တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Tuesday, May 3, 2011

၂၀၁၁ ဧပြီ တောင်လား

ဒီနှစ် သင်္ကြန်မှာတော့ အကုသိုလ်တွေ အရမ်းများတဲ့ ကျွန်တော် လားရှိုးမြို့နားလေးစီက သာယာအေးချမ်းတဲ့ ဆုတောင်းပြည့် ပေါ်တော်မူ သီရိသျီဝရှန်ခိုက်ဘုရား ကျောင်းမှာ အကုသိုလ်ဆိုးပြစ်တွေ လျှော့နည်းစေခြင်းငှာ တရားအားထုတ်ချင်ယောင်ဆောင်ခဲ့ပါတယ် အဲဒီ ဆုတောင်းပြည့် ပေါ်တော်မူ သီရိသျီဝရှန်ခိုက်ဘုရား ကျောင်းအကြောင်းကို တရက်တော့ သွားလေ့လာချင်သူတွေအတွက် အထူးတင်ပေးပါမယ် ခုတော့ ဒေတာစုတုန်းမို့ အပျင်းထူတာလဲ ပါတာပေါ့လေ နားလည်ပေးပါ

ဒီကနေ ၇ရက်နေ့မှာ ထွက်တော်မူနန်းကခွါခဲ့ပါတယ် နှစ်တိုင်းသင်္ကြန်ဆို ဘယ်မှမသွားချင်ပါ ခုနှစ်လဲ ထိုနည်း၎င်းပါပဲ သို့ပေတဲ့ အိမ်သူက သွားချင်တယ်ဆိုတော့လဲ မိုးပေါ်က ကြယ်ကို မဆွတ်ခိုင်းတာ ကျေးဇူးများစွာတင်ပြီး ရထားလက်မှတ်ကို ခွေးတိုးနွားတိုးတန်းစီခဲ့ပါတယ် အလွန်ကောင်းတဲ့ မြန်မာ့မီးရထားက ပုထုဇဉ်အချင်း၂ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာချင်း အတူ၂ ထူးဆန်းတဲ့ လူတန်းစား၂ရပ်ကို အထူးဦးစားပေးတာကြောင့် မနက်၃နာရီသွားတန်းစီတာတောင် လက်မှတ်လေး ၁စောင်ပဲရပါတယ်

ဒါနဲ့ လက်မှတ်ပေးတဲ့ရုံမှာ လူရှင်းချိန်လက်မှတ်ရောင်း စာရေးစီကပ်အကူအညီတောင်းတော့ ရုံးချုပ်မှာလျှောက်ပေးမယ်တဲ့ ၃၁၀၀တန်လက်မှတ်ကို၅၀၀၀တောင်းပါတယ် ပေးတာပေါ့ပျော်ပြီးကိုပေးတာ ရထားရဲဆီမှာ အောက်ဆိုက်မေးပြီးသားလေ အမယ်သူတို့က ၁၂၀၀၀တောင်တဲ့ဗျ လက်မှတ်စာရေးလေး ကောင်းမှုကြောင့် အထက်တန်းထိုင်ခုံတခုရခဲ့ပါတယ် အဲဒီတွဲကိုရောက်တောင်မရောက်လိုက်ပါဘူး ရထားစီးတဲ့နေ့က တွဲထိုးတော့ မိန်းမစီးရမဲ့တွဲက ယ္ခင် ဒဂုံမန်းရထားမှာပါတဲ့ ၄ယောက်ခန်းအိပ်စဉ်ပါ တွဲပိတ် ဘယ်သူမှကူးလို့မရတဲ့တွဲပေါ့ ဒီတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး အဲဒီတွဲကနေပဲ မန်းလေးကိုလိုက်ရတာပါပဲ လက်မှတ်စစ်လဲမလာ စီးမယ့်လူတစ်ယောက်လဲမလာတော့ ဟန်ကျသွားပါတယ် နို့မို့ဆို ဒဏ်ငွေ၃ဆတောင် သေပြီဆရာပဲ

ဒါနဲ့မန်းလေးကအိမ်ကို ည၉နာ၇ီလောက်မှာရောက်လို့သွားတယ် ဆိုပါစို့ ရောက်တဲ့နေ့ည ၁နာရီမှာပဲ လားရှိုးမြို့ ကို သွားတဲ့ ရထားလက်မှတ်တန်းစီပါတယ် ညဘက်မန်းလေးမှာ ဆိုက်ကား လေးဘီးရှာမရဘူးဗျ သူတို့ဆီမှာတော့ ဆိုင်ကယ်တက်စီက ညလုံးပေါက်ရသတဲ့ ဒါပေမယ့် အသက်ဥာဏ်စောင့်လေ မစီးရဲပါဘူး ယဉ်စည်းကမ်း လမ်းစည်းကမ်း လုံးဝမလိုက်နာတဲ့မြို့မှာ ဘယ်စီးရဲပါ့မလဲ အမယ် မန်းသူ/သား တွေက ရန်ကုန်ထက် မြစ်ကြီးနားကို သင်္ကြန်တွင်းပိုသွားကျတာတွေ့ရပါတယ် ၈ရက်နေ့တန်းစီ၉ရက်နေ့သွားတာပေါ့ဗျာ

ရထားကမနက်၎နာရီထွက်တယ် မနက် ၆နာရီလား ၇လားမသိဘူး မေမြို့တောင်ခြေက ဆည်တော်ဆိုတဲ့ ဘူတာရုံလးကိုရောက်သဗျာ နာရီမသိတာက ကျွန်တော့မှာနာရီမရှိဘူးဗျ အချိန်နဲ့အလုပ်လုပ်ရတာပျင်းလို့ ၀ယ်ကိုမထားတာ ရန်ကုန်မှာတော့ ကိုင်တဲ့ ဟန်းဆက်ကနာရီကိုပဲ အားကိုးတာပေါ့ အဲဒီဖုန်းက ဟိုမှယူသွားလို့မရတာ ထားခဲ့တာ့ အချိန်မသိဘူးပေါ့ဗျာ အဲ့မှာ ဘာသွားတွေ့လဲ ဆိုတော့ သောက်ကျင့် မကောင်းတဲ့ ခေါင်းပုံဖြတ်တတ်တဲ့ လူ့ငနွားတွေနဲ့တွေ့တယ် ရန်ကုန်မှာကော မန်းလေးမှာကောမရနိုင်တဲ့ ဈေးလေးနဲနဲနဲ့လာရောင်းရှာတဲ့ဈေးသယ်တွေကို ပါးပါးလှီးတာပါ

ဒန့်သလွန်သီး အတောင့် ၄၀ ကျော်ပါတဲ့ဟာကိုမှ ငွေ၂၀၀ ၊ သရက်သီး အရမ်းမကြီးသေးတဲ့ သီးကင်းလို့ခေါ်မလားတော့မသိဘူးဗျ ကလေးလက်တဆုပ်လောက်ရှိတဲ့ အလုံးလေးတွေ ပုဆိုးကို ဟိုဘက်ဒီဘက် ကြိုးစလေးနဲ့ ချည်ရင် နဲတဲ့အလုံးရည်မဟုတ်ဘူးပါတာ အဲဒါကိုမှ ငွေ၅၀၀ ၊ နောက် မုန်လာဥနီ သူတို့အခေါ် ခါကျက်ဥတဲ့ အဲဒါကလဲ ဈေးတော့မမှတ်မိတော့ဘူး ပေါတာတော့ တအားပေါတယ် အဲလောက်တောင်တန်တဲ့ သီးနှံတွေကို ဈေးဆစ်တဲ့ လူလွန်မသားတွေကို ရထားပေါ်ကသာ ကန်ချချင်တော့တာပါပဲ

ထားပါတော့ဗျာ နောက် ကျောက်မဲမှာရပ်တော့ ဟင်းဆင်းဝယ် ကြံရည်ဝယ်ပါတယ် ရထားက စာပို့တောရထားဆိုတော့ တောင်ပေါ်ရှုခင်းတွေတ၀ကြီးကြည့်ရပေမယ့် ဘူတာစဉ်ရပ်တာဗျ ဘူတာအားလုံးအကြောင်းပြောရရင် ၁၀၀၁ညပုံပြင် ဖြစ်သွားမယ် ပြောချင်တာက ဂုတ်ထိပ်တံတား ပါ တအားလှပြီးခုထိကောင်းနေတာတော့ ထူးထွေအံ့ရာသောပါပဲ

အင်္ဂလိပ်တွေ ဘယ်လိုဆိုးတယ်ဆိုဆို ဂျပန်တွေထက်တော့ သူသိမ်းပိုက်တဲ့နိုင်ငံတွေအပေါ်
မှာ သူ့ကိုယ်ကျိုးစီးပွားကော သိမ်းပိုက်ခံနိုင်ငံမှာပါ အကျိုးပြုအောင် စီမံဆောင်ရွက်တတ်ကြပါတယ် ဗိုလ်ချုပ်သာမကျဆုံးရင် ဦးနု ဦးဆောင်တဲ့ အစိုးရသာ အဖြုတ်ချမခံရရင် သို့တည်းမဟုတ် ဗိုလ်ချုပ်လို လူစွမ်းကောင်းအာဇာနည်သာ ပေါ်ထွန်းမလာရင် နှစ် ၁၀၀ ငှားထားတဲ့ဟောင်ကောင်ကျွန်းကို ပြန်အပ်တော့ ဘယ်လိုတိုးတက်နေလဲ အများမျက်မြင်ပဲလေ ခုချိန်ထိသာ အင်္ဂလိပ်အုပ်ချုပ်ထားဦးတော့ အရမ်းတိုးတက်နေမယ့် မြန်မာပြည်ကိုကမ္ဘာမှာမြင်နေရမှာပါ ဗိုလ်ချုပ်သာမကျဆုံးရင် ဗိုလ်ချုပ်ကိုလေးစားတဲ့ အင်္ဂလိပ်တွေကလဲ လွတ်လပ်ရေးပေးပြီးတာတောင် အကူအညီများစွာနဲ့တိုင်းပြည်ကိုတည်ထောင်စ ခေါင်းဆောင်ကြီးတွေကို ကူပံ့ကြမှာ သေချာပါတယ်

အောက်က ပုံလေးတွေကတော့ ကျွန်တော့လက်ရာ....... ဟုတ် လားလားမှမဟုတ်ပါဘူး ခေတ်ပေါ်ပစ္စည်းဆိုလို့ ဖုန်းတလုံးသာ ပိုင်ဆိုင်တဲ့ဟာ ဒစ်ဂျစ်တယ်ကင်မရာလဲမရှိပါဘူး ဒီတော့ ပီကစာမှာ သူများတင်ထားတဲ့ ပုံလေးတွေ ခပ်တည်တည်နဲ့ကောက်တင်လိုက်တာပါ မတွေ့ရသေးတဲ့လူအတွက်တော့ အသစ်ပေါ့ဗျာ ဒီနေရာကနေပဲ မူပိုင်ပုံပိုင်ရှင်တွေကို ကူးယူခွင့်ပြုဖို့တောင်းပန်လိုက်ပါရစေ




(တံတားပေါ် စ အတက်)



(ကွေ့ကွေ့ကောက်ကောက် မြွေလိုမောင်းရ)




(တံတားအလယ် စကားမကြွယ်ရဲပါ အောင်မငီး နီးစပ်ရာ ဘုရားဒေ၀တာများ မစပါ)



(နေရစ်တော့ ဟိုဘက်ကတောင်ရယ် နောက်ပြန်ရူခင်း)



(တံတားအဆုံး တအားပြုံး)



(အင်္ဂလိပ်ခေတ်ကအမွေကောင်းတခု)



( မြန်မာ့မီးရထားက ပြင်တဲ့နေရာတွေရှိတယ်တော့ ပြောတာပဲ ဘယ်နေရာမှာပြင်ထားမှန်းမသိဘူး ဆေးသုတ်ပေးတာကိုပြောတာထင်ပါရဲ့ )



(အင်္ဂလိပ်ခေတ်ကစမ်းဖောက်တဲ့လမ်းလေလား မြန်မာအစိုးရကိုယ်ပိုင်စမ်းဖောက်တဲ့လမ်းလေလား)



( တသွင်သွင် စီးဆင်းနေတဲ့ တောင်၂တောင်ကြားက စမ်းချောင်းလေး )

ပုံကြီးမြင်ချင်ရင် ပုံပေါ်သာကလစ်နှိပ်ပေးပါ ဒါနဲ့ ည ၇နာရီမှာ ရှန်ခိုက်ရပ်စခန်းကိုရောက်ကရောဆိုပါတော့ ဆုတောင်းပြည့် ပေါ်တော်မူ သီရိသျီဝရှန်ခိုက်ဘုရား ကျောင်းကိုမြင်လိုက်ရတော့ စိတ်ထဲအေးသွားတာပေါ့ဗျာ တိုတိုပဲဆိုကြပါစို့ဗျာ လက်လဲညောင်းလာပြီလေ နှစ်ဆန်း၂ရက် မန်းလေးပြန်တယ် ဧပြီ ၂၁ရက်ကျတော့ ရန်ကုန်ရွှေမြို့တော်မွေးရပ်ဌာနီကို ပြန်ရောက်လာပါတယ်

ရေးရမှာပျင်းနေလို့ ဘာPOSTမှ မတင်တော့ရင်လဲ BLOG ကိုဖျက်လိုက်တော့လို့ ရာဇသံပေးလာတဲ့ မိတ်ဆွေအတွက်ရေးပေးလိုက်ပါပြီ ကဲနောက်မကြာခင် တခုသောကာလမှာတော့ ဆုတောင်းပြည့် ပေါ်တော်မူ သီရိသျီဝရှန်ခိုက်ဘုရား ကျောင်းရဲ့အကြောင်းကို သမိုင်းအကိုးအကားတွေနဲ့တကွ ပုံတွေစုံလင်စွာနဲ့ ထူးရှယ်တင်ပြနိုင်အောင် ကျိုးစားပါမယ် ခုတော့ တော်သေးပြီကွယ်

လက်ဝင်လိုက်တဲ့ POST ကုဒ်ဒင်မကလိတာကြာလို့ထင်ရဲ့ ပုံတွေမနည်းပေါ်အောင်တင်ရတယ် ပုံမပေါ်ရင်တော့ ပုံပေါ်သာကလစ်နှိပ်ပေးပါ

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်