မင်္ဂလာ နှစ်သစ်ပါ
စာဖတ်သူ မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာပြီး စိတ်နဲ့ကိုယ် ထပ်တူကျနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ကျွန်တော်စာမရေးဖြစ်တာလဲကြာနေပါပြီ အရှုပ်တွေလုပ်ရင်း အလုပ်တွေရှုပ်ရင်း ငပျင်းထူရင်းကနေ မရေးဖြစ်တော့တာပါ မကြာမကြာတော့ BLOGGER ထဲ ၀င်ဝင်ကလိဖြစ်ပါတယ် ခုတော့ ဖုန်းထဲထည့်ပြီး ဗေဒင်တွက်လို့ရတဲ့ ဆော့ဝဲ လေးတွေ ဝေမျှပေးချင်ပါတယ် နောင် အဆင်သင့် ရင် သင့်သလို ကြဲကြဲလေးပဲ စာတွေရေး ဖြစ်တော့ပါမယ်
အစဦးစွာ ပထမအနေနဲ့ ဖုန်းကနေ QR ကုဒ်နဲ့ ဒေါင်းချင်ကြတဲ့ မိတ်ဆွေများကတော့ ကျွန်တော့ထက် ပိုနားလည်တဲ့ ပညာရှင်တွေ ရေးသားထားတဲ့
http://www.myanmarmobileapp.com/?p=3567
မှာဝင်ပြီးလေ့လာပါ
ကျွန်တော်ကတော့ အင်တာနက် ဆိုင်ကနေဒေါင်းပြီးမှ SD ကတ်ထဲထည့် အသုံးပြုတော့ ဒီအပိုင်းတွေနားမလည်ပါဘူး ဒါ့ကြောင့်မို့ ဒါရိုက်ဒေါင်းတဲ့လင့်တွေပဲ တင်ပေးပါ့မယ် အင်တာနက်သုံးပြီးမှ မေးလို့ရတဲ့ ဆော့ဝဲတွေတတ်နိုင်သမျှတော့မတင်ပေးပါဘူး ဖုန်းကသုံးရတဲ့ အင်တာနက်က မတရားလေးလံတော့ မိတ်ဆွေတွေ စိတ်ကုန်သွားပါလိမ့်မယ် အင်တာနက်မလိုတဲ့ ဗေဒင်ဆော့ဝဲတွေပဲ တင်ပေးလိုက်ပါတယ် အကောင်းဆုံးကတော့ IDM သုံးပြီး မညှာမတာဒေါင်းလိုက်ပေတော့ဗျာ






















0 Comments:
Post a Comment