တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Saturday, December 26, 2009

ဟက်ပီဘတ်ဒေး ချမ်းမြေ့ဦး

မနက်ဖြန်ဟာ ကျွန်တော့်ရဲ့ အသက်(၃၀)နား ကပ်လာတဲ့ မွေးနေ့တစ်ခုပါ။ ဒီမွေးနေ့မှာ ကျွန်တော်ဆိုတာကြီး ဖြစ်တည်လာအောင် မွေးပေးတဲ့ ဖေဖေနဲ့မေမေ အနားမှာ ရှိမနေပါဘူး။

ဒါ့အပြင် မွေးချင်းပေါက်ဖော်တွေလဲ တယောက်မှ လာမှာ/ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော့်မိသားစု သီးသန့်လေးဖြစ်တဲ့ လက်တွဲဖော်ကြင်ယာ အမျိုးသမီးရယ် ၊ ရင်နှစ်သည်းချာ သမီးလေးရယ် သာ အနားမှာ ရှိမှာပါ။

ဒါပေမယ့် ဒီလိုချည်းပဲ အထီးကျန်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ချစ်ကြတဲ့ ကျွန်တော်က ချစ်ရတဲ့ Online မိတ်ဆွေ လူကြီးမင်းများလည်း ရှိနေကြမှာပါ။ ကွန်ယက်ပေါ်က မိတ်ဆွေကြီးများကို လှိုက်လှိုက်လှဲလှဲ မွေးနေ့ပွဲလေးကို ကြွရောက်အားပေးကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်။

ပထမတော့ ဒီစာလေးကို (၂ရ)နေ့မနက်အစောပိုင်း မှ တင်မလို့ပါ။ ဒါပေမယ့် တနှစ်လုံး ဆိုးခဲ့လေသမျှအတွက် ဘုရားမှာ ခွင့်လွှတ်ဖို့သွားဆုတောင်းမှာမို့ ဒီညမှာပဲ တင်လိုက်တာပါ။ မိသားစုဝင် အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ကဲပါလေ ပျော်စရာကောင်းတဲ့ မွေးနေ့လေးကို ရှိတဲ့လူ / ရှိစေချင်တဲ့လူတွေ နဲ့ ပဲ ကျင်းပလိုက်ကြတာပေါ့။

ကြွရောက်လာတဲ့ လူကြီးမင်းများ အားလုံးကို အောက်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကိတ်မုန့်လေးတွေ ကျွေးချင်ပါတယ်။ ကျွန်တော်နဲ့အတူ တပျော်တပါး စားလိုက်ကြရအောင်ပါ။ READ MORE လေးကိုတော့ ဆက်ဆက်နှိပ်နော်။




ကဲ မပြောဘူးလား

ကိတ်မုန့် အလန်းလေးတွေနဲ့ ဧည့်ခံမှာပါလို့။ ကျွန်တော်ဟာ ဘာပဲရေးရေး တားရော့မပါရင်မဖြစ်တော့ ပါလာပြီပေါ့။

ခုတော့ ပုံပဲကြည့်ကြပါဦးနော်။

ဒါပေမယ့်ဗျာ ကျွန်တော့ကို ကိုတေးအေးရိပ် ၊ ကိုချမ်းမြစိုး ၊ မနိုင်းနိုင်းစနေ(ခုတော့ ဘယ်မှာနေမှန်းမသိ) နဲ့ ကျွန်တော့် BLOG လေးကို ဖန်တီးပေးတဲ့ ဆရာ ဦးကျော်မင်း တစ်ဦးဦးကတော့ ၀ယ်ပို့လိုက်မယ် ထင်တာပါပဲ။ ဟဲဟဲ အထင်ပေါ့ဗျာ ငွေပေးရတာလိုက်လို့နော့။ လန်ဒန်မှာ ရှိတဲ့ မိတ်ဆွေတွေ ကိုပဲ ရွေးသတိရတာ စိတ်ဆိုးကြနဲ့ဗျ။ ဒီကိတ်မုန့်က £185 ဆိုတော့ £ ငွေသုံးမယ်လို့ ထင်ရတဲ့ သူတို့ကို ရွေးပြောတာပါ။

နောက်တခုကတော့

ချမ်းမြေ့ဦးကို မြင်ဖူးချင်ကြတဲ့ မိတ်ဆွေများအတွက် မလှတဲ့ ကိုယ့်ပုံလေးတွေ ပြထားပေးပါတယ်။








အရှက်နည်းတဲ့ ပုံတွေလို့တော့ မပြောကြပါနဲ့ဗျာ။ ဒီပုံလေးတွေပဲ အပြစ်ကင်းလို့ပါ။

7 Comments:

Younggun said...

အခု ၃ဝ ကနေ နောင် ၃ဝ အထိ ဘာဖြစ်ပါစေ ညာဖြစ်ပါစေပေါ့ အကိုရာ..။ ထုံးစံအတိုင်း .. ဆုတောင်းပေးသူတွေကို ကိတ်မုန့်ကျွေးရင်တော့ ကောင်းမှာပဲ။

Zarchi said...

your blog are helpful , always read your post , carry on , wishes you HAPPY BIRTHDAY & MANY MORE TO COME ,,,[ aungbarsay ]

poemflower said...

Happy Birthday ပါ ကိုချမ်းမြေ့ နောက်ကျသွားတယ် ခွင့်လွှတ်ပါ

Yan said...

ဘားနပ်ရှောက ပြောတယ်.
လူတစ်ယောက်ဟာ ၄၀ ကျော်ရင် လူမိုက်စဖြစ်တာပဲတဲ့.
ကိုချမ်းမြေ့ဦးက အခု ၃၀ တောင် မပြည့်သေးဘူး. ပညာတွေ အများကြီးတတ်နေပြီ.

ဒီတော့လည်း ၀ိရောဓိဆန်ဆန်လေးပဲ ဆုတောင်းပေးခဲ့တော့မယ် ဘရားသားရေ...

နောက် ၁၀ နှစ်မှာ လူမိုက်ကြီး မဖြစ်ပါစေနဲ့..

ဟတ်ဟတ်ဟတ်.

မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုချမ်းမြေ့ဦး....
လူသတ္တ၀ါတွေရဲ့ ကောင်းကျိုးကိုလည်း ဒီ့ထက်ပိုပြီး သယ်ပိုးထမ်းရွက်နိုင်ပါစေ...

thetmgmg said...

"ဟက်ပီဘတ်ဒေး ချမ်းမြေ့ဦး" အတွက် မွေးနေ့လက်ဆောင်အဖြစ် Comment များ ၀င်ရောက်ပေးကြကုန်သော လူကြီးမင်းများအားလုံး မင်္ဂလာပါ နှစ်သစ်မှာ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ဗုဒ္ဓေါမေသရဏံအညံနတ္တိ

ချမ်းမြေ့ဦး

Unknown said...

ကိုချမ်းမြေ့ဦးကို ကျွန်တော့်ထက် အသက်ကြီးတယ်လို့ ထင်ထားတာဗျ။ အခုမှ ကိုယ့်ထက် အသက်ငယ်မှန်း သိတော့တယ်။ တော်လိုက်တာဗျာ ..... အသက်ငယ်ပေမယ့် ပညာကတော့ ကြီးမြတ်ပါပေတယ်။
လေးစားတယ်ဗျာ..... အခုမှရောက်လို့ အခုမှ comment ပေးနိုင်တာ ခွင့်လွှတ်ပါဗျာ...... Happy Birthday! နော်...

Unknown said...

ဟုတ် ကဲ့ ခင်ဗျာ ကွှန်တော်လည်းနောက်ကျတော့ ပယောင်းတိုင်း ဖင်နားကကပ်နေတဲ့ ကိတ်ခရမ် အကျန်ပဲစားတော့မယ်ဗျာ
ဘာပဲပြောပြောဗျာ ကျွန်တော်၃၀ ကျရင်လည်းကိုချမ်းမြေ့ဦးလိုမျိုး comment ၀င်ပေးတဲ့မိတ်ဆွေတွေလိုချင်ပါရဲ့ 

ကဲ ၃၀ မှသည်နောက်နှစ်တိုင်းတိုင်း တဲ့ရော့ဒ်ဟောပြောပေးနိုင်ပါစေဗျာ


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်