တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Monday, January 23, 2012

ဟိုးရှေးရှေးကစာလေးတွေ





ငယ်စဉ်ကလေးဘ၀ကတည်းက ဒီပုံကြီးတွေ့ရင် တအား အားကျတာ ဘာမှန်းမသိတတ်ခင်ကတည်းက ဆိုပါတော့ ယောင်္ကျားပီသတဲ့ဟန် ထီမထီဟန် အကြောက်အလန့်ကင်းတဲ့ပုံရိပ်ဆိုတော့ အားကျမိတာပေါ့ အရွယ်လေးရလာတော့ စာဂျပိုးဖြစ်လာမှ သူဘာမှန်းသိတာ အလွန်တော်တဲ့ တော်လှန်ရေးသမားကြီးမှန်း သိလာတယ်
စာကြီးပေကြီး စဖတ်တယ်ဆိုကတည်းက စဖတ်တာ ဟစ်တလာ နဲ့ ပတ်သက်တာ အကုန်နီးပါး ဆရာလင်းယုန်မောင်မောင် ရေးတဲ့ စာအုပ်တွေ ဖတ်ခဲ့တယ် နောက် ဆရာဟာ အလံနီကွန်မြူနစ် တောခိုပြီး ပြန်လာတာလို့ ဖေဖေပြောပြလို့သိရတယ် ဖေဖေနဲ့တော့ ဆရာဟာ အရမ်းရင်းနှီးပါတယ်
အဲတော့ စူးစမ်းတဲ့အရွယ်ဆိုတော့ အလံနီဆိုတာဘာလဲပေါ့ အဲ့မှာ ကိုယ့်ထက် စာဂျပိုးကျတဲ့ မိတ်ဆွေတဦးနဲ့တွေ့ပြီး သခင်သန်းထွန်း၏နောက်ဆုံးနေ့ရက်များ ဆိုတဲ့ ထူပိန်းပိန်း စာအုပ်၂အုပ်ပေးဖတ်တာ လူကို ချာလည်လည်မူးသွားတယ်
အဲ့ မိတ်ဆွေက နောက်တော့ ဖဆပလခေတ်က အင်္ဂလိပ်ကိုတော်လှန်ခဲ့ကြတဲ့ အတွေးအခေါ်ပညာရှင် သူရဲကောင်း တွေရဲ့စာတွေ ပေးဖတ်တော့မှ ကွန်မြူနစ်ဆိုတာ ဘာလဲ ယောင်တောင်တောင် နားလည်သလိုရှိလာတယ် နောက် မြန်မာပြည်က ကွန်မြူနစ်တွေရေးတဲ့စာတွေ တအားဖတ်ချင်လာတယ်
စာတအုပ်မှာ ဖတ်ဘူးတာက သခင်စိုးဟာ စည်းရုံးရေးတအားကောင်းပြီး သူပြောဆိုလိုက်ရင် စည်းရုံးခံရသူဟာ ကွန်မြူနစ်ယောဂီဖြစ်သွားသတဲ့
တကယ်ပဲလား အမွှမ်းတင်ကြသလားတော့မသိပါ ဒါ့ကြောင့်သူရေးတဲ့စာတွေဖတ်ချင်လို့ အဟောင်းတန်းတွေလိုက်ဖွတာ လုံးဝရှာမရပါဘူး ဗိုလ်ချုပ်ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီအကြောင်း ပိုသိချင်လေ မကောင်းရေးတဲ့စာတွေသာ ဖတ်ရလေဖြစ်နေတယ်
နောက်အဖက်ဖက်က ကွန်မြူနစ်ပါတီကို မြင်ကြတဲ့ပုံကိုမတွေ့ရပဲ အဆိုးတွေပဲ အပုပ်ချကြတော့ မဖတ်ချင်တော့ဘူး ကိုယ်ဖတ်ချင်တာက၀ါဒ ရေးတာဖတ်ရတော့ လုပ်ရပ်အမှားတွေဆိုတော့ မျက်စေ့ညောင်းတာပဲအဖတ်တင်တာပေါ့

ကဲ ခုတော့ ဘယ် ကျေးဇူးရှင်တွေတင်ပေးမှန်းမသိပဲ အင်တာနက်ကနေ စာအုပ်လေး၂အုပ်ရလာတယ် သ္ခင်သန်းထွန်းရယ် သ္ခင်စိုးရယ် ရေးကြတဲ့စာအုပ်တွေပါ ဟဟ ရေငတ်တုန်း ဘီယာကန်ထဲကန်ချသလားမှတ်တယ် ခုလေးတင် DOWNLOAD ချတယ် 
ဖိုင်တွေ မပျက်ပဲကောင်းနေတာတွေ့တာနဲ့ ဖတ်ချင်သူတွေ ဖတ်နိုင်အောင် ပြန်ဝေမျှပေးလိုက်တာပါ 
 
အောက်မှာတော့ ကွန်မြူနစ်ပါတီ၂ပါတီခေါင်းဆောင်တွေအကြောင်း ၀ီကီမှာရှာတွေ့တာရော Ebook ၂အုပ်လင့်လေးပါတင်ပေးလိုက်ပါတယ်
ဒါလေးကတော့ ပါတီလက်ကိုင်မရှိပဲ ဖဆပလတခုလုံးကို ကိုင်မွှေ့ပြခဲ့တဲ့ ကျွန်တော့်အကြိုက်ဆုံး ပထမဆုံး မြန်မာနိုင်ငံနန်းရင်းဝန် သ္ခင်နုရေးတဲ့ စာတအုပ်အကြောင်းရေးထားတဲ့လင့်လေးပါ ဖတ်ချင်သပဆို ၀င်လို့ကြည့်ပါ 
မိတ်ဆွေများကို တခု မေတ္တာရပ်ခံချင်ပါတယ် ဖဆပလခေတ်ကစာတွေ ဒီဘက်ခေတ်က ပြန်ပုံနှိပ်တာမဟုတ်တဲ့ အလွယ်တကူအဟောင်းတန်းကရှာမရတဲ့စာအုပ်တွေ အင်တာနက်ထဲမှာရှိတယ်ဆို အကြောင်းကြားပေးပါ အားလုံးကို ကျေးဇူးတင်ပါတယ် 

စာမရေးတာ ကြာလာတော့ bloggerကြီးလန်ထွက်နေတာတွေ မနဲလိုက်နေရတယ် တော်တော်တော့မိုက်လာတယ်

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်