တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, August 1, 2010

SEARCH တားရော့ vs တဲရော့

* အံ့ရော ဦးဦးဂူးဂဲရယ် ရှာတာတော့ လန်ထွက်နေတာပဲ ဒါ့ကြောင့်လဲ ကမ္ဘာကျော်ပေတာပေါ့ ပိစိကွေးလေးက အစ မြင်အောင်ရှာနိုင်ပါပေါ့နော်

* ကျွန်တော်တို့ မြန်မာ BLOGGER အချို့တော့ သိမသိ ကျွန်တော်မသိပါဘူး ကျွန်တော်ကတော့ ခုမှသိတာဗျာ ပိန်းတယ်ပြောလဲ မတတ်နိုင်ပါဘူး ကိုယ်မှမသိတာကိုးနော့

* ပျင်းပျင်းရှိတာနဲ့ ဂူးဂဲထဲမှာ တားရော့ လို့ ရိုက်ရှာလိုက်တာ ခုလိုတွေ့ရတယ်ဗျာ

* " တား " ကတော့ ထားပါလေ အဲ " ရော့ " မှာ စတွေ့တာဗျို့

* အများအားဖြင့် ( -့) အောက်ကမြစ် ကို ရိုက်ကြတဲ့နေရာမှာ
h ကို သုံးကြတယ်
shift+y ကို သုံးကြတယ်
shift+u ကို သုံးကြတယ်
ပေါ့ဗျာ

* အဲလို မြန်မာစာရိုက်ပြီးရှာတဲ့အခါမှာ GOOGLE က " တားရော့ " ကို ခုလိုရှာပေးတယ်ဗျာ
" ရော့ " မှာ
h ကို သုံးရင် 3,300 results
shift+y ကို သုံးရင် 481 results
shift+u ကို သုံးရင် 395 results
အောက်ကလင့်လေးကိုနှိပ်လိုက်ရင်ရပါပြီ သူရှာပေးတဲ့နေရာဆီ တိုက်ရိုက်ရောက်မည်


ရှာလို့ပေးပါသတဲ့

* တခါ " တဲရော့ " လို့ရှာကြည့်ပြန်တော့
" ရော့ " မှာ
h ကို သုံးရင် 50 results
shift+y ကို သုံးရင် 4 results
shift+u ကို သုံးရင် 0 results
အောက်ကလင့်လေးကိုနှိပ်လိုက်ရင်ရပါပြီ သူရှာပေးတဲ့နေရာဆီ တိုက်ရိုက်ရောက်မည်


ရှာလို့ပေးပါသတဲ့

* လေ့လာစရာ မကုန်တဲ့ နည်းပညာလောကကြီးပါကလားဗျာ GOOGLE ကို တားရော့ / တဲရော့ ရှာပေးတာကို သဘောကြလို့ တင်လိုက်တယ်ဗျာ ဒီရက်ပိုင်း အလုပ်တွေ များနေလို့ BLOG ဘက် လှည့်မကြည့်နိုင်ပါဘူးဗျာ နောင် အချိန်ရရင် ပြုပြင်စရာတွေ ပြန်ပြင်ရဦးမယ်


1 Comment:

Oak Soe MMTL said...

ကိုချမ်းမြေ့ဦးရေ... တကယ်ကျတော့လေ အဲဒါက ဖောင့်ပြဿနာဗျ။ ဇော်ဂျီရဲ့ အားနည်းချက်လို့လည်း ဆိုရမယ်။

မြန်မာသရီးဖောင့်ဆိုရင် အောက်မြစ်၊ ရရစ်၊ ယပင့် စတာတွေ အားလုံးက တစ်နေရာတည်း တစ်ခုတည်း ဘာကိုရိုက်ရိုက် သူ့အလိုလို လုပ်ထားတဲ့နည်းပညာနဲ့ နေရာရွှေ့ပေးတယ်ဗျ။ အဲဒီတော့ လူ တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင် ရိုက်လည်း “တားရော့” က တစ်မျိုးတည်းပဲ ဖြစ်တယ်ဗျ။

ကိုညီလင်းဆက်တို့ သုံးနေတဲ့ ဇော်ဂျီ ၂၀၀၉ မှာတော့ အဲလိုတွေ လုပ်ထားတယ်။ ဒါပေမယ့် သူ့ဖောင့်ကို ဘယ်သူမှ လိုက်မသုံးကြတာ ခက်တယ်။ နောက်တစ်ခုက အရင်က ဖောင့်အဟောင်းနဲ့ ရေးခဲ့တဲ့ ပို့စ်တွေကလည်း ရေးတဲ့သူ ကိုယ်တိုင်က အမှန်ကို ပြန်ပြင်ရိုက်တာက လွဲလို့ စက်က လိုက်ပြီးတော့ ပြင်မပေးနိုင်တာ အများကြီး ကျန်သေးတယ်။

မြန်မာဖောင့်အကြောင်း မပြောတာ ကောင်းပါတယ်။ ဒေါသထွက်လိမ့်မယ်။ ကျွန်တော်လည်း ပညာရှင်မဟုတ်ဘဲ ဝင်ပြောလွန်းလို့ လူမုန်းများနေတာ ကြာပြီ။

ခင်မင်စွာဖြင့်


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်