တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, October 28, 2009

© CopyRight ©

ခင်မင်လေးစားအပ်ပါသောမိတ်ဆွေများခင်ဗျာ......

ကျွန်တော် ခု ဒီblog ရေးရတဲ့ အဓိကရည်ရွယ်ချက်ဟာ မြန်မာပြည်မှာ တားရော့နဲ့ပတ်သက်ပြီး တစ်နေရာထဲက လေ့လာနိုင်အောင် အထူးကြိုးစားနေတာပါ။ ဘယ်ပညာရပ်များနဲ့မှ လိုင်မပူးပဲ တားရော့တစ်ခုထဲကိုပဲ အင်တာနက်ထဲကနေ အခမဲ့ရမယ့်ဟာလေးတွေ ၊ ကောင်းနိုးရာရာဗဟုသုတရနိုင်မယ့်ဟာလေးတွေ စုဆောင်းတင်ပြပေးနေတာပါ။ ကျန်ပညာရပ်အားလုံးကိုလည်း လေးစားယုံကြည် သက်ဝင်ပါတယ်။ ဒါကိုသာ အထူးပြုရေးသားတာပါ။ ကိုယ်စလေ့လာတော့ ဒုက္ခရောက်ဖူးလို့ပါ။

ခု ဒီblog မှာပါတဲ့ အကြာင်းအရာအားလုံးဟာ ကျွန်တော့်ကိုယ်ပိုင် မဟုတ်ပါဘူး။ အင်တာနက်ထဲကနေ ပတ်မွှေပြီး တွေ့ရှိထားတဲ့ဟာက ၄၀% ၊ ကိုယ်ပိုင်ရေးတဲ့ ၆၀% လောက်ဟာ ကျွန်တော့်ဦးနှောက်က ထွက်တဲ့ သဘောတရား အာဘော်တွေပါ။ ငွေမပေးရင် ဘာမှအလကားမပေးတဲ့ အင်တာနက်ကို စိတ်နာနာနဲ့ အတင်းကာရော ရှာဖွေလိုက်တာ ခု ဒီblog လေး ဖြစ်ပေါ်လာရတာပါ။

တားရော့အကြောင်းလေ့လာနေသူတွေ ၊ တားရော့ပညာလိုလားနေသူတွေ မည်သူမဆိုအတွက် မိမိနှစ်သက်ရာများကို ဒီblogလေး ထဲကနေ စိတ်ကြိုက် ကူးယူအသုံးချနိုင်ခွင့်ရှိပါတယ်။ ပညာလှူတာလောက် ကုသိုလ်ရတာ ဘာမှမရှိပါဘူး။ ကျွန်တော်သိတာ အကုန်လုံးကို အခမဲ့ ပြန်လည်ဝေမျှပေးနေတာပါ။ လာရောက်လည်ပတ်သူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ လာလည်သူအပေါင်းထဲက တစ်ဦးတစ်ယောက်ဟာ ဒီ blog ကိုလာလို့ တားရော့ဝါသနာ ပါသွားခဲ့ရင် ကျွန်တော်အချိန်ကုန်ခံပြီး လုပ်ပေးရကျိုးနပ်ပါပြီ။

စီးပွားရေးအတွက် အသုံးပြုမယ်ဆိုရင်တော့ ဘယ်ကရတယ် ဆိုတဲ့ မှီငြမ်းလိပ်စာလေး ကိုတော့ ထည့်သွင်း ဖော်ပြပေး စေချင်ပါတယ်။ မဖော်ပြလဲ ဘာမှတော့ မတတ်နိုင်ပါ။ သို့သော် လူ့ကျင့်ဝတ်တစ်ခုအနေနဲ့ လူပီပီ တာဝန်ကျေစေချင်တာပါ။

ဘာ့ကြောင့် ဒီလိုရေးရသလဲဆိုရင် တစ်ခါ ဦးနှောက်ဖောက်စားတာ ခံလိုက်ရလို့ပါ။ ရန်ကုန်က လုပ်စားနေကြ ကြောင်ဖားကြီး တစ်ယောက်ပါ။ တနင်္ဂနွေနံနဲ့စပြီးအင်္ဂါနံနဲ့ဆုံးတဲ့ မြို့နယ်မှာ နေပါတယ်။ နာမည်တော့ ဖွင့်မပြောပါရစေနဲ့။

ကဲပါလေ ထားပါတော့ စိတ်ဆိုးလို့တော့ မဟုတ်ပါ။ ဖြစ်စေချင်တာ/ဖြစ်သင့်တာလေးကို ပြောဆိုမေတ္တာရပ်ခံတာပါ။ ရေးသားတဲ့နေရာမှာ စိတ်လိုက်မာန်ပါ ရေးသားပြောဆိုတာမျိုးလေးတွေ ပါခဲ့မယ်ဆိုရင် အနှုးအညွှန့် တောင်းပန်အပ်ပါတယ်။

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်