဲပြားနိုင်ပါတယ်။
ဗေဒင်ပညာဆိုတာ အာဂုံဆောင်နိုင်တိုင်း လေ့လာမူ့အားကောင်းတိုင်း (သုတေသီများကိုပြောတာပါ) မှန်မှာမဟုတ်ပါ စာအုပ်ထဲကဟာသည် ကိုယ်ပိုင်အသိ မဟုတ်ပါ ၊ ကိုယ်တိုင် လက်တွေ့ဟောရင်း ရလာတဲ့ အတွေ့အကြုံတွေ ကသာ တန်ဖိုးရှိပါတယ်။

နောက်တခုက

ဘယ်ပညာမှာမှ ဥပမာ ဗျာ နက္ခတ်ဗေဒင်ပဲထားပါတော့

မိတ်ဆွေပြောသလိုပေါ့နော် ပြောပြကြည့်ပါမယ် နားမလည်ရင်လဲ ပြန်လေ့လာကြည့်ပေါ့

အိမ်ထောင်ရေးကို နက္ခတ်ဗေဒင်မှာ လဂ် ရဲ့ ၇တန့် ကို အများအားဖြင့် ကြည့်ကြဖို့ ရေးသားကြပါတယ်။
၇တန့်မှာ ဘာဂြိုဟ်မှ မရပ်ရင် ရာသီသခင် ကို နောက် အမြင် အပူး အခွပေါ့ဗျာ အဲဒါနဲ့ဟောရသတဲ့

သူ့နည်းနဲ့ ဟောရင် မေးသူက

" ဆရာရေ ဒီ ကောင်မလေး (၀ါ) ကောင်လေး ကို ယူလိုက်ရင် အိမ်ထောင်ရေးသုခ ပြည့်ဝမလား "

မေးရင် ဘယ့်နှယ့်ဟောမလဲ

လဂ် ရဲ့ ၈တန့်ဟာ ဇာတာရှင် ရဲ့ အိမ်ထောင်ရေးသုခ (ကာမဆက်ဆံမှု) ကို ကြည့်ရတာပါ။
အထက်ကဆိုခဲ့တဲ့ ဥပဒေသ အတိုင်းဆို ဘယ်လိုဟောမလဲ

ခုပြောခဲ့သလိုပေါ့ဗျာ

အိမ်ထောင်ရေး ကို ၇တန့် ချည်း ကြည့်ပြီး မရနိုင်ပါဘူး ပတ်သက်ဆက်နွယ်နေတဲ့ ဥပဒေသတွေ ကိုပါ လေ့လာရမှာပါ

အဲလိုပဲပေါ့

နံပါတ်(၁၆) တာဝါကတ်ပြားကိုပဲဟောမယ်ဆိုရင်

လာမေးတဲ့လူတိုင်းဟာ ကံတွေအမုန်းဆိုးနေပြီပေါ့

နိဂုံးချုပ်ရရင်တော့

မိတ်ဆွေမေးတဲ့ မေးခွန်းဟာ လုံးဝ အဓိပါယ် ကင်းမဲ့နေကြောင်းပါ ၊ အင်တာနက်မှာ မြန်မာပြည်က တားရော့အကြောင်း ကို ကျွန်တော်က စ ပြီးရေးသားခဲ့တာပါ ၊ ဒါ့ကြောင့် မိတ်ဆွေကို ခုလို အရေးတယူ ဥပမာ များ နဲ့ ရှင်းပြတာပါ ၊ အကယ်တနု မိတ်ဆွေမှာ အဲလို ရတယ်ဆိုရင်တော့ ရပါတယ် ဆိုတဲ့ ကျမ်း ရဲ့ ဖြစ်တည်မူ ကာလသက်တမ်း နဲ့ ကျမ်းလေးကို တင်ပြပေးပို့စေလိုပါတယ်

1 Comment:

Oak Soe MMTL said...

အော်... သူလည်း ဆီဘောက်စ်မှာ အပီခေါက်ခံလိုက်ရပြီကိုး... ဟီဟိ။

နင့်တားရော့ ငါမကြောက် ဆီဘောက်စ်ကြီးနဲ့ ခေါက်၊ ဒေါက်... ဒေါက်... ဒေါက်။။။


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်