စာရေးဖို့လုံးဝကို အချိန်အားမရှိတော့တာနဲ့ Blog ကိုလုံးဝပြန်မလှည့်ကြည့်နိုင်တော့ပါ။ အမှန်က ဒီPostကိုရေးတာ စာတွေအများကြီးပါ။ ပျင်းတာနဲ့ ဒါလေးပဲခဏ တင်ထားလိုက်တယ်။ အားတော့မှပြန်အရှည်ရေးမယ်။ ကျွန်တော့ သမီးလေး (၁)နှစ် ပြည့်ပြီ။ မျောက်က အမေခေါ်ရလောက်အောင် ဆော့တတ်နေပြီ။ အဖေ၊အမေ၊အဖိုး၊အဖွားတွေကို ကောင်းကောင်းမှတ်မိပြီး သူကတောင်ပြန်ခေါ်တတ်နေပြီ။ သူဒီကြားထဲနေမကောင်းဖြစ်တယ်။ သူကြိုက်တဲ့ သီချင်းလေးဖွင့်ပေးတယ်။ ငြိမ်ပြီးနားထောင်တယ်။ နေမကောင်းစဉ်ကအကြောင်း နောက်တော့ Postတစ်ခုရေးမယ်။ ခုတော့ အချိန်မရတော့လို့ပါ။ ခုတော့သူ့ပုံလေးရယ် ၊ သူကြိုက်တဲ့ သီချင်းလေးရယ် တင်ပေးလိုက်တယ်။ စိတ်ဝင်စားရင် ဆက်ကြည့်ပေါ့။

ဇာတ်ကားနာမည်ကတော့ Om Shanti Om
တဲ့။
မင်းသမီးကလူသစ်တန်း သရုပ်ဆောင်လေး Deepika Padukone
ပါ။
မင်းသားကတော့ မြန်မာလူမျိုးအတော်များများ သိကြတဲ့ Shahrukh Khan
ပါ။
ဇာတ်လမ်းကောင်းတယ်။ တင်ပြပုံ ခမ်းနားတယ်။ ကျွန်တော့လို ကိုရီးယားကား နဲ့ ကုလားကားမကြည့်တဲ့လူတောင် ကလေးထိန်းရင်းကြည့်ဖြစ်သွားတယ်။ အောက်မှာ 0nline
ပေါ်ကနေ ကြည့်နိုင်အောင် လင့်လေးတွေတင်ပေးထားတယ်။ ကြည့်ချင်ရင်နိုပ်လိုက်ပါ။
Metacafe
Youtube
ခုလက်ရှိ မင်္ဂလာရုံမှာ တင်ထားတယ် ထင်တယ်။

1 Comment:
သမီးလေးက ချောလိုက်တာ..။
Post a Comment