တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, May 2, 2010

ကျွန်တော် နဲ့ အတွင်းစိတ် တိုက်ပွဲလေးများ


တားရော့မပါရင် မရေးတတ်တော့သလိုပဲ လို့တော့ မထင်ကြပါနဲ့ဗျာ ချစ်တာကိုးနော့ ခု တင်ထားတဲ့ တားရော့ပုံလေးကလဲ တားရော့ ချီတက်ပွဲတဲ့လေ ဘာကိုဘာ့ကြောင့် ချီတာလဲတော့ လာမေးကြနဲ့နော် ကျွန်တော်လဲမသိဘူး လတ်တလော စိတ်ခံစားမှုတွေကို ဒီပုံလေးနဲ့ ထင်ဟပ်မိတော့ တင်လိုက်မိတယ်

POST မတင်တာလဲကြာပေါ့ စိတ်ကို မပါတော့ဘူးဗျာ BLOG ရေးရတာ ကိုယ့် ရပ်တည်ရာမဟုတ်တဲ့လိုင်းတွေကို လိုက်ပုတ်ခပ် ပြန်လှန်ပြောဆိုခြင်းငှာ မတတ်သာတော့ ဖင်ပိတ်ငြင်း အလကားဗျာ ငွေကုန် လက်ညောင်း မျက်စေ့အလုပ်ရှုပ်အောင် ကလိတာရယ် မကြိုက်ဘူးပြောပြီး ကာယကံရှင်မသိအောင်လုပ်စားတာ ပြောပြောချင်တော့ဘူး ပြောချင်တာကတော့ဗျာ ကိုယ်ပြောလိုတဲ့ ကိစ္စနဲ့စပ်လျှဉ်းပြီး နားလည်အောင် တတ်ကျွမ်းအောင် နဲနဲ တီးခေါက်ကြည့်ကြပါ ကျွန်တော်ကတော့ ဘယ်သူရယ်လို့ ပြောချင်စိတ်လဲမရှိတော့ပါဘူးဗျာ ယှဉ်ပြောနိုင်ပြီ (၀ါ) နားလည်ပြီလို့ မိမိကိုယ်ကို ယူဆရင်တော့ လာပါဆွေးနွေးပါ CBOX တွေမှာ ဗိုင်းရပ်ကိုက်သလို ဖောက်စားတာတော့ လုံးဝကန့်ကွက်ပါတယ်ဗျာ မိမိနာမည်ရင်းကိုမှ ထုတ်ဖော်မပြောရဲတဲ့ အကြင်မိတ်ဆွေတွေကို ပြန်လည်ပြောဆိုတော့မှာ မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါကြောင်း..............................

ဒီကနေ့ဟာ မြန်မာလူမျိုးများစွာ အသက်ဆုံးပါးခဲ့ရတဲ့ နာဂစ် အလည်လာသွားတဲ့နေ့ပါ မနက်ဖြန် ခုလိုအချိန်မတိုင်ခင် အစောပိုင်းမှာ မေ(၃)ရက် နာဂစ်မုန်တိုင်း တိုက်ခပ်စဲအချိန်မှာ မိုးတွေစရွာနေတုန်း လေပျော့သွားခိုက် သူများတွေက ၀ါးတီးအတွက် စားစရာလိုက်ရှာ ၀ယ်နေချိန် ကျွန်တော်ကတော့ ကွမ်းလိုက်ဝယ်နေရပါတယ် ကွမ်း ၁၀၀၀ ဖိုးအတွက် အသက်တစ်ချောင်းကို ပမာမခန့်လုပ်အောင် ဖြစ်စေတဲ့ အဲ့ ကွမ်း ဆိုတဲ့ အရွက်တွေကိုလဲ မုန်းပါ့ ကွမ်းလဲ လက်ထဲရောက်ရော ရေတက်လာတဲ့ ( မိုးရွာတိုင်း တရားလွန် ရေ တက်နေကြ အချိန်ထက် ပိုနေချိန် ) အခါတော့ လမ်းတောင် မကူးနိုင်တော့ ရေကလဲ ပေါင်ရင်းတောင် ရောက်နေမင့်ဟာကိုး စေတနာထားပြီး သွပ်ပြားလိုက်ကောက်တဲ့ ကောင်လေးတွေသာမကယ်ရင် အိမ်ပြန်ရောက်မှာမဟုတ်တော့ နာဂစ်ပြီးတော့လဲ အိပ်ယာထဲလဲတဲ့အထိဖြစ်စေတဲ့ ရေမသန့်တဲ့ ရောဂါကိုလဲ မုန်းမိပါရဲ့နော် အကိုအပေါ် သားအပေါ် အရမ်းစိတ်ပူပြီး ပြုစုခဲ့တဲ့ ညီမလေး နဲ့ အမေ တို့ရဲ့ မေတ္တာစွမ်းကြောင့်သာ နလန်ပြန်ထခဲ့ရတယ် မြန်မာပြည်ကို ပြည်ဝင်ခွင့်မတောင်းပဲ ၀င်လာပြီး အသက်အိုးအိမ်တွေ ၀ါးမျိုသွားတဲ့ နာဂစ်ရဲ့သားကောင် ဖြစ်ခဲ့ရတဲ့ မြန်ပြည်တခွင်က ၀ိဥာဏ်တွေ လွတ်ငြိမ်းချမ်းသာပါစေကြောင်း...............................

ပြီးခဲ့တဲ့ (၂) ရက်က ဂူးဂဲ ကရီယေတာတွေ ကလူကြည်စယ်လိုက်ပုံကလဲ သင်းပါ့ ၂၄နာ၇ီလောက် ညစ်သွားတယ်
ကိုယ့်ကို ဒဆေးဘဲ လုပ်ရအောင် ဘာမှလဲမလုပ်တတ် အဲလိုအပိုင်းတွေလေ နောက်မှ ဒုက္ခပေးနေကြ ကိုကြီးကျော် ကူလိုက်ရပါတယ် အားနေအားယား ဒဆေးဘဲ လုပ်ပလိုက်တဲ့ အုံနာငတိတွေလဲ သောက်မြင်ကို ကပ်တယ် လုပ်ပါလား PORN ဆိုက်တွေ နိုင်ငံရေး ဆိုက်တွေ ခုတော့ ဟင်းနော် ဘာမှအန္တရာယ်မရှိတဲ့ အကြောင်းအရာကို လာလုပ်တယ် အဲလိုဖြစ်ကြတဲ့ ဘော်ဘော်တွေ ရှိရင် နိုင်ငံခြား ဖုန်းနံပါတ်လေး ဂူးဂဲကိုပေးလိုက်ပါ အဲ့ဒီဖုန်းကို ဂူးဂဲက SMS ပြန်ပို့ပေးပါလိမ့်မယ် PASSWORD အသစ် လုပ်ခိုင်းမယ် ပြီးရင် အကောင့်တွေ ပြန်သုံးလို့ရပါပြီ မသိရင်တော့ စိတ်ညစ်ရတာပေါ့.....................


တော်သေးပြီကွယ် လက်လဲညောင်းလှပေါ့

0 Comments:


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်