တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Sunday, March 1, 2009

တားရော့ပညာ ဘယ်ကစလေ့လာရမလဲ ဆိုသူများအတွက်



ဒီ Blog ကိုလာလည်ကြတဲ့ မိတ်ဆွေအပေါင်း မေးတတ်တဲ့ မေးခွန်းလေးတစ်ခုကို ဖြေကြားပေးပါမယ်။ ဒီ Blogမှာပါတဲ့ တားရော့ပညာအကြောင်း Postတွေကို အခုရှင်းပြသလို လေ့လာရင်တော့ လွယ်ကူပါလိမ့်မယ်။

ပထမဆုံးလေ့လာသူအနေနဲ့




ကို စတင်ဖတ်ရှုပေးပါခင်ဗျာ။

ဒီ Postနှစ်ခုကို ဖတ်ပြီးရင်



မှာ လေ့လာသူ ကြိုက်နှစ်သက်ရာ မေဂျာတားရော့ တစ်ခုကို Download ဆွဲရန် ဖြစ်ပါတယ်။

ကျွန်တော်ကတော့ *Rider Waite
*Tarot Rider Waite-Nကိုသုံးကြဖို့တိုက်တွန်းပါတယ်။ Postတွေနဲ့ ကိုက်ညီတဲ့ တားရော့အမျိုးအစားဖြစ်လို့ပါ။ ကျန်တာတွေကို တားရော့ကတ်အမျိုးအစားတွေအများကြီး ပိုင်ဆိုင်ချင်တဲ့ လေ့လာသူတွေအတွက် ရည်ရွယ်တာပါ။


လေ့လာသူ ကြိုက်နှစ်သက်ရာ မေဂျာတားရော့ တစ်ခုကို Download ဆွဲပြီးပါက



မှာ တားရော့ကဒ်တွေရဲ့ တစ်ကဒ်ချင်း အဟောတွေကို လေ့လာပါ။



ကတော့ တားရော့ကဒ်တွေမှာပါတဲ့ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ် တွေကိုလေ့လာရပါမယ်။

တားရော့နဲ့ဗေဒင်မဟောခင်မှာ လိုအပ်တာတွေကို



ဒီနေရာမှာ ဖတ်ပေးပါ။ ဟောတဲ့အခါ ကဒ်ပြားတွေ ဖြန့်ခင်းပုံတွေကိုပါ တစ်ပါတည်းလေ့လာနိုင်ပါတယ်။

ဒါဆိုရင် တားရော့ကို ဟောကြားဖို့ရာ အကြမ်းဖျင်းအနေနဲ့ ပြည့်စုံပါပြီ။


နောက်ထပ် တားရော့နဲ့ပတ်သတ်ပြီး လေ့လာစရာလေးတွေကို ရှင်းပြပေးပါမယ်။



မှာ လေ့လာသင့်တာလေးတွေ ရေးပေးထားပါတယ်။



ကတော့ မိတ်ဆွေတို့အတွက် လိုအပ်မယ်ထင်တာလေးတွေ စုထားတာပါ။



ကတော့ ကျွန်တော်အင်တာနက်ထဲကနေ ရှာတွေ့ထားတဲ့ ထူးဆန်းတာလေးတွေကို စုပေးထားတာပါ။

ဘေးဘက်ကဟာတွေကတော့ အထူးရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။

အထူးပြောချင်တာကတော့

(၁)မည်သည့်ဘာသာဝင်မဆို တားရော့ကိုသုံးစွဲနိုင်ပါတယ်။

(၂)တားရော့ကိုဟောသူ(မေးမြန်းသူမဟုတ်)သည်အမျိုးသမီးဖြစ်ပါက အမျိုးသမီးတို့ဖြစ်လေ့ရှိသောလစဉ်ကိစ္စများဖြစ်ပေါ်နေချိန် တားရော့မသုံးစွဲပါနှင့်။


ဒီ Post လေးမှာပဲ ထပ်ပြီးဖြည့်စရာတွေ ဖြည့်စွက်သွားပါမယ်။


6 Comments:

Unknown said...

ဒီလိုလေး စီစဉ်ပေးထားတာ အတော်ကောင်းတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

One & Only said...

အလုပ်နဲ့ ပတ်သက်ပြီး စဉ်းစားလို့မရ ဖြစ်နေချိန်မှာ ဒါလေးကိုတွေ့လိုက်ရတော့ ရေငတ်နေတုန်း ရေတွင်းထဲကျသွားသလိုပါပဲ။ ကျေးဇူးတင်ပါတယ်။

Mr.NayHlaing said...

ကျွန်တော်engလိုမဖတ်တတ်လို့ကူညီပါဦး

AungAung said...

တားရောအရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဟာသူသိချင်တဲ့အရာအားလုံးကိုပြည့်ပြည့်စုံစုံသိသွားတဲ့အခါဝမ်းသာရတဲ့ပီတိမျိုးဘ၀ဆက်တိုင်းမှာပိုင်ဆိုင်နိုင်ပါစေ။အခုလိုတားရော့ပညာကိုဆက်လက်Shareနိုင်ပါစေလိုကျွန်တော်ဆုတောင်းပါတယ်ဗျာ စီစဉ်သူအား ကျေးဇူးအထူးတင်လျက်

AungAung said...

တားရောအရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဟာသူသိချင်တဲ့အရာအားလုံးကိုပြည့်ပြည့်စုံစုံသိသွားတဲ့အခါဝမ်းသာရတဲ့ပီတိမျိုးဘ၀ဆက်တိုင်းမှာပိုင်ဆိုင်နိုင်ပါစေ။အခုလိုတားရော့ပညာကိုဆက်လက်Shareနိုင်ပါစေလိုကျွန်တော်ဆုတောင်းပါတယ်ဗျာ စီစဉ်သူအား ကျေးဇူးအထူးတင်လျက်

Unknown said...

ဘယ်လိုကြညိ့ရမယ်မှန်းမသိဘူးဖြစ်နေတယ်


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်