လောကကြီးထဲမှာရှိတဲ့ တားရော့ဇာတ်ကောင်များ
0
ဘာမှမရှိပဲ အားလုံးရှိနေတာ `အရိုးခံတည်ငြိမ်မှု´တွေအပြည့်ရှိတဲ့သူ့ကို ဘေးဖယ်ထားလို့ မရပါဘူး။
19၊1၊10
ပြီးပြည့်စုံတဲ့စွမ်းအားရှင် `သူရိယနတ်သားနေသူရိန်´ဟာ လူတွေကို `သူ့ရဲ့အတတ်ပညာတွေနဲ့ဖန်ဆင်း´ပြီး သူတို့ရဲ့`ကောင်းကျိုးဆိုးပြစ်တွေကို´ အလှည့်ကြခံစားစေပါတယ်။
2၊11၊20
လူတွေကို ဘယ်လို `နေတတ်ထိုင်တတ်ဖို့ဆိုဆုံးမ´ ထားပေမယ့် လောကပါလတရားက လောကနီတိတွေကို `ဖောက်ဖျက်ကျူးလွန်´ရင် တမလွန်ဘ၀ ရောက်သည့်တိုင်` ၀ဋ်ကြွေးအကျေပေးဆပ်´ရမှာပါ။
3၊21၊12
မာတာ`မိခင်ရဲ့ဂုဏ်ကျေးဇူး´ကြောင့် မွေးဖွားလာပြီး မိမိတို့ရဲ့ `မူလရင်းမြစ် ကိုယ့်ဇစ်မြစ်´ကိုမှ နားမလည်ရင်လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ ဘာတစ်ခုမှ `အကောင်အထည်မဖော်နိုင်´ပါဘူး။
4၊13
နေရာတကာမှာ `ဦးဆောင်ဦးရွက်ပြု´ခွင့်ရတိုင်း တဖက်သားအပေါ် `မိမိရဲ့လုပ်ဆောင်မှုကြောင့်´ကောင်း/ဆိုးခံစားကြရပါတယ်။
5၊14
`တရားရေအေးအမြိုက်ဆေး´ဟာ လူတွေမှာမရှိမဖြစ် လိုအပ်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို `အသွင်တမျိုးကူးပြောင်းပေး´စေပါတယ်။
6၊15
`လိင်စိတ်´ဟာ လူတွေကို တဟုန်ထိုးတိုးတက်စေသကဲ့သို့ သူ့ကြောင့်ဘဲ `လုပ်သင့်ကိုင်သင့်တာတွေ နောက်ကျတာ၊ မလွတ်လပ်တာတွေ´ ဖြစ်စေတတ်ပါတယ်။
7၊16
`မိမိလိုလားချက်ကိုပဲကြည့်ပြီး စည်းလုံးညီညာအောင်´ လုပ်ရတဲ့အလုပ်ဟာ `အချိန်မရွေးပြိုကွဲ´သွားနိုင်ပါတယ်။
8၊17
`ကိုယ်ပိုင်အစွမ်းသတ္တိရှိမှသာ´ အများနည်းတူချိုမြိန်တဲ့ အောင်မြင်မှုရရှိပြီး`ထင်ပေါ်ကျော်ကြားမှု´ကိုရရှိနိုင်ပါတယ်။
9၊18
`ကိုယ်ရောစိတ်ပါ စူးစိုက်ကျင့်ကြံမှုတွေရဲ့အဆုံးမှာ´ လူတွေနဲ့ဝေးကွာသွားပြီး `ကဲ့ရဲ့စကားတွေနဲ့ နှိပ်စက်ကလူကျီစယ်မှု´ကို လောကအနှစ်သာရတွေနဲ့ချေဖျက်ပါ။
0 Comments:
Post a Comment