တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Friday, December 4, 2009

ဗေဒင်မေးလိုသော မိတ်ဆွေများအတွက်



E-mail မှ သော်၎င်း ၊ Cbox မှ သော်၎င်း ၊ တဖွဖွမေးလွန်းမက မေးနေကြတဲ့ မိတ်ဆွေများအတွက် ကျွန်တော် တစ်ခုခုတော့ ပြန်လုပ်ပေးရပါတော့မယ်။ စာလာဖတ်သူ မိတ်ဆွေအတော်များများဟာ သူတို့ရဲ့ကံဇာတာကို သိလိုကြောင်း Message တွေ ပို့တာကို မကြာခဏ ရနေတဲ့အတွက် အဆိုပါ မိတ်ဆွေမျိုးများအတွက် ၀န်ဆောင်မှုတစ်ခုကို စတင်လုပ်ဆောင်ပေး ရပါတော့မယ်။

အခြားသော နိုင်ငံရပ်ခြားက ဗေဒင်နဲ့ ပတ်သက်တဲ့ ဘယ်ဆိုက်မဆို (အားလုံးနီးပါးလောက် မှာ) ဟာ ၀ါသနာရှင်တွေစီကနေ နည်းအမျိုးမျိုးနဲ့ ငွေရအောင် ကြံဆောင်နေကြပါတယ် ။ ကျွန်တော်ကတော့ ကိုယ့်သွေးသာရင်းတွေဖြစ်တဲ့ ကိုယ့်နိုင်ငံသားတွေကို ဒီလိုကိစ္စတွေ မလုပ်ချင်လို့ စကတည်းက အားလုံးဟာ အခမဲ့လို့ အာမခံရဲရဲနဲ့ စတင်ပြီး Blog ရေးသားခဲ့တာပါ။

တားရော့ပညာရပ် နဲ့ ပတ်သက်ပြီး နားမလည်တာ / မရှင်းတာတွေကို ပြန်လည်မေးမြန်းတာ ပြဿနာမရှိပါ။ မိမိကံဇာတာကို သိချင်တဲ့ မိတ်ဆွေများအတွက်တော့ ဒီဝန်ဆောင်မှုဟာ လိုအပ်လို့ လုပ်ပေးရတာပါ ။ (တားရော့ ပညာရပ်ပိုင်းမှာ နားမလည်လို့ မေးမြန်းတာ အားလုံးကတော့ ထုံးစံအတိုင်းပဲ အားလုံးဟာ FOC ပါပဲ။ လိုတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အကူအညီမှန်သမျှကို ပညာဒါနဖြန့်ဝေ ပေးသွားမှာပါ။)

မိတ်ဆွေများ (ကံဇာတာသိလိုသူများ) အနေနဲ့ ကျွန်တော့်ထံကို အဓိက ပေးပို့ရမှာကတော့ မွေးနှစ်၊ မွေးလ၊ မွေးရက်၊ မွေးချိန်၊ မွေးရပ်မြေ၊ မွေးနာရီ၊ မိနစ်စသဖြင့် တို့ကို အတတ်နိုင်ဆုံး စုံလင်စွာ ပေးပို့ပေးရပါမယ်။ ကျွန်တော့်ဘက်ကနေ အောက်ပါ ၀န်ဆောင်မှုတွေကို မိတ်ဆွေများ အတွက် ဆောင်ရွက်ကူညီပေးမှာ ဖြစ်ပါတယ်ခင်ဗျား။







* တစ်နှစ်စာနှုတ်ဟော (ရိုးရိုး) မှာပါက PDF ဖိုင်ဖြင့် ပို့ပေး ပါ့မယ်။

* တစ်နှစ်စာနှုတ်ဟော (အထူး) မှာပါက ဟောချက်အသံဖိုင်ပါ ပို့ပေး ပါ့မယ်။







* တစ်နှစ်စာ ဟောစာတမ်း(အထူး) မှာပါက ဟောချက်အသံဖိုင်ပါ ပို့ပေး ပါ့မယ်။

* အထူးအခွင့်အရေးအနေဖြင့် (၃)နှစ်၊(၅)နှစ် နှင့် တစ်သက်တာဟောစာတမ်း မှာကြားတဲ့ မိတ်ဆွေများအားလုံးကို နှစ်စဉ် မိတ်ဆွေသိလိုသော ပြဿနာ အခက်အခဲ(၅)ခုကို စိတ်တိုင်းကျ အခမဲ့ G-talk မှ ဖြေကြားပေးပါမယ်။

* (၃)နှစ်၊ (၅)နှစ်စာ ဟောစာတမ်း ကိုတော့ အသံဖိုင်မပေးပို့နိုင်ပါ။

* တသက်တာဟောစာတမ်း ကို စာအုပ်ပုံစံချုပ်ပေးပြီး၊ အချိန်မရွေး ဖတ်ရှုနိုင်အောင် စီစဉ်ပေးပါမယ်။







* ဇာတာ(ထန်းဖူး) အမျိုးမျိုးကို မိတ်ဆွေ ထံ အရောက် (မည်သည့်နိုင်ငံမဆို) ပို့ပေးပါမယ်။

* ဇာတာ(ထန်းဖူး) ဟာ အန္တရာယ်ကင်း အဆောင် လို့လဲ ရှေးလူကြီးများက ယူဆကြပါတယ်။

* ဇာတာ(ထန်းဖူး) နိုင်ငံခြားသားများက အလွန် စိတ်ဝင်စားကြပါတယ်။







* ရင်သွေးငယ်များအတွက် ဇာတာ(ထန်းဖူး) နှင့် အမည်ပေး (၂မျိုးလုံး) အပ်သူမှန်သမျှအတွက် ရင်သွေးဟောစာတမ်းလေး တွေ အခမဲ့ လက်ဆောင် ဟောပြောပေးပါမယ်။





* ဒီစာရင်းမှာ မပါပေမယ့် ဗေဒင်နဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စမဆိုကိုလဲ ဆွေးနွေးနိုင်ပါတယ်။


လူကြီးမင်းအနေဖြင့် အထက်ပါ ကိစ္စတွေထဲက လိုအပ်တဲ့အကူအညီကို ရွေးချယ်ပြီးပါက chanmyaeoo82@gmail.com ကို +Add လိုက်ပါ။ လူကြီးမင်း ငွေလွဲရမည့် သူအမည်၊ မှတ်ပုံတင်အမှတ်၊ ဖုံးနံပါတ်ကို G-talk မှာ ပြောပြပေးပါမယ်။


ရန်ကုန်မှာ (သို့) ပြည်တွင်းက မိတ်ဆွေတွေအနေ နဲ့ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား မြို့နယ်တွေမှာ ရှိတဲ့ ပုဂ္ဂလိကဘဏ်များမှ မိတ်ဆွေတို့ နှစ်သက်ရာဘဏ်မှာ ငွေလွဲနိုင်ပါတယ်။


နိုင်ငံရပ်ခြားပြည်ပမှ မိတ်ဆွေများအနေ နဲ့ ကတော့ ရန်ကုန်မြို့သို့ ငွေလွဲပို့နိုင်တဲ့ ငွေလွဲဌာနများမှ ပေးပို့ နိုင်ပါတယ်။

ဥာဏ်ပူဇော်ခငွေရောက်ပြီး(၁)ပတ် (သို့) အကူအညီ တောင်းခံသည့်ကိစ္စပေါ် မူတည်ပြီး (၂)ပတ်အတွင်း မိတ်ဆွေလိုအပ်သော ကိစ္စအတွက် ဟောပြော ကူညီချက်တွေ ပေးပို့ပေးမှာ ဖြစ်ပါတယ်။ လွယ်ကူသည့်ကိစ္စများ / အရေးကြီးကိစ္စများအတွက် ဥာဏ်ပူဇော်ခငွေ ရောက်ပြီး (၃)ရက်အတွင်း ပေးပို့ပေးပါမယ်။


ဗုဒ္ဓေါမေသရဏံအညံနတ္တိ


ချမ်းမြေ့ဦး

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်