တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Tuesday, October 9, 2012

သမီးလေး ကြာဖြူသူဇာမောင်

စာဖတ်ပရိသတ် အပေါင်း မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်လဲ ပေါ်လိုက် ပျောက်လိုက်နဲ့ စာမရေးဖြစ်တာတော်၂ကြာပါပြီ
 ရေးမယ် ဆို ရေးစရာ တွေ တပုံကြီးရှိနေပါတယ်
ပျင်းတာရယ် အလုပ်တွေ များနေတာရယ်ကြောင့်မရေးဖြစ်တာပါ
ဗိုက်ထိန်းနေရတာလဲပါသပေါ့ဗျာ
အိမ်သူက ကိုယ်လေးလက်ဝန်ဖြစ်နေတော့ သူ့စောင့်ရှောက်နေရလို့ ဆိုင်မထိုင်ဖြစ်တော့ပါ
ဒီကြားထဲ အချင်းဆိုတဲ့ဟာလေးက သူ့နေရာသူမနေပဲ လျှောက်လည်နေတော့ ဆရာဝန်ကစိုးရိမ်ရတယ်ပြောလို့ ပိုဂရုစိုက်ရပါတယ်

ခုတော့ အဆင်ပြေ ချောမောစွာနဲ့ ဒုတိယရင်သွေးရတနာလေးကို ဖွားမြင်လိုက်ပါပြီ
သမီးငယ်လေးနာမည်က ကြာဖြူသူဇာမောင် လို့ ပေးထားပါတယ်
၁.၁၀.၁၂ တနင်္လာနေ့ ည  ၉:၅၅ မှာ ၇ပေါင်၁အောင်စနဲ့ ဗဟိုအမျိုးသမီးဆေးရုံကနေ လူ့လောကထဲ ခြေချလိုက်ပါပြီ

သမီးငယ်လေးက သမီးကြီးထက် အလေးချိန်ပိုပေမယ့် အသားကျစ်တယ် ထင်တယ် အကောင်သေးတယ်
သမီးကြီးတုန်းက အားလုံး အိုကေပါပဲ အမေကော ညီမလေးပါ အနား၇ှိနေတာ့ ကိုယ်ဘာမှ လုပ်စရာမလိုပါ
ခု ကလေးလေးကြတော့ ဘယ်သူမှ အနားမှာမရှိတော့ အကုန်လုံး ကိုယ်ပဲလုပ်ရတာပေါ့
ဟဟ မွေးတဲ့နေ့က တော်တော်ရယ်ရတယ် သမီးကြီးကို လက်တဖက်ကကိုင် ဆေးရုံမှာလိုတဲ့အထုပ်ကို နောက်တဖက်ကကိုင် နဲ့ ရွာကိုလည်ရော ဒီကြားထဲ ၁၂နှစ်အောက်ကလေး ဆေးရုံထဲမ၀င်ရဆိုတာ သိနေတော့ လန့်နေတာ စိတ်ကောင်းရှိတဲ့ ဆရာမအချို့ကြောင့် အဆင်ပြေပါတယ် မွေးခန်းဝမှာ သမီးနဲ့အေးဆေးနေခွင့်ရခဲ့ပါတယ်

သမီးကြီးကို ဆေးရုံက သန့်ရှင်းရေး ၀န်ဆောင်မူပေးတဲ့ ၀န်ထမ်းက သူ့နားခေါ်သိပ်ပေးပါတယ်
မွေးပြီးတော့လဲ မွေးချိန်လာပြောတာ ကလေးလာပြတာနဲ့ စိတ်ကောင်းရှိပါတယ် ငွေစကားတခုမှမပြောပါဘူး
ကလေးအကြီးလေးမွေးတုန်းကတော့ တော်တော်စိတ်ကုန်စရာပါ ပိုက်ဆံမရပ်မနားတောင်းပါတယ်
ခုတော့ အဲလိုမဟုတ်ပါ တယောက်ယောက်ပဲ တိုင်ထားလို့လား ဆေးရုံကလူတွေပဲ လိမ်မာရေးခြားရှိကုန်တာလားတော့မသိပါ

ဟဟ မပြောင်းတာကတော့ ဒီအခန်းက လူတွေပါ မြန်မာစာတတ်သူတိုင်း နားလည်တဲ့စာတွေပါ
အဲ သူတို့က မြန်မာစာမတတ်ဘူးဗျ 
နိုင်ငံရပ်ခြားကလူတွေထင်တယ် ဒါမှဟုတ် ကျွန်တော်ပဲ အသုံးလုံးမကျေတာလားတော့မသိဘူး
ကလေးထွက်လို့ ခေါ်ပြပြီးတာနဲ့ OG ဆရာမအဖွဲ့ကို 30000 နဲ့ သူနာပြုဆရာမအဖွဲ့ကို 10000 ပေါင်း 40000 ကျတယ် ဆိုပြီး တောင်းပါတယ် ကိစ္စမရှိပါဘူး ကိုယ့်ရင်သွေးကို ဘေးရန်ကင်းစွာမွေးပေးတာပဲ ဒီထက်မကတောင်ပေးရမှာပါ 
ဆိုးတာက မလိုအပ်ပဲ ဟိုဆေးဒီဆေးတွေ လျှောက်ဝယ်ခိုင်းတာ အားလုံးသောအဆောင်တွေနဲ့ ဝေးတဲ့အဆောင်တွေမှာ နေရာချတာဆိုးပါတယ် 
အဲ့မှာ ဘယ် ဆရာဝန် သူနာပြုမှ မလာကြပါဘူး တခန်းလုံးမှာ မွေးမှာ မွေးပြီးလူနာ ၉ယောက်လောက်ရှိပါတယ် အကုန်လုံးကို ဒီအတိုင်း ပစ်ထားတာပါ
နောက် တခုက အဲ့နေ့မှာ ဒလက လာမွေးတဲ့ လူနာအမ တစ်ယောက်က ကလေး အသေလေးမွေးတယ် သူလဲပိုက်ဆံချက်ချင်းတောင်းတာပါပဲ တကယ်ဆို ခဏတဖြုတ်စောင့်ပြီးမှတောင်းကော မရမှာမို့လား ပူဆွေးနေမယ့်မိသားစုကို ကိုယ်ချင်းမစာတာပြောပါတယ် 
နောက် အဲ့ဆေးရုံမှာ သခိုး အင်မတန်ပေါပါတယ် ဖိနပ်ကောင်းတာကအစ ခိုးကြပါတယ်
အစိုးရဆေးရုံတွေ တော်၂များ၂ရောက်ဖူးပါတယ် 
ဆေးရုံကြီး သောက်၂လဲ ပိုးစိုးပက်စက်တောင်းတယ် 
ကလေးဆေးရုံ ကုန်သင့်တာပဲကုန်တယ် ၀န်ထမ်းတွေက ပေးသလောက်နဲ့အေးတယ် ထပ်မတောင်းဘူး
ဟောက်စားဂျင် အူကြောင်ကြားတွေက ကပေါက်တိကပေါက်ချာမေးခွန်းတွေ ရိုက်ပေါက်မေးတတ်တယ်
ဗဟိုအမျိုးသမီးဆေးရုံ သွားလာရတာလဲ အဆင်မပြေ အစစအရာရာမှာ ငွေရှိလဲမလွယ်တဲ့ဆေးရုံပါ 
ဥပမာတခုပြောမယ် အမျိုးသမီးက အိုသွေးပါ ထပ်စစ်ခိုင်းတယ် ကျွန်တော်က ပြောတယ် မှတ်ပုံတင်မှာ ဒီဟာပါဆိုတာမရဘူး ထပ်စစ်တော့လဲ အိုက အိုပဲပေါ့ ဘာပြောင်းသွားမှာလဲမရဘူး ထပ်စစ်ပဲ ကုန်ပေါ့ ငွေတစ်ထောင် အဲလိုတွေ
ထားပါတော့ သမီးလေးမွေးပြီး 2နာရီလောက်မှာ ဖုန်းကင်မရာစုတ်လေးနဲ့ ရိုက်ထားတာလေး တင်လိုက်ပါတယ် 
ဟဟ ကျွန်တော်လဲ ဘာလိုလိုနဲ့ ကလေး ၂ယောက်အဖေဖြစ်သွားပါပြီ ရင်သွေးငယ်လေးတွေကို တွေ့လိုက်ရင် မောသမျှပြေပျောက်ရတာပါပဲ
ဆေးရုံတွေကတော့ အမောဆို့စေတာပါပဲ
ဒါကထုံးစံပဲလေ







0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်