စာရေးချင်စိတ်ကုန်နေတာအတော်ကြာပါပြီ။ ခုတော့ မရေးလို့ မရတဲ့ အကြောင်းအရာ လေးတစ်ခု ပေါ်လာပါပြီ။ သူ့အကြောင်း ကျွန်တော် မရေးချင်ပါဘူး။ ဘာကြောင့်လဲဆိုရင် လိုင်းမတူ ကြလို့ပါ။ ဒါပေမယ့် ကျွန်တော်အလွန်အားကျခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ခုထိလည်း ဖြစ်နေ ဆဲပါပဲလေ။ နောင်လဲပဲအမြဲပေါ့။
သူ...သူဆိုတာ ဘယ်သူလဲ၊ လူငယ်ထုတွေစိတ်အားတက်ဖွယ်စာသားတွေ၊ အရှေ့တိုင်းရိုးရာ အတွေးအခေါ်တွေကို တတ်ကျမ်းတွေလို ပျင်းရိအောင် မရေးပဲ လူတိုင်းနားလည်အောင် စာချောလေးတွေ ရေးပြီး နားဝင်အောင် ရေးတတ်သူ၊ ဘ၀ကို ငယ်စဉ်ကတည်းက နည်းမျိုးစုံနဲ့ ဖြတ်သန်းလာခဲ့ရသူ နေ့စဉ် လူပေါင်း ၁၀၀ ခန့်ကို အစာအဟာရ အလှူပေးလေ့ရှိသူ၊ ထောင်ပေါင်းများစွာသော လူတွေကို ထမင်းအိုး တည်ပေးခဲ့သူ၊လာသမျှလူလက်ကမ်းကြိုပြီးထမင်းကျွေးပညာသင်ပေးသူ၊ လမ်းဘေးရောက်ပြီး ဒုက္ခတွေ့နေသူ တွေ အတွက် အလင်းရောင်ပေးစွမ်းနိုင်ခဲ့သူ ဟုတ်ပါတယ်။ သူ့ကို ကျွန်တော်ပါအ၀င် လူတွေက အဘ(သို့) အဘဆရာကြီး လို့ ခေါ်ခဲ့ကြတဲ့ ဆရာမင်းသိင်္ခပါပဲ။
သွားတဲ့နေရာက နက္ခတ်ဗေဒင်နဲ့လုံးဝ အစေးမကပ်တဲ့နေရာပါ။ ထားပါ ဒါမရေးမကြီးပါဘူး။ အဓိက အဲဒီမှာဘာတွေကိုယ့်အတွက်ကျန်အောင် ရနိုင်မလဲဆိုတာ အဓိကပါ။ သင်သလောက်ယူတတ်မှ မြတ်တာပါ။ တစ်ပတ်(၁၀)ရက်လောက်နဲ့တော့ ဘာမှ မတတ်မှာ သိသိကြီး လေ့လာဖို့သွားတာပါ။ စည်းစနစ်ကျသလို စေတနာပါတဲ့သင်တန်းကျောင်းတစ်ခုပါ။ အားလုံးခွင့်ပြု ပါတယ်။
ရောက်ရောက်ချင်း ဒီကပေးတဲ့ ပညာကိုသာ အဓိကထားပြီး ကျန်ဆရာတွေ သင်ပေးတဲ့ ပညာကို ခဏမေ့ပေးထားဖို့ သစ္စာရေသူတို့နှစ်ယောက်သောက်ခဲ့ကြရပါတယ်။ ပြီးတာနဲ့ စာစသင်ပါပြီ။ ည ၁၂း၀၀ နာရီကျော်တော့ တန်းဖြုတ်ပြီး အိပ်ခွင့်ပြုပါတယ်။
မနက်(၄)နာရီ မတိုင်ခင်အထိ အားလုံးသောတပည့်တွေဟာ အခန်းကျယ်ကြီးထဲမှာ အတူတကွ အိပ်ကြရပါတယ်။ မနက် (၄)နာရီဆိုရင်ထပြီး မျက်နှာသစ် စာသင်ကြရပါတယ်။ ၅း၀၀ နာရီခွဲ ၆း၀၀ နာရီခန့်မှာ မနက်စာ စားစာရာတစ်ခုခုနဲ့ လက်ဘက်ရည်သောက်ကြရပါတယ်။ စာဆက် သင်ပြီး ၈း၀၀နာရီ လောက်မှာ တန်းဖြုတ်ပါတယ်။ လာသမျှတပည့်အားလုံး ဆင်းရဲချမ်းသာမရွေး ခြံသန့်ရှင်းရေးဝိုင်းကူ ကြရ ပါတယ်။ ပြီးရင် အေးအေးဆေးဆေး နားနေတော့ပဲ။
နေ့လည် ၁၂း၀၀ ကျော်လောက်ကြရင် ထမင်းစားကြရပါတယ်။ ကျွေးတာက ထူးဆန်းပါတယ်။ ကုလားတိုရှည်ဆိုင်မှာစားတဲ့ခွက် အကန့်လေးတွေပါတဲ့ ပန်းကန်နဲ့စားကြပါတယ်။ လိုက်ပွဲလိုက်ပေးမယ့် သူက အဆင်သင့်ပါ။ ကိုယ့်အိမ်မှာတောင် ထယူရပါမယ်။ ပြီးရင် စာဆက်သင် ကြရပါမယ်။ စားပြီးသား ကိုယ့်ပန်းကန်တွေ ကိုယ်ဟာကိုယ်ဆေးရပါတယ်။ ကောင်းပါတယ်။
ခဏနားပြီးတော့ စာသင်ပါတယ်။ နေ့လည် ၃း၀၀ နာရီ ၄း၀၀ လောက်မှာ နားပါတယ်။ လက်ဘက် ရည်သောက်၊ ရေမိုးချိုး၊ လုပ်စရာရှိတာလုပ်ပေါ့။ ညနေ ၅း၀၀ နာရီ ၆း၀၀ နာရီလောက်မှာ စာပြန်မသင်ခင် ညစာ ထမင်းကျွေးပါတယ်။ နေ့လည်စာလား၊ညစာလားတော့ မသိတော့ပါ။ တစ်ခုမှာတော့ အမြဲတမ်း အသားဟင်း ကျွေးပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ကြက်ငှက်တုတ်ကွေး ခေတ်စားနေလို့ကြက်ဘဲတော့ မပါပါ။ လူတိုင်း စားနိုင်အောင် အမဲသား၊ ၀က်သား မကျွေးပါ။
စာဆက်သင်ပြီး ည ၈း၀၀ နာရီ၊၉း၀၀နာရီလောက်မှာ လက်ဘက်ရည်တိုက်ပါတယ်။ ပြီးရင် ဆက် သင် ည ၁၂း၀၀နာရီဆို အိပ်ကြရပါတယ်။ ဒါဟာနေ့တဓူဝ ခြံထဲက သင်တန်းအတွေ့အကြုံကို သူတို့ ကြုံကြရတာပါ။ နေ့စဉ် အဲဒီအတိုင်းပါပဲ။ သင်ပေးတဲ့ အကြောင်းအရောတွေကတော့
(၁) အင်္ဂ၀ိဇ္ဇာ
(၂) ဆန်းကျမ်း
(၃) မဟာဘုတ်
(၄) သုံးတန့်ပေါ်နိစ်
(၅) တားရော့ ဂဏန်းဗေဒင်
(၆) ကန်တော့ပွဲထိုးနည်း
(၇) အင်း စမ
(၈) ထူးခြားတဲ့ယတြာတွေပါ။
ရက်ပြည့်တော့ သင်တန်းဆင်းတယ်။ သူတို့ရင်ဘတ်ထဲမှာ ဘာမှ မပါသွားဘူး၊ စာအုပ်ထဲမှာတော့
စာအပြည့်ပဲ၊ စကတည်းက နားထောင်ဖို့လာကြတဲ့ဥစ္စာ ဘာပါသွားမှာတုန်း၊ သင်တန်းဆင်းလက်မှတ်ယူပြီး ပြန်ပေါ့။အဲဒီပေါ်ထပ်စဉ်းစားသင်ယူမှသာ တတ်မြောက်မှာပါ။(၇)(၁၀) လောက်သင်ပြီးတော့ ဆရာဖြစ်ပီတဲ့။
သွားပြီအင်္ဂ၀ိဇ္ဇာပါရဂူကြီးဆရာတော်ခင်ကြီးဖျော်မြောင်းထဲ၊ငိုနေပြီသုံးတန့်ပေါ်နိစ်ပါရဂူကြီးဆရာစော ဟုတ်ကဲ့ဒါတွေဟာ ပညာတွေအများကြီးသင်ပေးပြီး၊ ရက်မလောက်ငတဲ့အတွက် ကြုံရတဲ့ အခက်အခဲ တွေပါ။ရက်ကြာကြာနဲ့ တသုတ်ဆို ဆိုသလောက် မောင်းသင်နိုင်ရင် ...ဒီကျောင်းကနေ ယနေ့ ဗေဒင် လောကမှာ ဒီကျောင်းထွက်တွေအတွက် နေရာအများကြီးပါ။
ဟုတ်ကဲ့ သူတို့နှစ်ယောက်ဆိုတာ ကျွန်တော် ချမ်းမြေ့ဦးနဲ့သူငယ်ချင်းမှုန်ဝါးတို့ပါပဲ၊ သူတို့ကြားချင်တဲ့ နက္ခတ်ဗေဒင်အကြောင်း တစ်လုံးမှ မကြားခဲ့ရတာတော့ စိတ်မကောင်းစရာပါ။ ဆရာကြီး ကိုယ်တိုင် သင်ပေးတဲ့ယတြာပညာလေးတွေကတော့အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။မေတ္တာစေတနာအပြည့်နဲ့ သင် ပေးကြတာဝမ်းသာပါတယ်။ရံဖန်ရံခါဆရာကြီးပြောပြတဲ့ပုံပြင်လေးတွေ နားထဲက အခုအထိ မထွက်သေးပါ။
အဘရေဘယ်လောက်တော်တော် ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လောက်အခြွေအရံ အသင်း အပင်း ကောင်းကောင်း၊ ဘယ်လို ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြုလုပ် ရှင်သေမင်းရဲ့ စုတ်ချက်တစ်ခုကြောင့် အဘချစ်တဲ့တပည့်တွေကို ပညာဆက်သင်ပေးခွင့် မရတာ၊ ယနေ့ ဗေဒင် ၀ါသနာရှင်တွေအတွက် အလွန် နစ်နာ ရပါတယ်။
အဘလိုလူနောက်နောင် ပေါ်ပေါက်နိုင်လာစရာလမ်းစ မမြင်သေးပါဘူး။အဘကြိုးစားထားတဲ့အရာ အားလုံးအပေါ်နောင်လာနောင်သားတပည့်အပေါင်း ဥမကွဲသိုက်မပျက် ထိန်းသိမ်းလိုက်နိုင်မယ်ဆိုရင် အဘ သေတာတန်ပါပြီ။သေပျော်ပါပြီ။ ပန်းပျိုးသူက ပျိုးပေးပြီးပြီ။ မျိုးစေ့က မြေသြဇာ ကောင်းကောင်းနဲ့ ကြီးထွား နိုင်ကြပါစေ။ဖူးပွင့်သွားတဲ့ပန်းကြီးတွေဖူးပွင့်လတ္တံ သောပန်းလေးတွေဝေေ၀ဆာဆာဖြစ်ကြပါစေဖို့ ဆုတောင်း ပတ္တနာပြုလိုက်ပါတယ်။
ဖတ်ပျော်မှတ်ပျော်တဲ့အတွေးခေါ်အယူအဆအသစ်တွေကို နောက်နောင် မဖတ်ရတော့မယ့်အတွက် စာဖတ်သူအပေါင်းအတွက် ကံဆိုးပါတယ်။ စေတနာ ကောင်း၊ မေတ္တာ ကောင်းစကားပြောကောင်းတဲ့ အဘ ကောင်းရာ သုဂတိကိုလားပါစေ။
အဘရေသွားနှင့်တော့။
မွေးနေ့ဓါတ်ပုံကို ဒေါက်တာလွမ်းဆွေ BLOG မှ ကူးယူဖော်ပြပါသည်။
ကျန်ပုံများကို ဘ၀စာမျက်နှာစာအုပ်မှ ပုံများဖော်ပြပါသည်။
မှတ်ချက်။ ။
၁။ ဤ post လေးနဲ့တော့ အဘအပေါ် ကျေးဇူးမဆပ်နိုင်သေးပါ။
၂။ ဤ post အပေါ် ဘယ်လိုခေါင်းစဉ်တပ်ချင်သလဲ တပ်နိုင်ပါတယ်။
၃။ ၅ ရက်နေ့ မနက် (၉)နာရီတွင် ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုလ်မည်ဟု
သတင်းရရှိပါသည်။
အထူးမှတ်ချက်။ ။
1 Comment:
i want to read more aboutတစ်ချိန်က ဇနီးဖြစ်ခဲ့ဖူးတဲ့ သစ္စာဖောက်.
Post a Comment