တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, June 19, 2011

လတ်တလော CMO

သင်္ကြန်ကစတဲ့ ဧပြီအစောပိုင်းဆိုပါစို့ အမေ့ရဲ့ ရာသီဉတုမတူလို့
ခြေမလေးကွဲတာကို ဆီးချိုရောဂါက ခြေမတဆစ်ကို လာအလှူခံသွားပါတယ် အဲတော့
ခုတင်တဲ့ post လေးဟာ လက်ရှိဆေးရုံတက်နေတဲ့ အမေ့နားမှာ လူနာစောင့်လုပ်ရင်း
ဖုန်းကနေတဆင့် ပထမဆုံးတင်တဲ့စာပါ အမှိုက်ကစ ပြသာဒ်မီးလောင် တဲ့
အရမ်းမှန်တဲ့ မြန်မာစကားပုံပါ
http://www.tarotknowledge.co.cc/2011/05/blog-post.html မှာ
ပါတဲ့အတိုင်းသာ ကျွန်တော်နဲ့ ဧပြီ၂၁ရက်နေ့ကသာ ရန်ကုန်ကို
ပြန်လာခဲ့မယ်ဆိုရင် ခုလို အဖြစ်ဆိုးနဲ့ တွေ့ရမှာ မဟုတ်ပါဘူး ခုတော့
သုံးစားမရတဲ့ မွေးချင်း၂ယောက်ရယ် ငွေမက်ပြီး ငွေသာယူတတ်တဲ့ စောက်ထာမကျတဲ့
အရိုးအကြောဆရာဝန် ၆ကြာနံနဲ့စလို့၂င်္လာနံနဲ့ဆုံးတဲ့ နာမည်၂လုံးပဲပါတဲ့
ဆရာဝန်စုတ်ကြောင့် ဒုက္ခပွေရပါတယ် မိတ်ဆွေတို့ရဲ့ မိဘတွေမှာများ
ဆီးချိုအနာပေါက်ခဲ့ရင် မကြောက်ပါနဲ့ မရွံပါနဲ့ မသနားပါနဲ့ တာဝန်ကျေယုံ
ဆေးရုံဆေးခန်း လိုက်မပို့ပါနဲ့ မိဘမှာဖြစ်နေတဲ့ အနာကို
ကိုယ့်ရည်းစားမျက်နှာလို သေချာစွာကြည့်ပါ ဆရာဝန်မရှိနိုင်တဲ့
တောတောင်တွေမှာ ရောက်နေတာဆိုရင် ကိုယ်တိုင်အနာကို ဓါးအသန့်နဲ့
ဆွေးရိသွားတဲ့ အသားတွေကို ကိုက်ညှပ်ပါ နောက် ဆေးနီရည် နဲ့
အရကပြန်ရော်ပြီး အနာကိုကြမ်းတမ်းစွာ ပွတ်တိုက်ပါ သွေးထွက်လေ
အနာပြန်ကောင်းဖို့ မြန်လေပါပဲ ဆရာဝန်ပြတဲ့အခါမှာလည်း အနာမှာဖြစ်နေတဲ့
ထူးခြားမူကို ရဲရဲပြောပါ ကိုယ့်ငွေနဲ့ သူထမင်းစားနေတာဖြစ်လို့
အားနာမနေပါနဲ့ အနာက ပြည် မန်းရည် ကလိုင် ဖြစ်နေတာတွေ သိဖို့
မိမိကိုယ်တိုင် အနာကို ကိုင်တွယ်ပါ နာမည်ကြီး ဆရာဝန်ဆိုတိုင်း
မယုံစားလိုက်ပါနဲ့ ကိုယ့်မိဘအစား ပြန်မရနိုင်ပါ ကျွန်တော်ကတော့
အမေ့အနာကို လျှာနဲ့လျက်ဖို့တောင် ဝန်မလေးပါဘူး မိတ်ဆွေတို့လည်း
ကိုယ့်မိဘမှာ ဆီးချိုအနာဖြစ်လာရင် ဒီလိုစိတ်ထားကြပါ ခုတော့ ကျွန်တော်ဆီ
အရောက်နောက်ကျလို့ အမေဒုက္ခရောက်ရရှာတယ် မိတ်ဆွေများ မိဘတွေမှာများ
ဖြစ်ခဲ့လို့ ကိုယ်တိုင်ဆေးမထည့်ဝံ့ရင် ကျွန်တော့ကို ဆက်သွယ်ပါ
ကိုယ်မိဘလို သဘောထားပြီး လာပြုစု ကုသိုလ်ယူပါရစေ

2 Comments:

photo pyeaye said...

လာလည်သွားပါတယ် ဆရာတို့ဝက်ဆိုဒ်ကို အမြဲရောက်ပါတယ်

ကျနော်လဲဖုန်းရွှေအကြောင်းလေးရေးဖို့စာအုပ်တွေဖတ်နေတာနဲက မရေးဖြစ်ခဲ့ပါ

အခု စပြီးရေးဖို့ ဘလော့တစ်ခုဖွင့်လိုက်တယ်

ကျနော်နားလည်သလောက်တော့ဘာသာပြန်သွားပါတယ်

ကျနော်လေ့လာထားသလောက်ပို့တင်သွားမယ် ဆရာ



Jian Jun Oo

http://fengshuioo.blogspot.com

uillyogochs said...

Best Ways to Get From Slot to Book of Dead casino
Slot machines are played at 계룡 출장샵 casinos located in the United 서귀포 출장안마 States. There are multiple forms of 오산 출장안마 slot machines at a casino: 10 answers  남원 출장마사지 ·  Top answer: You'll 부산광역 출장샵 find more information on the casino's laws about them and


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်